Tuesday, July 2, 2013

ထီ



ထီ
ထီကံစမ်းခြင်းကို အကြံပြုပေးသူကိုယ်တိုင် ထီပေါက်ပါသလား၊ထီပေါက်လျှင်
လည်း ဘာဆုတွေပေါက်တာလည်း၊ထီပေါက်ဖို့ကလွယ်လို့လား၊“သိ”နေလို့
ကတော့ သူကိုယ်တိုင် ထီထိုးမှာပေါ့ စသည်ဖြင့် အမျိုးမျိုး ဝေဖန်သူများက
ထီကံစမ်းခြင်းနှင့်ပတ်သက်ပြီး နက္ခတ်ပညာကို လက်တွေ့အသုံးချလိုသဖြင့်
အကြံပြုပေးပါရန် တောင်းဆိုလာသဖြင့် (၇)ရက်သားသမီးများ၏ အကျိုးစီးပွား
အလို့ဌာ မေတ္တာလက်ဆောင်ရေးသားအပ်ပါသည်။
ဝန်ခံခြင်း
ထီကံစမ်းခြင်းကို အကြံပြုသူကိုယ်တိုင် ထီပေါက်ဖို့ အတွက် ထီကံစမ်းထား
ဖို့တော့လိုပါသည်။
ထိုပြင်အောက်ပါ အကြောင်းတရား(၁၀)ချက် ညီညွတ်နေဖို့လည်းလိုအပ်
ပါသေးသည်။

