Sunday, October 1, 2017

(၇)ကြိမ်မြောက်တွင် ကျပ်သိန်း(၁၀၀၀)ပေါက်သူနှင့်ဆွေးနွေးခြင်း




(၇)ကြိမ်မြောက်တွင် ကျပ်သိန်း(၁၀၀၀)ပေါက်သူနှင့်ဆွေးနွေးခြင်း
အကြောင်းညီညွတ်သဖြင့်(၁.၁၀.၂၀၁၇)ရက်နေ့တွင် ဖ ၅၉၀၃၂၈ ဖြင့် ကျပ်သိန်း (၁၀၀၀၀)ပေါက်သူ
နှင့်ဆွေးနွေးဖြစ်ပါသည်။ထီပေါက်သူနှင့်တွေ့ဆုံဆွေးနွေးခွင့်ရအောင် အကျိုးဆောင်ပေးသော
ဦးဝင်းမင်း(မိုးယံ-ကင်း)ပျဉ်းနားနှင့် ထီပေါက်သူမိသားစုကို အထူးပင်ကျေးဇူးတင်ပါကြောင်းမှတ်တမ်း
တင်လိုက်ပါသည်။အကြောင်းညီညွတ်သဖြင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသည်။
ထီပေါက်သူ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သဖြင့် အခြေခံအချက်အလက်များနှင့်နေရပ်လိပ်စာတို့ကို
အဖေါ်ပြတော့ပါ။
အခြေခံအချက်အလက်များအရ မူလဇာတာအားလေ့လာလိုသူများအတွက် မျှဝေလိုက်ပါသည်။
၁။ မူလဇာတာနှင့် ယခုကာလထီပေါက်ကိန်း ဆက်စပ်မူတို့အားလေ့လာခြင်း
၂။ မူလဇာတာနှင့် ထီအက္ခရာဆက်စပ်မူတို့အား လေ့လာခြင်း
၃။ မူလဇာတာနှင့် ပထမနေရာဂဏန်း ဆက်စပ်မူတို့အား လေ့လာခြင်း
၎။ မူလဇာတာနှင့် ဒုတိယနေရာဂဏန်း ဆက်စပ်မူတို့အား လေ့လာခြင်း
စသည်တို့အပါအ၀င် အခြား ဆက်စပ်မူများကိုပါ လေ့လာခွင့်ရသဖြင့်
မိမိသိရှိထားသော ဝေဒနည်းပညာဥပဒေသများနှင့် ကိုက်ညီမူနှင့်မှန်ကန်မူတို့ကိုလေ့လာခွင့်
ရလိုက်ပါသည်။
မူလဇာတာအရ ယခုကာလ ထီပေါက်ကိန်းရှိနေကြောင်းလေ့လာတွေ့ရှိရပါသည်။
ထီပေါက်ကိန်းရှိသည့်ကာလအတွင်း ထီပေါက်ခြင်းက ဝေဒနည်းပညာဥပဒေသများမှန်ကန်ခြင်းကို
ထီပေါက်သူ၏ မူလဇာတာမှ သက်သေပြလျှက် ရှိပါသည်။
ဗေဒင်ဝါသနာပါသူ ထီစိတ်ဝင်စားသူ ဖေ့ဘုတ်မိတ်ဆွေများအတွက်မျှဝေလိုက်ပါသည်။
၁.၁၀.၂၀၁၇.

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်