Saturday, December 30, 2017

မူလဇာတာနောက်ကွယ် သင်ယူလေ့လာခြင်း



မူလဇာတာနောက်ကွယ် သင်ယူလေ့လာခြင်း

အခြေခံအချက်အလက်များအရ မူလဇာတာရရှိပါသည်။ မူလဇာတာတွင် ရာသီ(၁၂)ပါး ဘာဝ(၁၂)ခု လဂ်နှင့်ဂြိုဟ်(၉)လုံးပါရှိပါသည်။နောက်ကွယ်တွင် နက္ခတ်(၂၇)လုံး ရှိနေပါသည်။ လေ့လာသူများနှင့် သင်ထားသူများ သိပါသည်။ နက္ခတ်(၂၇)လုံး ကိုစိုးမိုးသော ထီအက္ခရာများ နက္ခတ်(၂၇)လုံး
နောက်ကွယ်တွင် ရှိနေပြန်ပါသည်။သင်ကြားပေးသော ဆရာဒေါက်တာထူးလား Ph.D(Astrologer India)၏ ပညာပါရမီကြောင့်သာ သိရခြင်းဖြစ်ပါသည်။
စာအုပ်တွေထဲလည်း ရေးသူမရှိသဖြင့် မသိရပါ။သိသူမရှိသဖြင့်မရေးခြင်းလည်း ဖြစ်နိင်ပါသည်။
နက္ခတ်(၂၇)လုံး နောက်ကွယ်တွင် နက္ခတ်စိုးမိုးဂဏန်းများရှိပါသည် လေ့လာလျှင်သော်လည်းကောင်း သင်ယူလျှင်သော်လည်းကောင်းသိနိင်ပါသည်။
နက္ခတ်ဘုတ္တိ စိုးမိုးဂဏန်း ဂြိုဟ်အံသာအရ စိုးမိုးဂဏန်းများကို လေ့လာလျှင်သော်လည်းကောင်း သင်ယူလျှင်သော်လည်းကောင်း သိနိင်ပါသည်။
ဘယ်နေရာဂဏန်းလဲ?
နက္ခတ်စိုးမိုးဂဏန်းသိသော်လည်း နေရာသိဖို့ စာအုပ်ထဲတွင်မပါပါ။ ထီပေါက်ဖူးသူများ၏
မူလဇာတာများကို သုတေသနပြုလုပ်လေ့လာခြင်း သိခြင်း ကိုယ်တိုင်ထီကံစမ်းသပ်ခြင်း ကိုယ်တိုင်ထီပေါက်ခြင်းစသည်ဖြင့် သိရှိရခြင်းဖြစ်ပါသည်။
1995
ခုနှစ်မှစတင်ပြီး ယနေ့ထိ ထီဆွေးနွေးအကြံပြုပေးလျှက်ရှိရာမူလဇာတာတွင်သတ်မှတ်ပုံဖေါ်ပေး
လိုက်သည့်အတိုင်းမူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ထီအက္ခရာ၊ ထီပေါက်မည့် ပထမနေရာ
ဂဏန်းထီပေါက်မည့် ဒုတိယနေရာဂဏန်းတို့ကိုဝေဒနည်းပညာ ဥပဒေသများအရဆရာသမားမိဘ
ဂုဏ်ကျေးဇူးကြောင့် ပိုင်းခြားသိရှိပြီးဖြစ်ပါသည်။
မိမိကံစမ်းထားသောထီအက္ခရာနေရာအလိုက်ဂဏန်းများနှင့် ထီပေါက်စဉ်တွင်ထွက်သော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများ အစဉ်လိုက်တူလျှင် ထီပေါက်ပါသည်။
ထီပေါက်လျှင်တစ်စောင်ထဲ
မူလဇာတာအရ ကြိုတင်သိဖို့နဲ့ ကံစမ်းထားဖို့သာ လိုပါသည်။
ကံသာလျှင် ထီပေါက်မည်။

မူလဇာတာအရ ထီပေါက်မည့် ထီအက္ခရာနှင့်နေရာအလိုက်ဂဏန်း များကို ကြိုတင်သိရှိရသဖြင့် ငွေကြေးကုန်ကျမူ သက်သာခြင်းသည်လည်း အကျိုးရှိခြင်း အကြောင်းတရားတစ်ခုဖြစ်ပါသည်။

