Sunday, December 11, 2016

ထီအကြံပြုပေးသူကိုယ်တိုင်လိုက်နာကျင့်သုံးရာထီပေါက်ပြီ



ထီအကြံပြုပေးသူကိုယ်တိုင်လိုက်နာကျင့်သုံးရာထီပေါက်ပြီ

သုတ(လေ့လာခြင်း-၆)
မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့် နေရာအလိုက်ဂဏန်း(၆)လုံးရှိပါသည်။

အခြေခံအချက်အလက်များအရ ဝေဒနည်းပညာဖြင့် မူလဇာတာကို ရရှိပါသည်။
မူလဇာတာနှင့်နေရာအလိုက်ဂဏန်းများဆက်စပ်မူအားလေ့လာခြင်း
ထီပေါက်ခြင်းသည်ကံကောင်းသောကြောင့်ဖြစ်ပါသည်။
 
တနင်္ဂနွေဂြိုဟ်အစကိတ်ဂြိုဟ်အဆုံးဂြိုဟ်(၉)လုံးရှိသည့်အနက်
ကံကိုဂြိုဟ်ဖြင့်ယူဆလျှင်ဘယ်ဂြိုဟ်လဲ?

အဿဝတီနက္ခတ်အစ ရေ၀တီနက္ခတ်အဆုံး နက္ခတ်(၂၇)လုံး ရှိသည့်အနက်
ဂြိုဟ်ကိုစိုးမိုးသောနက္ခတ်ဘယ်နက္ခတ်လဲ?
 
ဂဏန်းသင်္ချာ(၀)မှ(၉)အထိ၊ဂဏန်း(၁၀)လုံးရှိသည့်အနက်
နက္ခတ်ကိုစိုးမိုးသောဂဏန်းဘယ်ဂဏန်းလဲ?
 
မြန်မာထီတွင် ပထမနေရာမှ ဆဌမနေရာထိနေရာအလိုက်ဂဏန်း(၆)နေရာ ရှိသည့်အနက်ဂဏန်းကိုစိုးမိုးသည့်နေရာဘယ်နေရာကဂဏန်းလဲ?
 
ထီပေါက်ဖူးသူများ၏ မူလဇာတာနှင့် နေရာအလိုက်ဂဏန်းများဆက်စပ်မူကို
လေ့လာတွေ့ရှိချက်ကြောင့် ဒုတိယနေရာဂဏန်း ဖြစ်နေကြောင်း လေ့လာ
တွေ့ရှိရပါသည်။
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် ဒုတိယနေရာဂဏန်း(၂)ကို ကြိုတင်သိရှိနိင်ရန် ဝေဒနည်းပညာ
ဥပဒေသ(၁၅)အရထီကံစမ်းသပ်ဖို့သိရှိခဲ့ပါသည်။
၁။ (၃၁၉)ကြိမ်တွင် ဈ ၈၂၉၂၂၂ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
၂။ (၃၂၀)ကြိမ်တွင် ဠ ၁၂၂၃၁၃ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
၃။ (၃၂၁)ကြိမ်တွင် ကက ၅၂၅၁၆၅ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
၎။ (၃၂၁)ကြိမ်တွင် ၀ ၇၂၄၈၆၀ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
၅။ (၃၂၄)ကြိမ်တွင် ပ ၇၂၁၆၂၈ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
၆။ (၃၂၅)ကြိမ်တွင် ဏ ၅၂၉၁၇၈ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
၇။ (၃၃၁)ကြိမ်တွင် ဇ ၉၂၆၃၃၂ ဖြင့် ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
ထီအကြံပြုပေးသူကိုယ်တိုင် ထီပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကိုသက်သေပြလျှက်ရှိပါသည်။
ထီအကြံပြုပေးရာ လိုက်နာကျင့်သုံးသူ အားလုံး ထီပေါက်ကိန်းရှိသည့်ကာလအတွင်း
အားလုံးထီပေါက်လျှက်ရှိပါသည်။
၂၀၁၆ ခုနှစ် နိဝင်ဘာလ ၇ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်