Saturday, December 10, 2016

ထီဆုကြီးဖို့ စဉ်းစားခြင်း



ထီဆုကြီးဖို့ စဉ်းစားခြင်း


ကျပ်သိန်း(၁၅၀၀)ဆုကြီးမှ ကျပ်သိန်း(၁၀၀)ဆုကြီးထိ၊ထီဆုကြီးပေါက်သ(၆)ဦး၏
မူလဇာတာ၊ကောဇာနှင့်ဒသာတို့ကို ဝေဒနည်းပညာ ဥပဒေသများဖြင့် လေ့လာတွေ့
ရှိချက်တို့အား လေ့လာလိုသူများအတွက် မျှဝေလိုက်ပါသည်။

(က) မူလဇာတာအား လေ့လာခြင်း
(၄-၁) ထီကံစမ်းထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၄-၂) ယခုကာလ ထီပေါက်ကိန်း ရှိနေခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
(၄-၃) မူလဇတာတွင် ငွေအလွယ်တကူ ရနိင်သည့် ဓနယုဂ် ရနေခြင်းသည်လည်း ထီဆုကြီးဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၄-၄) မူလဇာတာ ငွေဂြိုဟ် တနင်္လာဂြိုဟ်အား များခြင်းသည်လည်း ထီဆုကြီးဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

(ခ) ၀ီရိယကို(၂)ဆတိုးကာ လိုက်နာကျင့်သုံးခြင်း
(၄-၅) ဥာဉ်နှင့်မဆောင်ရွက်ပဲ ဥာဏ်ဖြင့် ဝေဒနည်းပညာနှင့် ပေါင်းစပ်ပြီး ထီကံစမ်းသပ်ထားခြင်းသည်လည်း ထီဆုကြီးဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၄-၆) မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း နေရာအလိုက် ဂဏန်းများကိုရရှိအောင် ၀ီရိယကို(၂)ဆ တိုးပြီး လက်တွေ့ထီကံစမ်းသပ်ထားခြင်း
သည်လည်း ထီဆုကြီးဖို့အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

(ဂ) ကောဇာအားလေ့လာခြင်း
(၄-၇) ထီဖွင့်ပွဲဇာတာ ကြာသပတေးဂြိုဟ်ရပ်တည်နေသည့် ရာသီသည်မူလဇာတာ
လဂ်မှ အတန့်ကောင်းတွင် ရှိနေခြင်းသည်လည်း ထီပေါက်ဖို့အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၄-၈) ထီဖွင့်ပွဲဇာတာ တနင်္ဂနွေဂြိုဟ်ရပ်တည်နေသည့် ရာသီသည် မူလဇာတာလဂ်မှ အတန့်ကောင်းတွင် ရှိနေခြင်းသည်လည်းထီပေါက်ဖို့အကြောင်းတရား(၁)ခု
ဖြစ်ပါသည်။
(၄-၉) ထီဖွင့်ပွဲဇာတာ တနင်္ဂနွေဂြိုဟ်ရပ်တည်နေသည့် ရာသီသည် မူလဇာတာလဂ်မှ အတန့်ကောင်းတွင် ရှိနေခြင်းသည်လည်းထီပေါက်ဖို့အကြောင်းတရား(၁)ခု
ဖြစ်ပါသည်။

(ဃ) ဒသာအား လေ့လာခြင်း
(၄-၁၀) မူလဇာတာ လဂ်မှ အတန့်ကောင်းသည့် ဒသာကျရောက်နေခြင်းသည်လည်း
ထီဆုကြီးဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
ထီဆုကြီးပေါက်သူများ၏ မူလဇာတာများကို လေ့လာတွေ့ရှိခက်အရ အထက်ပါ အကြောင်းတရာများ တူညီတိုင်ဆိုင်သောအခါ ထီဆုကြီးပေါက်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။

(င) သင်္ချာဗေဒနည်းစနစ် ဖြစ်သည့် ဖြစ်နိင်ချေဖြင့် စဉ်းစားလျှင်
ထီဆုမဲပေါင်း(၄၂၂၃၉)ဆုရှိပါသည်။ထီပေါက်သူ(၄၂၂၃၉)ဦးဟုယူဆပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးမှ ကျပ်သိန်း(၁၀၀)ဆုကြီးထိ၊ဆု(၆)မျိုးပေါက်သူ(၃၉)ဦး ရှိပါသည်။

(စ) မိမိဇာတာ ထီပေါက်သူ(၄၂၂၀၀)ဦးထက် ကံဇာတာသာခြင်း
ထီပေါက်သူ(၄၂၂၃၉)ဦး ရှိသည့်အနက် မိမိကံအကျိုးပေးသော ထီဆုပေါက်သူဖြစ်ပါက ထီပေါက်သူ(၄၂၂၀၀)ဦးထက် ကံဇာတာ သာသူ(၃၉)ဦး ထီဆုကြီးပေါက်နိင်ပါသည်။
ထီဆုကြီးပေါက်ဖူးသူများ၏ မူလဇာတာများကို လေ့လာတွေ့ရှိချက်အရ လေ့လာလိုသူများအတွက်မျှဝေလိုက်ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်