ကံသာလျှင် ထီပေါက်ခြင်းသည်လည်း အကျိုးရှိခြင်း အကြောင်းတရားတစ်ခုဖြစ်ပါသည်။
ကံထူးသည့်အကြိမ် ထီဆုကြီးပေါက်ခြင်းသည်လည်း အကျိုးရှိခြင်း အကြောင်းတရား တစ်ခုဖြစ်ပါသည်။
31.12.2017

Friday, December 29, 2017

ထီပေါက်ခြင်း(၁)



ထီပေါက်ခြင်း(၁)


မိမိကံစမ်းထားသော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများနှင့်ထီပေါက်စဉ်တွင်ထွက်သော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများအစဉ်လိုက်တူလျှင် ထီပေါက်ပါသည်။
အောက်ပါ link တွင် လေ့လာနိင်ပါသည်။
သက်သာဖို့စဉ်းစားခြင်း


ထီပေါက်သည့် ထီအက္ခရာ(၁)လုံး၊

ထီပေါက်သည့် ပထမနေရာဂဏန်း(၁)လုံး၊

ထီပေါက်သည့် ဒုတိယနေရာဂဏန်း(၁)လုံး
တို့ကိုသိရှိပါက ထီ(၁)စောင်ထဲကံစမ်းခြင်းဖြင့် ကံသာသည့်အကြိမ်တွင် ထီပေါက်နိင်ပါသည်။
သိခြင်းနှင့်ယုံကြည်လက်ခံမှုအင်အား ပြည့်စုံပါက ထီပေါက်လျှင်တစ်စောင်ထဲ
မူလဇာတာအရ ကြိုတင်သိဖို့နဲ့ ကံစမ်းထားဖို့သာလိုပါသည်။
ကံသာလျှင် ထီပေါက်မည်။
မူလဇာတာအရ ကံသာသည့်အကြိမ် ထီပေါက်ပါစေ။
၂၉.၁၂.၂၀၁၇

