Friday, December 23, 2016

အကျိုးကိုတွေ့လို့ အကြောင်းရှာခြင်း(၁)



အကျိုးကိုတွေ့လို့ အကြောင်းရှာခြင်း(၁)

မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။ဝေဒနည်းပညာဖြင့်
ကြိုတင် မသိသေးပါ မိမိလေ့လာသော ဝေဒနည်းပညာ လိုနေသေးလို့ဟု သဘောထားကာဆက်လက် လေ့လာသင်ယူပါသည်။
လိုနေသေးသည်များ သင်ကြားပေးသော ဆရာသမား
အားလုံးကို အထူးပင်ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးမှ ကျပ်သိန်း(၁၀၀)ဆုကြီးထိ၊ထီဆုကြီး(၆)မျိုးပေါက်သူများ၏
မူလဇာတာများနှင့် ထီဖွင့်ပွဲဇာတာများကို လေ့လာတွေ့ရှိချက်အား ဗေဒင်ဝါသနာပါသူ
ထီစိတ်ဝင်စားသူများ မိမိကိုယ်တိုင် သိရှိလေ့လာနိင်ရန် ရေးသားလိုက်ပါသည်။

၁။ ထီကံစမ်းသပ်ထားခြင်းသည်လည်း ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။

၂။ မူလဇာတာအရ နေရာအလိုက် အကျိုးပေးဂဏန်းများကို ကံစမ်းထားခြင်းသည်လည်း
ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

၃။ မူလဇာတာအရ ထီပေါက်ကိန်းရှိနေခြင်းသည်လည်း ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
 
၎။ မူလဇာတာအရ ငွေဂြိုဟ် တနင်္လာဂြိုဟ် အားကောင်းခြင်းသည်လည်း ထီဆုကြီးဖို့
ပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

၅။ မူလဇာတာအရ ငွေအရလွယ်ကူသော ဓနယုဂ် ရနေခြင်းသည်လည်း ထီဆုကြီး
ပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၆။ မူလဇာတာအရ အကျိုးပေးသော ဒသာ ကျရောက်နေသည်မှာလည်း ထီဆုကြီး
ပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၇။ မူလဇာတာနှင့် ထီဖွင့်ပွဲဇာတာအရ ကောဇာကို သင့်မြတ်စေတတ်သော အကျိုးပေး အံသာများ၌  အားကောင်းသော မူလ ဂြိုဟ်တစ်လုံးရှိနေခြင်းသည်မှာလည်း ထီဆုကြီးပေါက်ဖို့အကြောင်းတရား(၁)ခုဖြစ်ပါသည်။
အထက်ပါအကြောင်းတရားများ တူညီတိုက်ဆိုင်သောအခါ ဇာတာရှင်များ ထီဆုကြီး
ပေါက်သူများ ဖြစ်ကြောင်း ဝေဒနည်းပညာ ဥပဒေသများအရ တွေ့ရှိရပါသည်။
မိမိကိုယ်တိုင် မိမိဇာတာကြည့်ပြီး ကြိုတင် သိရှိနိင်ရန် မျှဝေလိုက်ပါသည်။
မူလဇာတာအရ အကျိုးပေးသောအကြိမ်တွင် ကံအကျိုးပေးသောဆုများဖြစ်ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်