Thursday, December 15, 2016

ထီအကြံပြုပေးရာ လိုက်နာကျင့်သုံးသူ ထီပေါက်ပြီ



ထီအကြံပြုပေးရာ လိုက်နာကျင့်သုံးသူ ထီပေါက်ပြီ

မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။
ထီပေါက်လျှင် အနည်းဆုံး ကျပ်သိန်း(၅၀)ပေါက်ချင်တယ် ထီအကြံပြုပေးပါ။
ဆွေးနွေးလာသူအား အထူးပင်ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။
လည်းကောင်းနည်းတူ ထီဝါသနာပါသူ ဖေ့ဘုတ်မိတ်ဆွေများပါ သိရှိနိင်ပါရန် အသိပေး
ရေးသားလိုက်ပါသည်။
မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံးရှိပါသည်။
ဘယ်နေရာက ဘာတွေကိုယူထားပြီး၊ဘယ်နေရာက ဘာတွေကို ကံတိုက်ထီကံစမ်းသပ်
မှာလဲ?
မိမိစိတ်ကြိုက် နည်းစနစ်များဖြင့် ထီကံစမ်းသပ်နိင်ပါသည်။
မြန်မာ့အောင်ဘာလေထီနှင့်ပတ်သက်ပြီး၊လေ့လာခြင်း
၁။ ထီရောင်းချသည့်စောင်ရေ
၂။ ထီပေးသည့်ဆုအရေအတွက်
၃။ ထီပေးသည့်စနစ်
၎။ ထီဘယ်နစ်စောင်ကို (၁)ဆုနှုန်း ပေးထားတာလဲ?
၅။ ထီပေးသည့်ဆုအမျိုးအစားများ
စသည်တို့ကို လေ့လာပြီး၊မိမိထီပေါက်လျှင် အနည်းဆုံး ဘယ်ဆုကို ပေါက်ချင်တာလဲ
ဆိုသည့်သဘောထားကို မူတည်ပြီး ထီကံစမ်းသပ်မည့် နည်းစနစ်များအရ စဉ်းစားခြင်း
ဖြစ်ပါသည်။
(က) ထီပေးသည့်စနစ်အရ ရွေးချယ်ခြင်း
(ခ) သင်္ချာဗေဒနည်းစနစ်အရ ရွေးချယ်ခြင်း
(ဂ) ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ရွေးချယ်ခြင်း
စသည်ဖြင့် မိမိစိတ်ကြိုက် အက္ခရာ၊နှင့်နေရာအလိုက်ဂဏန်းများကို ရွေးချယ်ကံစမ်းနိင်
ပါသည်။
အက္ခရာ စဉ်းစားခြင်း
ထီအက္ခရာ(က)မှ(ကဈ)ထိ၊ထီအက္ခရာအလုံး(၄၂)လုံးရှိသည့်အနက် ထီပေါက်မည်ဆို
လျှင် ဘယ်အက္ခရာနဲ့ ထီပေါက်မှာလဲ?
မူလဇာတာတွင်သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
မိမိထီပေါက်မည့် အက္ခရာ(၁)လုံးကို ဝေဒနည်းပညာဖြင့်  ကြိုတင် သိရှိဖို့လိုပါသည်။
ထီအက္ခရာကို ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ကံစမ်းခြင်းဖြစ်ပါသည်။
ပထမနေရာဂဏန်း စဉ်းစားခြင်း
ပထမနေရာဂဏန်း(၁)မှ(၉)ထိ၊ဂဏန်း(၉)လုံး ရှိသည့်အနက် မူလဇာတာတွင်
သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း ပထမနေရာဂဏန်း(၁)လုံးကို
ဝေဒနည်းပညာဖြင့် ကြိုတင် သိရှိဖို့လိုပ်သည်။
ပထမနေရာဂဏန်းကို ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ကံစမ်းခြင်း ဖြစ်ပါသည်။
နောက်ဂဏန်း(၂)လုံးကို စဉ်းစားခြင်း
နေရာအလိုက် ဂဏန်း(၆)လုံးရှိသည့်အနက် ထီ(၁၀၀)စောင် ရာစီးထီကံစမ်းသပ်ပါက
နောက်ဂဏန်း(၂)လုံးကို ယူထားခြင်း ဖြစ်ပါသည်။
နောက်ဂဏန်း(၂)လုံးကို သင်္ချာဗေဒ နည်းစနစ်ဖြင့် ထီကံစမ်းခြင်း ဖြစ်ပါသည်။
ထီပေးသည့်စနစ်အရ ထီကံစမ်းသပ်ခြင်း
အက္ခရာနှင့် ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်တူပါက ကျပ်(၅)သောင်းဆု ထီပေါက်မည်
ဖြစ်ပါသည်။
ရာစီး(၁၀၀)စောင် ကို မိမိမိထီပေါက်မည့် အက္ခရာ၊မိမိထီပေါက်မည့် ပထမနေရာဂဏန်း
တို့ဖြင့် ထီကံစမ်းသပ်ထားရာ ကျပ်(၅)သောင်းဆုတွင်အက္ခရာနှင့်ရှေ့ဂဏန်း(၂)လုံး
အစဉ်လိုက်တူပါက ကျပ်(၅)သောင်းဆု (၁၀၀)ဆု ထီပေါက်မည်ဖြစ်ပါသည်။
အနည်းဆုံး ကျပ်သိန်း(၅၀)ဆု ထီပေါက်မည်ဖြစ်ပါသည်။
ထီပေးသည့်စနစ်အရ ရာစီး(၁၀၀)စောင် ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
အကျိုးပေးသော အကြိမ်တွင် ကံအကျိုးပေးသော ထီဆုပေါက်မည်ဖြစ်ပါသည်။
ထီအကြံပြုပေးရာ ဇာတာရှင် ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ
ဝမ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်