Monday, January 23, 2012

ထီကို ဘယ်လို ကံစမ်းရမလည်း မေးလာခြင်းအား ဝေဒနည်းပညာဖြင့် အကြံပြုပေးခြင်း (မသိသူကျော်သွား၊သိသူဖေါ်စား)


ထီကို ဘယ်လို ကံစမ်းရမလည်း မေးလာခြင်းအား ဝေဒနည်းပညာဖြင့် အကြံပြုပေးခြင်း  (မသိသူကျော်သွား၊သိသူဖေါ်စား)
ဝေဒနည်းပညာဖြင့် ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ် စိုးမိုးဂဏန်းများတွက်ရာတွင်
 စန်း တနလာင်္ဂြိုလ် (၁၂)ရာသီဖြင့် တွက်ချက်ပါသည်၊ထိုကြောင့် ရှေ့ဂဏန်း(၃)လုံးမှာ
 အကွက်(၂၂၀) ရှိနေပါသည်၊
၎င်း အကွက်(၂၂၀)မြန်မာ့ အောင်ဘာလေ ထီဖွင့်ပွဲတွင် ထီဆုကြီးများနှင့် မင်္ဂလာစုံတွဲ စနစ်တို့တွင် အကြိမ်စဉ် ပေါက်နေကြောင်းကို ထီပေါက်စဉ်များအား လေ့လာသဖြင့်
တွေ့ရှိရသည်။
ထီပေါက်ခြင်း
ထီပေါက်ခြင်းကို ဝေဒနည်းပညာဖြင့် လေ့လာရာတွင်
၁။ မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်း ကံစမ်းထားလျင်လည်း ထီပေါက်နိုင်ပါသည်။
၂။ ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းများကို ကံစမ်းထားလျင်လည်း ထီပေါက်နိုင်ပါသည်၊
(ထီဝါသနာပါသူများ ငွေကြေး တတ်နိုင်သူများ အနေဖြင့် ကံစမ်းသင့်သော နည်းစနစ် ဖြစ်ပါသည်။)
ထီပေါက်ခြင်းသည် ငွေဝင်ခြင်းဖြစ်သဖြင့် အကျိုးပေးနက္ခတ်စိုးမိုး ဂဏန်းများအား
တနင်္လာဂြိုလ်(စန်း)ရှိသော ရာသီဘာဝမှ စတင်ပြီး အတန့်များအား  ရေတွက်ပါသည်။
ထီပေါက်ခြင်းကို  လေ့လာရာတွင် လဘ်လာဘ ရရှိစေခြင်းကို ဖြစ်စေသည့်(၁၁)တန့်
နှင့်(၂)တန့် ဘာဝနက္ခတ်စိုးမိုး  ဂဏန်းများသည်၎င်း၊ ကံကောင်းခြင်း  သက်တောင့်
သက်သာ ရရှိစေခြင်းကို ဖြစ်စေသည့်(၉)တန့်ဘာဝ နက္ခတ်စိုးမိုး ဂဏန်းများသည်၎င်း
အမြတ်အစွန်း ရရှိစေခြင်း ထီပေါက်ခြင်းကို ဖြစ်စေသည့်(၅)တန့်ဘာဝ နက္ခတ် စိုးမိုး
ဂဏန်းများသည်၎င်း၊မထင်မှတ်ဘဲ ရုတ်တရက် အကြောင်းညီညွတ်ပြီး ငွေအမြောက်
အများဝင်ခြင်းကို ဖြစ်စေသည့်(၈)တန့်ဘာဝ နက္ခတ်စိုးမိုး ဂဏန်းများသည်၎င်း
လူတစ်ဦးတစ်ယောက်အတွက် အကျိုးပေးသော နက္ခတ်စိုးမိုးဂဏန်းများဖြစ်နေကြောင်း
ထီပေါက်ဘူးသူများ၏ ကံဇာတာများအား လေ့လာသဖြင့် တွေ့ရှိချက်များဖြစ်ပါသည်။
၎င်းတို့ အနက်မှ ထိပ်စီးဂဏန်းအား လဘ်လာဘ ရရှိစေခြင်းကို ဖြစ်စေသည့်(၁၁)တန့်
ဘာဝ နက္ခတ် (၃)လုံး ၊စိုးမိုးဂဏန်း(၃)လုံးသည် လူတစ်ဦး တစ်ယောက်အတွက် အကျိုးပေး သော နက္ခတ် စိုးမိုးဂဏန်းများ ဖြစ်နေကြောင်းကို ထီပေါက်ဘူးသူများ၏
 ဇာတာများကို သုတေသန ပြုလုပ်ခြင်းမှ တွေ့ရှိချက်များ ဖြစ်ပါသည်။