ထီကံစမ်းခြင်း
မြန်မာ့အောင်ဘာလေ အထူးမင်္ဂလာစုံတွဲ(၁)တွဲ ထီကံစမ်းပါက ကျပ်သိန်း
(၁၀၀)ဆုကြီး(မင်္ဂလာစုံတွဲစနစ်)တွင် ရှေ့ဂဏန်း(၃)လုံးတူ ထီပေါက်ဖို့
မဲလိပ်(၉၀၀)ထဲမှ(၁)လိပ်နှိုက်ခြင်းနှင့် သဘောတရားခြင်း အတူတူပင်ဖြစ်
ပါသည်။
ထီကံစမ်းခြင်းကို အကြံပြုခြင်း
(၂၉၅) ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင် သိဟ်ရာသီလဂ်ဖြင့် ထီဖွင့်ပွဲ
ကိုကျင်းပမည်ဖြစ်ပါသည်။
သိဟ်ရာသီကို စိုးမိုးသော နက္ခတ် စိုးမိုးဂဏန်းများဖြစ်သည့်(၉.၆.၁)ကို ပထမနေရာ ကံစမ်းနိင်ရန်အတွက် တစ်လတစ်ခါ ထီကံစမ်းသော
(၇)ရက်သားသမီးများအား အကြံပြုလိုက်ပါသည်။
နက္ခတ် ပညာကို လက်တွေ့အသုံးချခြင်း
မြန်မာ့အောင်ဘာလေထီတွင် ထိပ်စီး(၁)မှ(၉)အထိ ထိပ်စီး(၉)ခု ရှိသည့်
အနက်မှ နက္ခတ်ပညာဖြင့် ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်ရာသီစီး နက္ခတ်
စိုးမိုးဂဏန်း ထိပ်စီး(၃)ခုကိုသာ လက်တွေ့အသုံးချ ရွေးချယ် ထီကံစမ်းရ
သဖြင့် ငွေကြေးကုန်ကျမှု(၆၆.၆)% သက်သာခြင်းနှင့် ထီပေါက်ဖို့ ဖြစ်နိင်
ချေ ပိုမိုများခြင်းကို လူကြီးမင်း ကိုယ်တိုင်“သိ”သောအခါ မှန်ကန်မှု
ရှိမည်ဖြစ်ပါသည်။
 (၁) ယခုကာလ ငွေအမြောက်အများဝင်ကိန်း ရှိ/မရှိ။
ထီကံစမ်းသူ ယခုကာလငွေအမြောက်အများဝင်ကိန်း ရှိခြင်းသည် ထီပေါက်ဖို့အတွက် အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
မှတ်ချက်။  ။၁၉၉၅ ခုနှစ်မှယနေ့ထိ ထီပေါက်ဖူးသူများနှင့်တွေ့ဆုံဆွေး
နွေးရာတွင် လည်းကောင်းတို့အားလုံးသည် ငွေအမြောက်အများဝင်ကိန်း
ရှိသည့်ကာလအတွင်း ထီပေါက်သူများသာ ဖြစ်နေကြောင်းကို လေ့လာ
တွေ့ရှိရပါသည်။
(၂) ယခုကာလ ထီပေါက်ကိန်း ရှိ/မရှိ။
ထီကံစမ်းသူ ယခုကာလ  ထီပေါက်ကိန်း ရှိခြင်းသည် ထီပေါက်ဖို့အတွက်
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
မှတ်ချက်။  ။၁၉၉၅ ခုနှစ်မှယနေ့ထိ ထီပေါက်ဖူးသူများနှင့်တွေ့ဆုံဆွေး
နွေးရာတွင် လည်းကောင်းတို့အားလုံးသည် ထီပေါက်ကိန်းရှိသည့်ကာလ
အတွင်းထီပေါက်သူများသာ ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(၃) ထီပေါက်နိုင်သည့် အကြိမ်နှင့် တိုက်ဆိုင်မှုရှိ/မရှိ။
ထီကံစမ်းသူ ဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေရာသီတို့တွင် စိုးမိုးသော နက္ခတ်
စိုးမိုးဂဏန်းများနှင့် ထီဖွင့်ပွဲ ဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေရာသီတို့တွင် စိုမိုး
သော နက္ခတ်စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်မှု ရှိခြင်းသည်လည်း
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၄) ဒသာ ကိုလေ့လာခြင်း
ထီကံစမ်းသူ၏ ထူလ ဒသာ၊အန္တရဒသာ၊ပြန္တတရဒသာ ကို လေ့လာခြင်းသည်လည်း အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၅) ကောဇာ ထီဖွင့်သည့် အကြိမ် ဇာတာကို လေ့လာခြင်း
ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းများကို လေ့လာခြင်းသည်
လည်း အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၆) အရင်းအနှီး အနည်းငယ်နှင့် အမြတ်များများရခြင်းကို ဖြစ်စေသည့်
     ဂုဏ်သတ္တိ၏ အကျိုးပေးကို  “သိ”စေသည့် (၈)တန့်-
     (က) ၈-တန့်ဘာဝ၊
     (ခ) ၈-တန့်ဘာဝ၏ မှုလတြိဂေါဏအိမ်ရှင်၊
     (ဂ) ၈-တန့်ဘာဝတွင် ရပ်တည်နေသောဂြိုလ် တို့ကိုလေ့လာခြင်း။
လဂ်မှ(၈)တန့် ရာသီလေ့လာခြင်းသည်လည်း အကြောင်းတရား(၁)ခုဖြစ်
ပါသည်။
(၇) အတိတ်ကံ၊ မိမိပြုလုပ်ခဲ့ဘူးသောဒါနကုသိုလ်ကံ အရှိန်အဟုန်
     ဂုဏ်သတ္တိ၏ အကျိုးပေးကို “သိ”စေသည့် (၉)တန့်-
    (က) ၉-တန့်ဘာဝ၊
    (ခ) ၉-တန့်ဘာဝ၏ မှုလတြိဂေါဏအိမ်ရှင်၊
    (ဂ) ၉-တန့်ဘာဝတွင် ရပ်တည်နေသောဂြိုလ် တို့ကိုလေ့လာခြင်း။
လဂ်မှ(၉)တန့် ရာသီလေ့လာခြင်းသည်လည်း အကြောင်းတရား(၁)ခုဖြစ်
ပါသည်။

