Thursday, January 21, 2016

ဆရာဒေါက်တာထူးလား Ph.D(Astrojer-India)ထံ သင်ယူခြင်း



·         ဆရာဒေါက်တာထူးလား Ph.D(Astrojer-India)ထံ သင်ယူခြင်း

·         (ထီအက္ခရာ(က)မှ(ကဆ)အထိ၊ထီအက္ခရာ အလုံး(၄၀)ရှိသည့်အနက်၊
·         မိမိထီပေါက်မည့် အကျိုးပေး အက္ခရာ(၄)လုံးကို အသိပေး အကြံပြုပေးခြင်းသာဖြစ်ကြောင်း
·         မိမိထီပေါက်မည့် အက္ခရာ ကို ဝေဒ နည်းပညာနှင့် ကြိုတင် သိသော်လည်း
·         ထီကမပေါက်သေးပါ။ဝေဒ နည်းပညာဖြင့် သိသည့် အဆင့်တွင်သာ ရှိသေးကြောင်း
·         ထီဆိုတာ ကံစမ်းမှာသာ ပေါက်တာ ဖြစ်ကြောင်း နားလည်အောင် ရှင်းပြပါသည်။
·         စနစ်တကျ လက်တွေ့ ရရှိအောင် ထီကံစမ်းသပ်သူများအတွက် အကျိုးပေးသော
·         အကြိမ်တွင် ထီပေါက်မည့် ကိုယ်ပိုင် စမ-အက္ခရာ(၄)လုံးဖြင့် အက္ခရာ တူရုံနှင့်
·         ထီပေါက်သည့် နည်းစနစ်ဖြစ်သည့် ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို
·         မိမိတို့ ပတ်ဝန်းကျင်တွင် ထီကံစမ်းသပ်ဖို့ ဆရာဌေးအား အကြံပြုပေးလိုက်ပါသည်။
·         မိမိကို အကျိုးပေးသော အက္ခရာ ကို ကိုယ်တိုင် သိရှိနိင်ရန် ဖြစ်ပါသည်။)

·         ယနေ့ အကြောင်းညီညွတ်သဖြင့် ဆရာဒေါက်တာထူးလား Ph.D(Astrojer-India) ထံ
·         သင်ယူခွင့် ရလိုက်ပါသည်-

·         မှတ်မှတ်ယယ ဆရာ ဦးဥာဏ်လင်း(တောင်ငူ-ကန်တော်ကြီးမှ) ယနေ့(၂၁.၂.၂၀၁၆)
·         ရက်နေ့တွင် ဖေ့ဘုတ်တွင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့(WORLD ASTROLOGER
·         SOCIETY)မှ ပေးသော ရရှိသော နေ့နှင့်လည်း တိုက်ဆိုင်နေပါသည်။

·         ဆရာ ထူးလားဗေဒင် ဟောခန်းသို့ ကျွန်တော် ရောက်သည့်အချိန်တွင်
·         ဆရာဌေး(ရွာကောက် - ဗေဒင်ဆရာ)နှင့် ဆရာ ဦးမောင်ကို (ရွေကြာပင်-ဗေဒင်ဆရာ)တို့
·         ရောက်ရှိနေသည်ကို တွေ့ရပါသည်။
·         ဆရာ ဦးမောင်ကိုမှ စနေသားနှင့် ဗုဒ္ဓဟူးသမီးအတွက် ယတြာ လာယူကြောင်းကို
·         ပြန်ခါနီးမှ သိရပါသည်။
·         မကြာခင် ဆရာ ဦးမောင်မောင်ဦး(ပျဉ်းမနား-ဓါတ်ဆေးဆရာ) ကျွန်တော်တို့ခေါ်သော
·         အမည် ပိုင်ရှင် ရောက်လာပါသည်။ဗေဒင် ၀ါသနာပါသူ တစ်ဦးလည်း ဖြစ်ပါသည်။
·         လူစုံပြီ ဖြစ်သဖြင့် လက်ဘက်ရည်ဆိုင်သို့ သွားကြပါသည်။မုန့်ဟင်းခါး(၅)ပွဲနှင့်
·         မိမိတို့စိတ်ကြိုက် လက်ဘက်ရည်များ မှာယူသုံးဆောင် ကြပါသည်။

