Saturday, February 22, 2014

ထီပေါက်နိုင်သည့် အားအကောင်းဆုံးကို ရွေးချယ်သည့် “ဝေဒ”နည်းပညာ ဥပဒေသများ



ထီပေါက်နိုင်သည့် အားအကောင်းဆုံးကို ရွေးချယ်သည့် “ဝေဒ”နည်းပညာ ဥပဒေသများ
မည်သည့်ဖြစ်ရပ်-ကောင်းသည့် ဖြစ်ရပ် ဖြစ်စေ၊ဆိုးသည့် ဖြစ်ရပ် ဖြစ်စေ၊ထင်ရှားသော ဖြစ်ရပ်များ
ဖြစ်ပေါ်ရခြင်း အားလုံးသည် မူလ ဇာတာတွင်မရှိဘဲ မည်သည့်အကြောင်းနှင့်မျှ ဖြစ်လာစရာ
အကြောင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော်-ဇာတာရှင်၏ အတိတ်ဘ၀ ကုသိုလ်ကံ၊အကုသိုလ်ကံ အကြောင်းတရား
ကြောင့်-ကောင်းကင်ရှိ ဂြိုလ်၊နက္ခတ် ဖွဲ့စည်းတည်ဆောက်မူတို့က-ဇာတာရှင်၏ မွေးဖွားချိန်တွင်
လွမ်းမိုးထားပြီးနောက်-မည်သည့် ဖြစ်ရပ်များ ဖြစ်လာနိင်စရာ ရှိသည်ကို မူလဇာတာတွင်
သတ်မှတ် ပုံဖေါ် ပေးလိုက်သောကြောင့် ဖြစ်ပါ၏။
မူလဇာတာများကို တိုက်ဆိုင်ကြည့်ခြင်း
(က) ထီပေါက်ကိန်းကို တိုက်ဆိုင်ကြည့်ခြင်း
(ခ) ကြာသာပတေးဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း
(ဂ) တနင်္လာဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း
(ဃ) တနင်္ဂနွေဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း၊
(င) ရာဟုဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း
(စ) ကိန်းအိမ်(သို့)ဒေါင့်(၄)ခုတွင် ဂြိုလ်(၄)လုံး(သို့)ဂြိုလ်(၃)လုံးထက်အပိုရှိခြင်း။
(က) ထီပေါက်ကိန်းကို တိုက်ဆိုင်ကြည့်ခြင်း
ထီပေါက်ကိန်းကိုလေ့လာရာတွင်
(၁) ပထမအနေဖြင့် အားအကောင်းဆုံးမှာ လဂ် ဖြစ်ပါသည်။
(၂) ဒုတိယအနေဖြင့် အားအကောင်းဆုံးမှာ စန်း (တနင်္လာဂြိုလ်) ဖြစ်ပါသည်။
(၃) တတိယအနေဖြင့် အားအကောင်းဆုံးမှာ ကြာသာပတေးဂြိုလ် ဖြစ်ပါသည်။
(၄) စတုတ္ထအနေဖြင့် အားအကောင်းဆုံးမှာ စနေဂြိုလ် ဖြစ်ပါသည်။
ထီပေါက်ကိန်းတွင် အထက်ပါအကြောင်းတရား(၄)ခု တိုက်ဆိုင်မူကို စီစစ်ပါသည်။
(ခ) ကြာသာပတေးဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း
(၁) ပထမအနေဖြင့် ကြာသာပတေးဂြိုလ်သည် ဥုစ် အိမ်တွင် ရှိပါက အားကောင်းပါသည်။
(၂) ဒုတိယအနေဖြင့် ကြာသာပတေးဂြိုလ်သည် ကသစ် အိမ်တွင် ရှိပါက အားကောင်းပါသည်။
(ဂ) တနင်္လာဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း
(၁) ပထမအနေဖြင့် တနင်္လာဂြိုလ်သည် ဥုစ် အိမ်တွင် ရှိပါက အားကောင်းပါသည်။
(၂) ဒုတိယအနေဖြင့် တနင်္လာဂြိုလ်သည် ကသစ် အိမ်တွင် ရှိပါက အားကောင်းပါသည်။
(ဃ) တနင်္ဂနွေဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း၊
(၁) ပထမအနေဖြင့် တနင်္ဂနွေဂြိုလ်သည် ဥုစ် အိမ်တွင် ရှိပါက အားကောင်းပါသည်။
(၂) ဒုတိယအနေဖြင့် တနင်္ဂနွေဂြိုလ်သည် ကသစ် အိမ်တွင် ရှိပါက အားကောင်းပါသည်။
(င) ရာဟုဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း
(၁) ပထမအနေဖြင့် ရာဟုဂြိုလ်သည် လဂ်မှ(၁)တန့်၊(၅)တန့်၊(၇)တန့်၊(၉)တန့်တို့တွင်
     ရှိပါက အားကောင်းပါသည်။
(၂) ဒုတိယအနေဖြင့် ရာဟုဂြိုလ်သည် လဂ်မှ(၃)တန့်၊(၆)တန့်၊(၈)တန့်၊(၁၂)တန့်တို့တွင်
     ရှိပါက အားကောင်းပါသည်။
(၂) တတိယအနေဖြင့် ရာဟုဂြိုလ်သည် လဂ်မှ(၂)တန့်၊(၄)တန့်၊(၁၀)တန့်၊(၁၁)တန့်တို့တွင်
     ရှိပါက အားကောင်းပါသည်။
(စ) ကိန်းအိမ်(သို့)ဒေါင့်(၄)ခုတွင် ဂြိုလ်(၄)လုံး(သို့)ဂြိုလ်(၃)လုံးထက်အပိုရှိခြင်း။
မူလဇာတာတွင် ကိန်းအိမ်(သို့)ထောင့်(၄)ထောင့်တွင် ဂြိုလ် အနဲ၊အများပေါ်မူတည်ပြီး
ရွေးချယ်ပါသည်။
မိသားစု ဇာတာများတွင် ထီပေါက်နိုင်သည့် ဇာတာများထဲမှ ထီပေါက်အား အနဲ၊အများကို
အထက်ပါ “ဝေဒ”နည်းပညာ ဥပဒေများဖြင့် ရွေးချယ်ပါသည်။
ကျွန်တော်သည် ဝေဒနည်းပညာကို ၀ါသနာပါသူ(၁)ဦးဖြစ်ပါသည်။
၁၉၉၅ ခုနှစ်မှစတင်ပြီး၊ထီအကြံပြုခြင်း လုပ်ငန်းကို ဗေဒင်ဟောခန်းဖွင့်ကာ ဆောင်ရွက်ခဲ့ပါသည်။
မိမိကိုယ်တိုင်သော်၎င်း၊ထီပေါက်ချင်သူများကိုသော်၎င်း ထီပေါက်အောင်အကြံပြုပေးနိုင်ရမည်
အကြံပြုမပေးနိင်သေးပါက မိမိလေ့လာသော“ဝေဒ”နည်းပညာလိုနေသေးလို့ဟု သဘောထားကာ
ဆက်လက်လေ့လာ သင်ယူပါသည်။
“ဝေဒ”နည်းပညာနှင့် “စမ-အက္ခရာ”ကို သင်ကြားပေးသော ဆရာဒေါက်တာထူးလား
Ph.D(Astrology,India) ၏ ပညာပါရမီကြောင့်သာ ထီပေါက်မည့် “အက္ခရာ”ကို ကြိုတင်“သိ”ရခြင်း ဖြစ်ပါသည်။