(၈) လောင်းကစားတွင် အနိုင်ရခြင်း၊ထီပေါက်ခြင်းကို ဖြစ်စေသည့်
     ဂုဏ်သတ္တိ၏ အကျိုးပေး ကို “သိ”စေသည့် (၅)တန့်-
    (က) ၅-တန့်ဘာဝ၊
    (ခ) ၅-တန့်ဘာဝ၏ မှုလတြိဂေါဏအိမ်ရှင်၊
    (ဂ) ၅-တန့်ဘာဝတွင် ရပ်တည်နေသောဂြိုလ် တို့ကိုလေ့လာခြင်း။
လဂ်မှ(၅)တန့် ရာသီလေ့လာခြင်းသည်လည်း အကြောင်းတရား(၁)ခုဖြစ်
ပါသည်။
(၉) မထင်မှတ်ဘဲ ရုတ်ဝထ္ထုများကို ရရှိစေသော ရာဟုဂြိုလ်
     မှုလဇာတာတွင် တည်နေသော
    (က) ရာသီ၊
    (ခ) ဘာဝအိမ်၊
    (ဂ) ယှဉ်နေသော နက္ခတ်၊
    (ဃ) စီးနေသော န၀င်း
ထီကံစမ်းသူ မှုလဇာတာတွင် ရာဟုဂြိုလ် လေ့လာခြင်းသည်လည်း
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၁၀) ထီဖွင့်ပွဲဇာတာ
       ထီပေါက်သူမှုလဇာတာ လဂ်မှ ထီဖွင့်ပွဲဇာတာ တနင်္လာဂြိုလ်
      (၃)တန့်၊(၆)တန့်၊(၈)တန့်၊(၁၂)တန့်တို့တွင် ရှိ/မရှိ
      စသည်တို့ကို လေ့လာပါသည်။
ထီကံစမ်းသူ မူလဇာတာလဂ်မှ ထီဖွင့်ပွဲဇာတာ တနင်္လာဂြိုလ် လေ့လာခြင်း
သည်လည်း အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
ထီကံစမ်းခြင်း
မြန်မာ့အောင်ဘာလေ အထူးမင်္ဂလာစုံတွဲ(၁)တွဲ ထီကံစမ်းပါက ကျပ်သိန်း
(၁၀၀)ဆုကြီး(မင်္ဂလာစုံတွဲစနစ်)တွင် ရှေ့ဂဏန်း(၃)လုံးတူ ထီပေါက်ဖို့
မဲလိပ်(၉၀၀)ထဲမှ(၁)လိပ်နှိုက်ခြင်းနှင့် သဘောတရားခြင်း အတူတူပင်ဖြစ်
ပါသည်။
ထီကံစမ်းခြင်းကို အကြံပြုခြင်း
(၂၉၅) ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင် သိဟ်ရာသီလဂ်ဖြင့် ထီဖွင့်ပွဲ
ကိုကျင်းပမည်ဖြစ်ပါသည်။
သိဟ်ရာသီကို စိုးမိုးသော နက္ခတ် စိုးမိုးဂဏန်းများဖြစ်သည့်(၉.၆.၁)ကို ပထမနေရာ ကံစမ်းနိင်ရန်အတွက် တစ်လတစ်ခါ ထီကံစမ်းသော
(၇)ရက်သားသမီးများအား အကြံပြုလိုက်ပါသည်။
နက္ခတ် ပညာကို လက်တွေ့အသုံးချခြင်း
မြန်မာ့အောင်ဘာလေထီတွင် ထိပ်စီး(၁)မှ(၉)အထိ ထိပ်စီး(၉)ခု ရှိသည့်
အနက်မှ နက္ခတ်ပညာဖြင့် ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်ရာသီစီး နက္ခတ်
စိုးမိုးဂဏန်း ထိပ်စီး(၃)ခုကိုသာ လက်တွေ့အသုံးချ ရွေးချယ် ထီကံစမ်းရ
သဖြင့် ငွေကြေးကုန်ကျမှု(၆၆.၆)% သက်သာခြင်းနှင့် ထီပေါက်ဖို့ ဖြစ်နိင်
ချေ ပိုမိုများခြင်းကို လူကြီးမင်း ကိုယ်တိုင်“သိ”သောအခါ မှန်ကန်မှု
ရှိမည်ဖြစ်ပါသည်။
အကြောင်းညီညွတ်ပါစေ
ဆရာဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက်
နေပြည်တော်။ Email;sayaphonemyint.npt@gmail.com
http://www.sayaphone.webs.com/Phone;o67-432224၊09-6801883

