Thursday, October 17, 2013

မိဘ၊ဆရာသမားများနှင့်သင်ဆရာ မြင်ဆရာအားလုံးကို ဦးနှိမ်မန်ချ ကန်တော့လိုက်ပါသည်။




မိဘ၊ဆရာသမားများနှင့်သင်ဆရာ မြင်ဆရာအားလုံးကို ဦးနှိမ်မန်ချ
ကန်တော့လိုက်ပါသည်။

ထီလေ့လာခြင်းနှင့် အကြံပြုပေးခြင်း
ကျွန်တော်သည် ဗေဒင်ကို ၀ါသနာပါပါ သည်၊ထီပေါက်ခြင်းကို စိတ်ဝင်စားပါသည်၊
ဗေဒင်နှင့် ထီပေါက်ခြင်းကို ဆက်စပ်ကြည့်ပြီး လေ့လာဖြစ်ပါသည်။
ဗေဒင်တွင် ထီပေါက်ခြင်းကို လေ့လာရာတွင် ငွေအမြောက်အများဝင်ကိန်းကို တွေ့ရှိရပါ
သည်။ငွေအမြောက်အများဝင်ကိန်းကို နွယ်ပြီး ထီပေါက်ကိန်းဟု ပြောခြင်းဖြစ်ကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
၁၉၉၅ ခုနှစ်တွင် လက်တွေ့ သုတေသနပြုလုပ်နိုင်ရန်အတွက် ထီစိတ်ဝင်စားသူများကို
ထီပေါက်ကိန်းတွက်ချက်ပေးကာ ထီအကြံပြုပေးခြင်းနှင့် ထီပေါက်ကိန်းရှိသူများကို
ထီလက်မှတ် အကျိုးဆောင်ပေးခြင်းကို အကြောင်းညီညွတ်သဖြင့် ပြည်မြို့တွင်
ဗေဒင်ဟောခန်းဖွင့်ကာ ဆောင်ရွက်ခဲ့ပါသည်။
ထီပေါက်ကိန်းရှိသည့်ကာလအတွင်း ထီပေါက်ကိန်းရှိသူများ ထီပေါက်ကြပါသည်။
၁၉၉၉ ခုနှစ်တွင် အကြောင်းညီညွတ်သဖြင့် တောင်ငူမြို့တွင်လည်း ဆောင်ရွက်ခဲ့ပါသည်
ထီပေါက်ကိန်း ရှိသူများ ထီပေါက်ကြပါသည်။
၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့တွင် အကြောင်းညီညွတ်သဖြင့် ဟောခန်းဖွင့်ကာ ဆောင်
ရွက်ခဲ့ပါသည်။
ပိုင်းခြားတွေ့ရှိခြင်း
မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် မင်္ဂလာစုံတွဲစနစ်တွင် ကလေးများအကြိမ်စဉ်
နှိုက်သော ရှေ့ဂဏန်း(၃)လုံး အကွက်(၂၂၀)ကို ပိုင်းခြား သိရှိခဲ့ပါသည်။
ကြာသာပတေးဂြိုလ်သည် တစ်ရာသီတွင်(၁)နှစ်နေသဖြင့် ကြာသာပတေးဂြိုလ် ၊ရာသီ
(၁၂)ခု ပြည့်အောင် (၁၂)နှစ်ကြာအောင် မှန်ကန်မူကို ဆောင့်ကြည့်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်တွင် (၁၂)နှစ်ပြည့်ပြီ၊ဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ တစ်လတစ်ခါ ထီကံစမ်းသူများ ရှေ့ဂဏန်း(၃)လုံး ရွေးချယ်ထီကံစမ်း
နှိုင်ရန် မေတ္တာဖြင့် ဝေမျှခဲ့ပါသည်။
စိုးမိုးဂဏန်းများကို လေ့လာခြင်း
စိုးမိုးဂဏန်းများကို လေ့လာရာတွင် ရာသီပိုင် စိုးမိုးဂဏန်းများတွင်
(စ၊သာ၊ရွှေ၊ကူ၊အင်း၊၀၊သူ၊စံ၊ဖြူ၊တ၊တင်း၊ပေး)(၃.၆.၄.၂.၁.၄.၆.၃.၅.၀.၇.၅)
စသည်တို့ကိုသာ တွေ့ရှိရပြီး၊(၈)နှင့်(၉)တို့ ပါဝင်ခြင်း မရှိကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