ထီပေါက်မည့် “စမ-အက္ခရာ”ကို ကြိုတင်“သိ”ရသဖြင့် “အက္ခရာ”တူလျှင် ထီပေါက်သည့်စနစ်ဖြစ်သော
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို မိမိနှင့် ထီပေါက်ချင်သူ ပါတနာများ ထီကံစမ်းသပ်ရာတွင်
အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ လက်တွေ့ထီပေါက်ကြပါသည်။
လက်တွေ့ ထီပေါက်သူများမှ အကျိုးစီးပွား ရှိခြင်းကို ကိုယ်တိုင်“သိ”ကြသောအခါ မှန်သည်မှန်သည်
ဟု ပြောနေသည့် နည်းစနစ်လည်း ဖြစ်ပါသည်။
အားနဲချက်များ ရှိပါက ကျွန်တော်၏ “ဝေဒ”နည်းပညာ လေ့လာသင်ယူမူ အားနဲချက်ကြောင့်သာ
ဖြစ်ပါကြောင်း ၀န်ခံရေးသား အပ်ပါသည်။
အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ်ပိုင်ရှင်များ ထီပေါက်ပြီ။
ပူးပေါင်းပါဝင် ထီကံစမ်းခြင်းဖြင့် လူကြီးမင်းလည်း ထီပေါက်နိုင်ပါသည်။
သင်ဆရာမြင်ဆရာများ၏တပည့်
ဆရာဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civil)
Ph:09-6801883,(20-2-2014)(23:23)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်