Monday, July 1, 2013

ဗေဒင် စိတ်ဝင်စား သူများအတွက် မိတ်ဆက်



ဗေဒင် စိတ်ဝင်စား သူများအတွက် မိတ်ဆက်
ကျွန်တော်သည် ဝေဒနည်းပညာအား ၀ါသနာပါသဖြင့် ယခုအခါတွင် နေပြည်တော်တွင် ဗေဒင် ဟောခန်းဖွင့်ထားပါသည်။
ဇာတာဖွဲ့ရန်အတွက် မွေးရက် ၊မွေးလ ခုနှစ် မွေးချိန် မွေးဖွားရာဇာတိတို့
လိုအပ်ပါသည်။
(မွေးချိန် မသိသူများ ဇာတာဖွဲ့မရပါ)
ဝန်ဆောင်ခ ၁၀၀၀၀ိ/-ဖြစ်ပါသည်၊
ငွေလွဲရောက်ပြီး(၇)ရက်အတွင်း ပြန်ကြားပေးပါသည်။
(လူကြီးမင်း Email: ထဲသို့ ပို့ပေးပါသည်။)
နေပြည်တော် ကမ္ဘောဇဘဏ် Account no.034 111 000 2956 (ဦးဘုန်းမြင့်ချို
ဖုန်း-၀၉-၆၈၀၁၈၈၃) သို့ငွေသွင်း ငွေလွဲ နိင်ပါသည်။
(Account ထဲသို့ ငွေလွဲ ရောက်လျင် ကမ္ဘောဇ ဘဏ်မှ အကြောင်းကြားသဖြင့်
၎င်းဘဏ်ဖြင့် ဆက်သွယ် ထားခြင်းဖြစ်ပါသည်။)
လူကြီးမင်းမြို့တွင် ၄င်းဘဏ် မရှိပါက နေပြည်တော်ရှိ ဘဏ်အားလုံးတွင်
Account ဖွင့်ထားပါသည်၊ လူကြီးမင်း မြို့တွင် ရှိသော ဘဏ်အား ပြောပါ
နေပြည်တော်တွင်ဖွင့်ထားသော Account အား ပြောပါမည်။
ရရှိနိုင်သည့် ဟောစာတမ်းများ
၁။ တြိစက္ကဇာတာ
၂။ ယခုကာလ ငွေအမြောက်အများဝင်ကိန်း
၃။ တနင်္လာဂြိုလ် စန်း အဟောများ (တစ်သက်တာ ဟောစာတမ်း)
(က) စိတ်နေသဘောထား
(ခ) အလုပ်အကိုင်
(ဂ) လိုအင်ဆန္ဒ
(ဃ) မိသားစုအရေး
(င) အိမ်ထောင်ရေး
(စ) ပေါင်းသင်းဆက်ဆံရေး
(ဆ) ကျန်းမာရေး
(စ်) အေထြေထြ
စသည်တို့အား ရရှိမည် ဖြစ်ပါသည်။
ဟောခန်းဖွင့်ချိန်
နေ့စဉ်- နံနက်(၀၆း၀၀)နာရီမှ (၀၈း၀၀)နာရီ ထိ
ညနေ (၁၈း၀၀)နာရီမှ (၂၀း၀၀)နာရီ ထိ
စနေနေ့နှင့် တနင်္ဂနွေ နေ့တို့တွင်
နံနက်(၀၆း၀၀) နာရီ မှ(၂၀း၀၀) နာရီ ထိ
အခြား သိလိုသည်များ ရှိပါကလည်း  ဆွေးနွေးနိုင်ပါသည်။



ဝန်ဆောင်ခ ၁၀၀၀၀ိ/-ဖြစ်ပါသည်၊
ငွေလွဲရောက်ပြီး(၇)ရက်အတွင်း ပြန်ကြားပေးပါသည်။

အကြောင်းညီညွတ်ပါစေ
ဆရာဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက်
နေပြည်တော်။ Email;sayaphonemyint.npt@gmail.com
http://www.sayaphone.webs.com/Phone;o67-432224၊09-6801883

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်