Monday, December 12, 2016

ဘယ်အကြိမ်မှာ ထီပေါက်အား ကောင်းမှာလဲ?



ဘယ်အကြိမ်မှာ ထီပေါက်အား ကောင်းမှာလဲ?

မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာ ဖြစ်သည်။ထီအကြံပြု
အကျိုးဆောင်ပေးရာ လိုက်နာကျင့်သုံးသူများ ထီပေါက်ကိန်းရှိသည့်ကာလ
အတွင်း ကံအကျိုးပေးသော ထီဆုများပေါက်လျှက်ရှိပါသည်။
ကောဇာ ဓနဂြိုဟ်ကြာသပတေးရပ်တည်သော ရာသီတွင်ရှိသည့် ကာလကို
ထီပေါက်ကိန်း ယူထားသဖြင့် ထီပေါက်ကိန်းရှိသည့် ကာလသည်(၁)နစ်ပတ်
ဝန်းကျင်ရှိနေပါသည်။ထီဖွင့်သည့်အကြိမ်နှင့်ယူဆလျှင်(၁၂)ကြိမ်ပတ်ဝန်းကျင်
ဖြစ်ပါသည်။
အလုပ်များသည်ကတစ်ကြောင်း၊အချိန်အခက်အခဲရှိသည့်ကတမျိုး၊အကြောင်း
အမျိုးမျိုး ရှိသဖြင့် ထီပေါက်ကိန်းရှိသည့် ကာလအတွင်း ထီပေါက်အားကောင်း
သည့်အကြိမ်တွင်သာ ထီကံစမ်းသပ်လိုသဖြင့် ဘယ်အကြိမ်တွင် ထီပေါက်အား
ကောင်းမှာလဲ?အကြံပြုပေးပါရန် ဆွေးနွေးလာခြင်း ဖြစ်ပါသည်။
ဆွေးနွေးလာသည့် လက်တွေ့ထီကံစမ်းသပ်သူ အောက်ပါသူငယ်ချင်းအား
အထူးပင်ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
မူလဇာတာတွင် ရာသီ(၁၂)ပါး၊လဂ်နှင့်ဂြိုဟ်(၉)လုံး ရှိပါသည်။မြန်မာ့အောင်ဘာ
လေထီကို(၁)လ တစ်ကြိမ်ဖွင့်လျှက် ရှိပါသည်။ဘယ်အကြိမ်တွင် ထီပေါက်အား
ကောင်းပါသလဲ ဆိုသဖြင့် ကောဇာ တနင်္ဂနွေဂြိုလ်ကို လေ့လာပါသည်။
မိမိသိရှိထားသည့် ဝေဒနည်းပညာ ကောဇာ တနင်္ဂနွေဂြိုဟ် ဥပဒေသများကို
လေ့လာဖြစ်ပါသည်။
ကျပ်သိန်း ၁၅၀၀ ဆုကြီးမှ ကျပ်သိန်း ၁၀၀ ဆုကြီးထိ၊ထီဆုကြီး(၆)မျိုးရှိပါသည်။
ရာသီလဂ်(၁၂)လဂ်ဖြင့် ထီဆုကြီးပေါက်ဖူးသူများ၏ မူလဇာတာကို မိမိသိရှိ
ထားသည့် ဝေဒနည်းပညာ ကောဇာ တနင်္ဂနွေဂြိုဟ် ဥပဒေသများနှင့် ကိုက်ညီမူ
ရှိ/မရှိကို လေ့လာဖြစ်ပါသည်။
သင်ဆရာ၊မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊၁၉၉၅
ခုနှစ်မှယနေ့ထိ၊ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရလည်းကောင်း၊
ထီဆုကြီးပေါက်ဖူးသူများ၏ မူလဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့
ရှိချက်အရလည်းကောင်း ဘယ်အကြိမ်တွင် ထီပေါက်အားကောင်းမှာလဲ?
ဆိုသည်ကို ဝေဒနည်းပညာ ကောဇာတနင်္ဂနွေဂြိုဟ် ဥပဒေသများဖြင့် ပိုင်းခြား
သိရှိပြီး ဖြစ်ပါသည်။
ထီပေါက်အားကောင်းသည့်အကြိမ်ကို အကြံပြုပေးရာ ဇာတာရှင်မှ ထီပေါက်အား
ကောင်းသည့်အကြိမ်တွင် ထီပေါက်အားကောင်းသည့်နည်းစနစ်ဖြင့် ထီကံစမ်း
သပ်ရာ ဇာတာရှင် ကံအကျိုးပေးသောဆု ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ
ဝမ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်