နက္ခတ်ပညာ ကိုလေ့လာခြင်း
နက္ခတ်ပညာကို လေ့လာရာတွင် နက္ခတ်(၂၇)လုံးရှိပြီး၊စိုးမိုးဂဏန်း(၉)လုံးရှိပါသည်။
ပြည့်စုံမူ ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
တစ်ရာသီတွင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးဖြင့် (ကိတ်၊သူ၊၏၊ချစ်၊ဆုံး၊ရင်၊မှာ၊နှုန်း၊လိမ့်၊)
(၉.၆.၁.၂.၃.၈.၅.၇/၀.၄) စသည်ဖြင့် အစဉ်လိုက် ရှိနေကြောင်း လေ့လာတွေ့ရှိရပါသည်
၂၀၀၀ ခုနှစ်တွင် ထီဖွင့်ချိန် စိုးမိုးသော သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင် ကလေးများ
အကြိမ်စဉ် နှိုက်သော ရှေ့ဂဏန်း(၃)လုံး အကွက်(၂၂၀) ကို ပိုင်းခြား သိရှိခဲ့ပါသည်။
၂၀၁၁ ခုနှစ်တွင် ထီဆုကြီး ပေါက်သူများ၏ ဇာတာများကို မိမိထက် ဗေဒင်ပညာကို
သုတေသနပြုလုပ် လေ့လာသူများကို ညွန်ပြပေးပါရန် တောင်းဆိုသောအခါ
ငွေအမြောက်အများဝင်ကိန်းနှင့် ထီပေါက်ကိန်းမှာ ရောနှောနေသဖြင့်  ပိုင်းခြားသိအောင်
ဆက်လက်လေ့လာ  နိုင်ရန် ညွန်ပြပေးသဖြင့် အထူးပင် ကျေးဇူးတင်အပ်ပါသည်။
ငွေအမြောက်အများဝင်ကိန်းနှင့် ထီပေါက်ကိန်းမှာ ရောနှောနေသဖြင့် ထီပေါက်ကိန်း
ကိုသာ ဆက်လက် ရေးသားအပ်ပါသည်။
ထီပေါက်ခြင်းကို စဉ်းစားရာတွင်
အက္ခရာနှင့် ဂဏန်း(၆)လုံး အစဉ်လိုက်တူလျှင် ထီပေါက်ပါသည်။
ပထမဦးဆုံးအနေဖြင့် အက္ခရာတူဖို့ လိုပါသည်။
ဒုတိယအနေဖြင့် ပထမနေရာ ဂဏန်းများ တူဖို့လိုပါသည်။
ထိုပြင် ဒုတိယနေရာ ဂဏန်းများ တူဖို့လည်း လိုအပ်ပါသည်။
ထိုနည်းတူ တတိယနေရာ ဂဏန်းများ တူဖို့လည်း လိုပါသည်။
နက္ခတ် နည်းပညာဖြင့် (၂၉၆)ကြိမ် (၁.၉.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင်
ဇ ၁၄၂၉၉၇ ဖြင့် ကျပ်သိန်း(၁၅၀၀)ဆုကြီး ပေါက်သူ ဒေါ်စန´ာအေး ပျော်ဘွယ်မြို့၏
ဇာတာကို သုတေသနပြုလုပ်လေ့လာ တွေ့ရှိချက်အရ
သူ့နေရာနှင့်သူ ဂဏန်းများကို ပိုင်းခြား“သိ” ရှိခဲ့ပါသည်။
လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ(၃)လုံး ရှိသည့်အနက်မှ လဂ်စီးနက္ခတ် စိုးမိုးဂဏန်း
(၁)လုံးသည် ဇာတာရှင်အတွက် ပထမနေရာ ဂဏန်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိ
ရပါသည်။
တနင်္ဂနွေရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ(၃)လုံး ရှိသည့်အနက်မှ တနင်္ဂနွေစီး နက္ခတ်
စိုးမိုးဂဏန်း (၁)လုံးသည် ဇာတာရှင်အတွက် ဒုတိယနေရာ ဂဏန်းဖြစ်နေကြောင်းကို
လေ့လာတွေ့ရှိ ရပါသည်။

စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ(၃)လုံး ရှိသည့်အနက်မှ စန်းစီးနက္ခတ် စိုးမိုးဂဏန်း
(၁)လုံးသည် ဇာတာရှင်အတွက် တတိယနေရာဂဏန်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိ
ရပါသည်။
ထီဖွင့်ပွဲဇာတာများကို လေ့လာခြင်း
ထီဖွင့်ပွဲ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည် အားကောင်း
သော ပထမနေရာ ဂဏန်းများ ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ထီပေါက်နိုင်သည့်အကြိမ်ကို လေ့လာခြင်း
ထီဖွင့်ပွဲဇာတာ စန်း၊လဂ်နှင့် တနင်္ဂနွေဂြိုလ် ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများနှင့်
ထီကံစမ်းသူဇာတာ၏ စန်း၊လဂ်နှင့် တနင်္ဂနွေဂြိုလ် ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
တူညီတိုက်ဆိုင်သည့် အကြိမ်တွင် ထီပေါက်လျက် ရှိနေပါကြောင်းကို လေ့လာ
တွေ့ရှိရပါသည်။
ငွေကြေးတတ်နိုင်သူများအတွက် အထူးမင်္ဂလာစုံတွဲ ထီကံစမ်းပါက အက္ခရာမှာ
တူပြီး ဖြစ်ပါသည်။
ထီဆုကြီး ပေါက်ဖူးသူများ၏ ဇာတာများကို သုတေသန ပြုလုပ်လေ့လာတွေ့ရှိချက်အရ
အက္ခရာများကို ပိုင်းခြား သိရှိခဲ့ပါသည်။
မိမိ၏ ခုနှစ်သက္ကရာဇ်အလိုက် အကျိုးပေးသော စမ-အက္ခရာ များသည်  ယခုအခါတွင်
(၃၆)လုံး ရှိသည့်အနက်မှ ဇာတာရှင်အတွက် အကျိုးပေး အက္ခရာများ ဖြစ်ပါသည်။
မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် ထီနှင့်ပတ်သက်ပြီး အက္ခရာနှင့် ဂဏန်းများ
သူနေရာနှင့်သူ ပိုင်းခြား“သိ”အောင် လမ်းညွန် သင်ပြပေးသော သင်ဆရာ မြင်ဆရာ
အားလုံးကို သတင်းကျွတ် အခါသမရတွင် ဦးနိုမ်မန်ချ ကန်တော့လိုက်ပါသည်။
ထီဆုကြီးပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာ သုတေသန လုပ်ခွင့် ရသဖြင့်
အကျိုးပေး နက္ခတ် စိုးမိုးဂဏန်းများကို သူ့နေရာနှင့်သူ ဂဏန်းများ“သိ” ရှိခဲ့ရပါသည်။
ထို့ကြောင့် ထီဆုကြီး ပေါက်ဖူးသူများနှင့် အကြောင်းညီညွတ်သဖြင့် တွေ့ဆုံဆွေးနွေးခွင့်
ရခဲ့ပါသည်။အကျိုးဆောင်ပေးသော မိုးယံ ကိုယ်စားလှယ်များနှင့် ထီဆုကြီးပေါက်
သူများကိုလည်း အထူးပင်ကျေးဇူးတင် အပ်ပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
လေ့လာတွေ့ရှိချက်
ထီဆုကြီးပေါက်ဖို့ဆိုရင်
ထီပေါက်ကိန်းရှိသည့်ကာလအတွင်း
ထီပေါက်နိုင်သည့်အကြိမ်တွင်
မိမိအကျိုးပေး နက္ခတ် စိုးမိုးဂဏန်း ရှေ့ဂဏန်း(၃)လုံးကို
သူ့နေရာနှင့်သူ ထီကံစမ်းထားဖို့ တော့လိုပါသည်။
သင်ဆရာ မြင်ဆရာ အားလုံး၏ တပည့်
ဆရာ ဘုန်းမြင့် ဝေဒသုတေသီ -A.G.T.I-(Civil)
FAX:067-432224,Ph:09-6801883,09-420727866.

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်