စန်း၊တနင်္လာဂြိုလ်အား ဘုတ္တိဖြတ်ရာတွင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံး ရှိသည့်အနက်
နက္ခတ်(၁)လုံး စိုးမိုးဂဏန်း(၁)လုံးသာ ရရှိပါသည်၊  ၄င်းသည် ဇာတာရှင်အတွက်
အကျိုးပေးသော နက္ခတ် စိုးမိုးဂဏန်း ထိပ်စီး ဖြစ်နေကြောင်းကို ထီပေါက်ဘူးသူများ၏
ဇာတာများကို သုတေသနပြုလုပ် လေ့လာခြင်းမှ သိရှိချက်များ ဖြစ်ပါသည်။
(၇)ရက်သားသမီး ထီကံစမ်းသူများ အနေဖြင့် မိမိ အကျိုးပေး နက္ခတ် စိုးမိုးဂဏန်းများ
ထိပ်စီးသိလျင် အကွက်(၂၂၀)ထဲမှ ရွေးချယ်ရန် အကွက် အနည်းငယ်သာ ရှိပါတော့
သည်။
ထီဖွင့်ချိန် နက္ခတ် စိုးမိုးဂဏန်း ရှေ့ဂဏန်း(၃)လုံး အကွက်များအား မိမိ၏ အကျိုးပေး
နက္ခတ်စိုးမိုးဂဏန်းထိပ်စီး  ဖြင့်  ရွေးချယ်ပါက   အောက်ပါအတိုင်း ဖြစ်ပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၁) ဖြစ်ပါက(၂၆)ကွက်ရှိပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၂) ဖြစ်ပါက (၂၂)ကွက်ရှိပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၃) ဖြစ်ပါက (၂၈)ကွက်ရှိပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၄) ဖြစ်ပါက (၂၀)ကွက်ရှိပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၅) ဖြစ်ပါက (၂၆)ကွက်ရှိပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၆) ဖြစ်ပါက (၂၆)ကွက်ရှိပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၇) ဖြစ်ပါက (၂၀)ကွက်ရှိပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၈) ဖြစ်ပါက (၂၆)ကွက်ရှိပါသည်။
မိမိ၏ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းထိပ်စီး(၉) ဖြစ်ပါက (၂၆)ကွက်ရှိပါသည်။
ထီဝါသနာပါသူများ၊ထီချစ်သူများ၊ငွေကြေးတတ်နိုင်သူများ အနေဖြင့် ကံစမ်းသင့်သော
နည်းစနစ် တစ်ခု ဖြစ်ပါသည်။
မိမိ၏ အကျိုးပေး နက္ခတ် စိုးမိုးဂဏန်း ထိပ်စီး အားသိလိုသူများ အနေဖြင့်(မွေးရက် ၊
မွေးလ ၊ခုနှစ်၊မွေးချိန်၊မွေးဖွားရာဇာတိ)တို့ လိုအပ်ပါသည်။
ထီကတော့ပေါက်နေပါပြီ၊(ဆုအသေးအကြီးကတော့ ကံတရားပါ။)
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်
ဆရာဘုန်းမြင့်(ပြည်မြို့) ဝေဒသုတေသီ-A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက်
နေပြည်တော်။ Email;sayaphonemyint.npt@gmail.com
http://www.sayaphone.webs.com/Phone;o67-432224၊09-6801883

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်