ထီပေါက်ခြင်း



ထီပေါက်ခြင်း

မိမိကံစမ်းထားသော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများနှင့်ထီပေါက်စဉ်တွင်ထွက်သော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများအစဉ်လိုက်တူလျှင် ထီပေါက်ပါသည်။
သိခြင်း
အခြေခံအချက်အလက်များအရ မူလဇာတာ ရရှိပါသည်။မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေး
လိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ထီအက္ခရာ(၄)လုံး၊ပထမနေရာဂဏန်း
(၄)လုံးနှင့်ဒုတိယနေရာဂဏန်း(၄)လုံးတို့ကို ဝေဒနည်းပညာဥပဒေသများအရ ပိုင်းခြားသိရှိပြီး
 ဖြစ်ပါသည်။
ကိုယ်တိုင်ထီပေါက်ခြင်းဖြင့် သိနိင်ခြင်း
၁။ထီပေါက်မည့် ထီအက္ခရာ(၄)လုံး ကြိုတင်သိရှိပါက ထီအက္ခရာတူရုံဖြင့် ထီပေါက်သည့်
နည်းစနစ်ဖြစ်သော ထီရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို ကံစမ်းခြင်းဖြင့် မိမိထီပေါက်သည့် ထီအက္ခရာ(၁)လုံးကို ကိုယ်တိုင်သိနိင်ပါသည်။
မူလဇာတာနှင့်ထီအက္ခရာဆက်စပ်မူအရ မိမိကိုယ်မိမိယုံကြည်လက်ခံမှု အင်အားနှင့်ပြည့်စုံသည်
အထိထီပေါက်ဖို့လိုပါသည်။
၂။ ထီပေါက်မည့် ပထမနေရာဂဏန်း(၄)လုံးကို ကြိုတင်သိရှိပါက ပထမနေရာဂဏန်းတူရုံဖြင့်
ထီပေါက်သည့်နည်းစနစ်ဖြစ်သော ထီအထူး အင်တာနက်(၁၀)တွဲကို မိမိထီပေါက်မည့် ပထမနေရာ
ဂဏန်း(၄)လုံးဖြင့် ထီကံစမ်းသပ်ပါက ထီပေါက်ခြင်းဖြင့် ပထမနေရာဂဏန်း(၁)လုံးကို ကိုယ်တိုင်
သိနိင်ပါသည်။
မူလဇာတာနှင့်ပထမနေရာဂဏန်းများ ဆက်စပ်မူအရ မိမိကိုယ်မိမိယုံကြည်လက်ခံမှု အင်အားနှင့်
ပြည့်စုံသည်အထိထီပေါက်ဖို့လိုပါသည်။
၃။ ထီပေါက်မည့် ဒုတိယနေရာဂဏန်း(၄)လုံးကို ကြိုတင်သိရှိပါက ဒုတိယနေရာဂဏန်းတူရုံဖြင့်
ထီပေါက်သည့်နည်းစနစ်ဖြစ်သော ထီအထူး ထိပ်စီးစုံ(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာ
ဂဏန်း(၄)လုံးဖြင့် ထီကံစမ်းသပ်ပါက ထီပေါက်ခြင်းဖြင့် ဒုတိယနေရာဂဏန်း(၁)လုံးကို ကိုယ်တိုင်
သိနိင်ပါသည်။
မူလဇာတာနှင့်ပထမနေရာဂဏန်းများ ဆက်စပ်မူအရ မိမိကိုယ်မိမိယုံကြည်လက်ခံမှု အင်အားနှင့်
ပြည့်စုံသည်အထိထီပေါက်ဖို့လိုပါသည်။
မိမိကိုယ်မိမိ ယုံကြည်လက်ခံမှုအင်အားနှင့်ပြည့်စုံသည့်အခါ ထီပေါက်သည့်ထီအက္ခရာ(၁)လုံး၊
ထီပေါက်သည့် ပထမနေရာဂဏန်း(၁)လုံးနှင့် ထီပေါက်သည့် ဒုတိယနေရာဂဏန်း(၁)လုံးတို့ကို
ကိုယ်တိုင်ထီပေါက်ခြင်းဖြင့် ကိုယ်တိုင်သိရှိကြမည်ဖြစ်ပါသည်။
မူလဇာတာအရ ထီပေါက်သည့် ထီအက္ခရာ(၁)လုံး၊ထီပေါက်သည့် ပထမနေရာဂဏန်း(၁)လုံးနှင့်
ထီပေါက်သည့် ဒုတိယနေရာဂဏန်းတို့ဖြင့် ထီ(၁)စောင် ကံစမ်းသပ်ရာ ကံသာသည့်အကြိမ်တွင်
ထီပေါက်ကြမည် ဖြစ်ပါသည်။
မူလဇာတာအရ ကံအကျိုးပေးသော ထီဆုများပေါက်ပါစေ။
၂၉.၁၂.၂၀၁၇

Wednesday, December 13, 2017

ဇာတာရှင်၏ ထီပေါက်ချိန် သုတေသန



ဇာတာရှင်၏ ထီပေါက်ချိန် သုတေသန

အကြောင်းညီညွတ်သဖြင့် ဆရာသမားထံ သင်ယူဖြစ်ပါသည်။မူလဇာတာအရ
ထီပေါက်မည့်အက္ခရာသိပြီးဖြစ်ကြောင်းနှင့်မူလဇာတာအရ နေရာအလိုက်
ဂဏန်းများကို ပိုင်းခြားသိရှိပြီးဖြစ်ကြောင်းဆွေးနွေးဖြစ်ပါသည်။
မိဘဆရာသမားများ ကျေးဇူးရှိခဲ့ဖူးသူများနှင့်အတူ အကျိုးတူ သုတေသနထီ(၁)
စောင်စီကံစမ်းလျှက် ရှိကြောင်း နှင့်(၆)ကြိမ်မြောက်တွင်(၃)ဦးနှင့်(၇)ကြိမ်မြောက်တွင်
(၂)ဦး ထီပေါက်ကြောင်းဆွေးနွေးဖြစ်ပါသည်။
မူလဇာတာအရ ထီပေါက်မည့် အကျိုးပေး ထီအက္ခရာ(၄)လုံးထဲမှ(၁)လုံးနှင့်
မူလဇာတာအရထီပေါက်မည့် အကျိုးပေး ဒုတိယနေရာဂဏန်း(၄)လုံးထဲမှ(၁)လုံး
တို့ဖြင့် ရှေ့ပူးသုတေသနထီ(၁)စောင်စီ ကံစမ်းလျှက်ရှိကြောင်းဆွေးနွေးဖြစ်ပါသည်။
ဆရာသမားမှ လိုအပ်နေသော အကြောင်းအရာ (ဇာတာရှင်၏ ထီပေါက်ချိန်
သုတေသန)ပြုလုပ်ရန် လမ်းညွန်သင်ကြားပေးသောဆရာသမားကိုအထူးကျေးဇူး
တင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
၁။ မူလဇာတာ
၂။ ထီဖွင့်ပွဲဇာတာ(ကောဇာ) ထီပေါက်ချိန်
၃။ မူလဇာတာနှင့် ထီအက္ခရာဆက်စပ်မူ
၎။ မူလဇာတာနှင့် နေရာအလိုက်ဂဏန်းများဆက်စပ်မူ     