·         ထိုအချိန်တွင် စတင်ဆွေးနွေးသူက ဆရာ ဦးမောင်မောင်ဦး ဖြစ်ပါသည်။
·         လွန်ခဲ့သော (၇)ရက်ခန့်က အမွေရရှိကြောင်း ဖြစ်ပါသည်။ ဘာကြောင့် ခုမှရတာလည်း
·         ရစရာတွေက အများကြီးပါ။ဆွေးနွေးလာသဖြင့် မွေးရက်၊မွေးလ၊ခုနှစ်၊မွေးဖွားရာ
·         ဇာတိတို့ကို ဇာတာဖွဲရာ မေထုန်လဂ်ပိုင်ရှင်ဖြစ်ပြီး၊စနေထူလ။ဗုဒ္ဓဟူးအန္တရ၊
·         တနင်္ဂနွေ ပြန္တတတရ ဒသာတွင် ရခြင်းဖြစ်ကြောင်း ရက်စွဲအား တွက်ပေးလိုက်ပါသည်။

·         ဆရာ ဒေါက်တာထူးလားမှ ဒသာဆိုတာ မွေးချိန်မှန်မှသာ မှန်ကန်ကြောင်းနှင့်
·         မွေးချိန်(၁)နာရီ၊ကွာပါက အကျိုးပေးချိန်(၆)လ ကွာနိင်ကြောင်း သင်ကြားပေးပါသည်။

·         ထိုနောက် ဆရာ ဌေး (ရွာကောက်-ဆရာ)မှ ဗြိဿ ရာသီစန်း ပိုင်ရှင်ဖြစ်သဖြင့်
·         စန်း၏(၅)တန့် ကန်ရာသီကို ကောဇာကြာသပတေးဂြိုဟ် ရောက်ရှိသဖြင့်
·         ရခြင်းဖြစ်ကြောင်း ဆွေးနွေးဖြစ်ပါသည်။

·         ယနေ့ ကောဇာကို ဖုန်းဆော့ဝဲယားဖြင့် တွက်ချက်ရာတွင် ကောဇာ ကြာသပတေးမှာ
·         သိဟ်ရာသီတွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

·         ဆရာဒေါက်တာ ထူးလားမှ ဖုန်းဆော့ဝဲယားဖြင့် တွက်ချက်ရာတွင် သိဟ်ရာသီတွင်
·         ရှိနေသည်မှာလည်း မှန်ကြောင်း၊သံဒိဌ ပြက္ခဒိန်တွင် ကောဇာ ကြာသပတေးသည်
·         ကန်ရာသီတွင် ရှိနေကြာင်း ဆရာ ဦးဥာဏ်လင်း ရှိစဉ်ကလည်း ထိုကဲ့သို့ဖြစ်ကြောင်း
·         ဘယ်ဟာကို အမှန်ယူရမလည်း ဆွေးနွေးရာတွင် ဆရာ ဦးဥာဏ်လင်းမှ
·         သံဒိဌပြက္ခဒိန်ကို အမှန်ယူရန် မှာသွားကြောင်း သင်ကြားပေးပါသည်။

·         အယူအဆ မှန်အောင် သင်ကြားပေးသော ဆရာ ဦးဥာဏ်လင်းနှင့် ဆရာ ဒေါက်တာထူးလား
·         တို့အား အထူးပင် ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။

·         ထို့နောက် ဆရာ ဒေါက်တာထူးလား ဟောခန်းသို့ ပြန်လာကြပါသည်။ဆရာ ဦးမောင်မောင်
·         ဦးနှင့်ဆရာ ဌေးတို့မှ အကြောင်းကိစ္စ ရှိသဖြင့် အပြင်သို့သွားသည့်အချိန်တွင်
·         ဆရာ ဒေါက်တာထူးလားထံ သင်ယူခွင့် ရလိုက်ပါသည်။
·         အခြေခံ မူဝါဒ(၆)ချက်နှင့် ပတ်သက်ပြီး လွဲနေလျှင် ပြင်ပေးဖို့ ဆွေးနွေးဖြစ်ပါသည်။

