Saturday, December 17, 2016

အကျိုးရှိခြင်းကို၊လူကြီးမင်းကိုယ်တိုင် သိသောအခါ မှန်ကန်မူရှိမည်ဖြစ်ပါသည်။



အကျိုးရှိခြင်းကို၊လူကြီးမင်းကိုယ်တိုင် သိသောအခါ မှန်ကန်မူရှိမည်ဖြစ်ပါသည်။

ကာလာမသုတ်
၁။ ကလေးဘ၀မှစ၍ ကြားနာမှတ်သားခဲ့ရခြင်း ဖြင့်လည်း ဟုတ်တယ် ၊မှန်တယ်ဟု အစွဲမယူကြနှင့်။
၂။မိဘဘိုးဘွားစသည်တို့မှဆင်းသက်၍ (ပရံပရ=အဆက်ဆက်)မှတ်ယူ လုပ်ကိုင်ရိုး ဖြစ်၍လည်း အမြဲအစွဲ မှတ်ယူမထားကြနှင့်။
၃။အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြနှင့်။
၎။ဒီအယူအဆသာ ငါတို့သင်ထားသော ကျမ်းစာနှင့်ညီတယ် ဟု မိမိတို့ကျမ်းစာနှင့် ညီရုံမျှဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။
၅။မိမိဘာသာ ကြံစည်ထားသော အရာကိုလည်း ဟုတ်လှပြီ မှန်လှပြီ ဟု အမြဲအစွဲ ယူမထားကြနှင့်။
၆။အခြားနေရာ (အခြားနိုင်ငံ)တို့၌ သူတစ်ပါး တို့လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း ဒီနေရာ၌ သင့်တော်လှပြီ ဟု အမြဲအစွဲယူမထားကြနှင့် ။
၇။ တစုံတခုပြုဖို့ရာ အကြောင်းအထောက်အထားကို စဉ်းစားရာဝယ် အကြောင်းအထောက်အထား
ရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲယူမထားကြနှင့် ။
၈။သူပြောသော အယူအဆသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့်ညီသည် ဟု အယူဝါဒခြင်း တူမျှရုံဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။
၉။ ဒီရသေ့ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်း ပုဂ္ဂိုလ်တည်းဟု ဒီလိုပုဂ္ဂိုလ်စကားကို လေးလေးစားစားမှတ်သားထိုက်သည် ဟုလည်း စွဲစွဲမြဲမြဲ
မှတ်ယူမထားကြနှင့် ။
၁၀။ဒီရသေ့ရဟန်းကား ငါတို့ကိုးကွယ်ထားသော ဆရာဖြစ်၏ ။ ငါ့ဆရာစကားကို ငါမှတ်သင့်သည် ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့် ။
(အကျိုးရှိ-မရှိစဉ်းစား၍ အမှန်အကျိုးရှိကြောင်းကို ကိုယ်ပိုင်ဥာဏ်ဖြင့်သိပြီးမှ မှတ်ယူလိုက်နာရမည်။)
အကျိုးရှိခြင်းကို၊လူကြီးမင်းကိုယ်တိုင် သိသောအခါ မှန်ကန်မူရှိမည်ဖြစ်ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်