Thursday, December 29, 2016

ငွေဆိုတာ ပေးမည့်သူ ရှိမှ ရတာပါ(၁)



ငွေဆိုတာ ပေးမည့်သူ ရှိမှ ရတာပါ(၁)

ငွေဆိုတာ ပေးမည့်သူရှိမှ ရတာပါ။ဆရာသမားများ မှ ကောဇာဂြိုဟ်ပူး၊ဂြိုဟ်မြင်များအား သင်ကြား
ပေးခဲ့ပါသည်။ထီဝါသနာပါသူများအတွက် မျှဝေလိုက်ပါသည်။
၁။ ကောဇာ စနေဂြိုဟ်သည် တူရာသီတွင် ရှိနေပါသည်။
၁-၁ တူရာသီ ကောဇာ စနေဂြိုဟ်နှင့် တူရာသီ မူလဇာတာ ဗုဒ္ဓဟူးဂြိုဟ်တို့ ပူးနေခြင်းမှာလည်း
ထီပေါက်ဖို့ အကြောင်းအထောက်အပံ(၁)ခု ဖြစ်ပါသည်။
၁-၂ တူရာသီ ကောဇာ စနေဂြိုဟ်မှ ဓနုရာသီ မူလဇာတာ သောကြာဂြိုဟ်ကို(၃) တန့်အမြင်မြင်
နေခြင်းမှာလည်း ထီပေါက်ဖို့ အကြောင်းအထောက်အပံ(၁)ခု ဖြစ်ပါသည်။
၂။ ကောဇာ ကြာသပတေးဂြိုဟ်သည် မေထုန်ရာသီတွင် ရှိနေပါသည်။
၂-၁ မေထုန်ရာသီ ကောဇာ ကြာသပတေးဂြိုဟ်မှ တူရာသီ ဗုဒ္ဓဟူးဂြိုဟ်ကို (၅)တန့်အမြင်မြင်ခြင်း
သည်လည်း ထီပေါက်ဖို့ အကြောင်းအထောက်အပံ(၁)ခု ဖြစ်ပါသည်။
၂-၂ မေထုန်ရာသီ ကောဇာ ကြာသပတေးဂြိုဟ်မှ ဓနုရာသီ သောကြာဂြိုဟ်ကို (၇)တန့်အမြင်
မြင်ခြင်း သည်လည်း ထီပေါက်ဖို့ အကြောင်းအထောက်အပံ(၁)ခု ဖြစ်ပါသည်။
၂-၃ မေထုန်ရာသီ ကောဇာ ကြာသပတေးဂြိုဟ်မှ ကုံမ်ရာသီ ကိတ်ဂြိုဟ်ကို (၉)တန့်အမြင်
မြင်ခြင်း သည်လည်း ထီပေါက်ဖို့ အကြောင်းအထောက်အပံ(၁)ခု ဖြစ်ပါသည်။
၃။ ကောဇာ အင်္ဂါဂြိုဟ်သည် ကရကဋ် ရာသီတွင် ရှိနေပါသည်။
၃-၁ ကရကဋ်ရာသီ ကောဇာ အင်္ဂါဂြိုဟ်မှ တူရာသီ ဗုဒ္ဓဟူးဂြိုဟ်ကို(၄)တန့်အမြင် မြင်ခြင်း
သည်လည်း ထီပေါက်ဖို့ အကြောင်းအထောက်အပံ(၁)ခု ဖြစ်ပါသည်။
၃၂၁ ကရကဋ်ရာသီ ကောဇာ အင်္ဂါဂြိုဟ်မှ ကုံမ်ရာသီ ကိတ်ဂြိုဟ်ကို(၈)တန့်အမြင် မြင်ခြင်း
သည်လည်း ထီပေါက်ဖို့ အကြောင်းအထောက်အပံ(၁)ခု ဖြစ်ပါသည်။
၎။ကောဇာ ယူရေးနပ်စ်ဂြိုဟ်သည် မိန်ရာသီတွင် ရှိနေပါသည်
 မိန်ရာသီတွင်(၁.၉.၂၀၁၃)ရက်နေ့ ယူရေးနပ်စ်ဂြိုဟ်သည်(၁၇)အံသာတွင်ရှိနေပါသည်။
သိဟ်ရာသီ မူလဇာတာတွင် အင်္ဂါဂြိုဟ်(၁၂)အံသာတွင် ရှိနေပါသည်။
မိန်ရာသီ ကောဇာ ယူရေးနပ်စ်ဂြိုဟ်မှ သိဟ်ရာသီ မူလဇာတာ အင်္ဂါဂြိုဟ်ကို (၁၄၄)အံသာ
 မြင်နေခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းအထောက်အပံ (၁)ခု ဖြစ်ပါသည်။
ကောဇာ စနေဂြိုဟ်၊ကြာသပတေးဂြိုဟ်၊အင်္ဂါဂြိုဟ် နှင့် ယူနေရေးနပ်စ်ဂြိုဟ်များ မူလဇာတာအပေါ်
ပူးခြင်း၊မြင်ခြင်းများသည် ဇာတာရှင်အတွက် ထီပေါက်ဖို့ အကြောင်းအထောက်အပံများဖြစ်နေ
ကြောင်း လေ့လာတွေ့ရှိရပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်