Thursday, December 29, 2016

ထီပေါက်ပြီ ဆိုလျှင်(၁) စောင်ထဲပါ



ထီပေါက်ပြီ ဆိုလျှင်(၁) စောင်ထဲပါ

ဆရာသမားပေးထားသည့်ထီနှင့်ပတ်သက်သောခေါင်းစဉ်ပါ။ မြန်မာ့အောင်ဘာလေထီပေါက်ပြီဆိုလျှင် (၁)စောင်ထဲပါ။ထီ(၁)စောင် ကံစမ်းလို့ ထီပေါက်သူ၏ အခြေခံအချက်အလက်များကိုသိလိုသဖြင့် ရှာရာတွင် အကြောင်းမညီညွတ်သဖြင့် ရှာမတွေ့ပါ။မြန်မာ့အောင်ဘာလေထီ
အနည်းဆုံး(၂)စောင် ရောင်းသောကြောင့်လည်း ဖြစ်နိင်ပါသည်။
ထီ(၁)စောင် လက်ဆောင်ရပြီး ထီပေါက်သူများ ရှိနေကြောင်းကိုတော့ ကြားသိရပါသည်။
သို့သော် အကြောင်းမညီညွတ်သဖြင့် ထီပေါက်သူ၏ အခြေံအချက်အလက်များ မရရှိပါ။
ထို့ကြောင့် အကြောင်းညီညွတ်သဖြင့် ထီဆိုင်ဖွင့်ပွဲ အမှတ်တရ အနေဖြင့် ထီကံစမ်းသူတိုင်းကို ထီလက်မှတ် အပို(၁)စောင် လက်ဆောင်ပေးရန် စီစဉ်ခဲ့ပါသည်။

(၂၉၅)ကြိမ်(၁.၈.၂၀၁၃) ထီဖွင့်ပွဲတွင် ဗ ၄၇၃၀၆၈ ဖြင့် ကျပ်(၁၀)သိန်းဆု ထီပေါက်ပါသည်။

ထီပေါက်သူ၏ အခြေခံအချက်အလက်များ ရရှိခဲ့ပါသည်။ထီပေါက်သူအား အထူးပင်
ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
မူလဇာတာနှင့် ထီအက္ခရာ ဆက်စပ်မူအား လေ့လာခွင့် ရလိုက်ပါသည်။
မူလဇာတာနှင့် ထီပထမနေရာဂဏန်း ဆက်စပ်မူအား လေ့လာခွင့် ရလိုက်ပါသည်။
မူလဇာတာနှင့် ထီဒုတိယနေရာဂဏန်း ဆက်စပ်မူအား လေ့လာခွင့် ရလိုက်ပါသည်။
ထီပေါက်မည့်သူဆိုလျှင်(၁)စောင် ကံစမ်းလျှင်လည်း ပေါက်နိင်ကြောင်း ထီပေါက်သူမှ
သက်သေပြလျှက် ရှိပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို သက်သေပြ
လျက်ရှိပါသည်။
ထီစိတ်ဝင်စားသူများ၊ဗေဒင်ဝါသနာပါသူများအတွက် မျှဝေလိုက်ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်