ဂြိုဟ်ဖြင့် စဉ်းစားခြင်း
ထီပေါက်ချိန် ကိုဆိုလိုသဖြင့် မြန်မာ့အောင်ဘာလေထီ(၁)လတစ်ကြိမ်ဖွင့်သဖြင့်
တနင်္ဂနွေကိုစဉ်းစားရန် လမ်းညွှန်သင်ကြားပေးသော ဆရာသမားကို အထူး
ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ထီပေါက်ခြင်းမှာ ငွေရခြင်းဖြစ်သဖြင့် တနင်္လာဂြိုဟ်ကို စဉ်းစားရန် လမ်းညွှန်သင်ကြား
ပေးသောဆရာသမားကို အထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ရာသီကို စဉ်းစားခြင်း
မူလဇာတာ ဘယ်ဂြိုဟ်ဘယ်ရာသီတွင်ရှိသည်ကို စဉ်းစားရန် လမ်းညွန်သင်ကြား
ပေးသောဆရာသမားကို အထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ထီဖွင့်ပွဲဇာတာ ဘယ်ဂြိုဟ် ဘယ်ရာသီတွင်ရှိသည်ကို စဉ်းစားရန် လမ်းညွန်သင်ကြား
ပေးသောဆရာသမားကို အထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ဘာဝကို စဉ်းစားခြင်း
အကျိုးပေးကို စဉ်းစားရာတွင် ဘာဝကို စဉ်းစားရန် လမ်းညွန်သင်ကြားပေးသော
ဆရာသမားကိုအထူးကျေးဖူးတင်ပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။
နက္ခတ် စဉ်းစားခြင်း
မူလဇာတာနှင့်ထီအက္ခရာ ဆက်စပ်မူတို့အရ မူလဇာတာနောက်ကွယ်ရှိ
အံသာများအလိုက် စီးနင်းနေသောနက္ခတ်များကို စဉ်းစားရန်နှင့် နက္ခတ်ကို စိုးမိုးသည့်
ထီအက္ခရာတို့ကို စဉ်းစားရန် လမ်းညွန်သင်ကြားပေးသော ဆရာသမားများကို
အထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
မူလဇာတာနှင့်နေရာအလိုက်ဂဏန်းများဆက်စပ်မူအရ မူလဇာတာနောက်ကွယ်ရှိ
အံသာများအလိုက်စီးနင်းသော နက္ခတ်များကို စဉ်းစားရန်နှင့် နက္ခတ်ကို စိုးမိုးသည့်
ဂဏန်းများနှင့်ဂဏန်းများ ကို စိုးမိုသည့် နေရာများကိုစဉ်းစားရန်လမ်းညွန်သင်ကြား
ပေးသော ဆရာသမားများကို အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်
လိုက်ပါသည်။
ဇာတာရှင်၏ ထီပေါက်ချိန် သုတေသန ဆောင်ရွက်ခြင်းဖြင့် ပေါက်ဖေါ်ရေးသားရန်
လမ်းညွှန်ကြားပေးသော ဆရာသမားများကို အထူးကျေးဇူးတင်ပါကြောင်း
မှတ်တမ်းတင်လိုက်ပါသည်။
ထီအကျိုးပေး
ထီအကျိုးပေးဖြစ်သဖြင့် စနေလွန်ဂြိုဟ်များကို စဉ်းစားရန်လမ်းညွှန်သင်ကြားပေးသော
ဆရာသမားကိုအထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ကောဇာ စနေလွန်ဂြိုဟ်များ၏ အကျိုးပေးအံသာတွင် မူလဇာတာ အားကောင်းသော
ဂြိုဟ်တစ်လုံးရှိနေခြင်းသည်လည်း ထီပေါက်ဖို့အကြောင်းတရားတစ်ခုဖြစ်ပါသည်။
၁၃.၁၂.၂၀၁၇

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်