·         ဆွေးနွေးနေစဉ် ဆရာ ဦးမောင်မောင်ဦးနှင့် ဆရာဌေးတို့ ရောက်ရှိလာပါသည်။
·         အခြေခံ မူဝါဒ(၆)ချက်အား ဆွေးနွေးဖြစ်ပါသည်။
·         ကျွန်တော်တို့(၅)ဦးသည် ဗေဒင်ဝါသနာပါသူများ ဖြစ်သဖြင့် ၀ါဒတူသူများဖြစ်ကြောင်းနှင့်
·         ကျွန်တော်ကတော့ မူအနေနှင့်(၆)ချက်ကို လက်တွေ့အသုံးပြုလျှက်ရှိကြောင်း
·         ဆွေးနွေးဖြစ်ပါသည်။
·         ဆရာဌေးမှ မူဝါဒ(၆)ချက်အား တစ်ချက်စီ၊ ဖတ်ပြီး ဆွေးနွေးဖြစ်ပါသည်။
·         မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒ နည်းပညာ ဖြစ်သည်။
·         အဲဒါ ၀ါဒပါ။(ဗေဒင်ဝါသနာပါသူများကို ဆိုလိုပါသည်။)
·         မူ(၆)ချက်
·         ၁။ ဗေဒင်ဝါသနာပါသူများ ယခုကာလ ထီပေါက်ကိန်း ရှိ/မရှိ ကြိုတင် သိရှိနိုင်ရန်။
·         ဆရာ ဌေးမှ
·         ဥပမာ ၊ဥပမေးရ၊သာရကတို့လိုကြောင်းဆွေးနွေးလာပါသည်။
·         စိတ်ဝင်တစားဆွေးနွေးလာသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း
·         မှတ်တမ်းတင်လိုက်ပါသည်။
·         ဆရာ ဦးမောင်မောင်ဦးမှ ဒါဆို ကျွန်တော် ယခုကာလ ထီပေါက်ကိန်း ရှိပါသလား
·         ဆွေးနွေးလာပါသည်။
·         ထီပေါက်ကိန်းရှိသည်ဆိုလျှင် ဘာကြောင့်လဲ?
·         ဘယ်ကာလအတွင်း ရှိမှာလဲ?
·         ဖြစ်ပါသည်။
·         ဇာတာရှင်သည် မေထုန်ရာသီတွင် တနင်္ဂနွေဂြိုဟ် ရှိနေသဖြင့်
·         (၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆) ကာလအတွင်း ငွေအမြောက်အများဝင်ကိန်းရှိနေကြောင်း
·         နှင့်၎င်းငွေဝင်ကိန်းအား ထီပေါက်ကိန်း ရှိသည်ဟု နွယ်ပြီးဟောပြောခြင်းသာဖြစ်ကြောင်း
·         ဆွေးနွေးဖြစ်ပါသည်။
·         ဇာတာရှင် အမွေရခြင်းမှာလည်း လည်းကောင်းကာလအတွင်း ဖြစ်နေကြောင်း
·         ဇာတာရှင်မှ ပြောကြားလာပါသည်။
·         ၂။ ယခုကာလ ထီပေါက်ကိန်း(၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆)ကို
·         ကိုယ်တိုင် သိမြင် နားလည် နိင်ရန်
·         အမှတ်စဉ် (၂)ကို ဆရာဌေးမှ ဖတ်ပြီး ဆွေးနွေးဖြစ်ပါသည်။
·         ယခုကာလ ထီပေါက်ကိန်းရှိသူ ဇာတာစန်း၊လဂ်နှင့် တနင်္ဂနွေဂြိုဟ်၊စနေဂြိုဟ်၊
·         ကြာသပတေးဂြိုဟ် ရတည်နေသော ရာသီများနှင့် မိမိမူလဇာတာများ
·         တူညီတိုက်ဆိုင်ပါက ယခုကာလအတွင်း ထီပေါက်ကိန်း ရှိကြောင်း ဆွေးနွေးဖြစ်ပါသည်။
·         ၃။ ထီပေါက်ကိန်း ရှိသူများသာ ထီပေါက်လျှက်ရှိကြောင်း သိရှိနိင်ရန်၊
·          (၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီသုတေသနဆောင်ရွက် ရာတွင် ထီပေါက်ကိန်းရှိသူများသာ
·         ထီပေါက်လျှက် ရှိနေကြောင်း တွေ့ရှိရသဖြင့် ဖြစ်ပါသည်။)
·         ၄။ ထီပေါက်အား ကောင်းသည့် နည်းစနစ်အား သိရှိနိင်ရန်နှင့်
·         လက်တွေ့ ထီကံစမ်းသပ်လိုသူများကို ဖိတ်ခေါ်အပ်ပါသည်။
·         ထီပေါက်ကိန်း ရှိသည့် ကာလအတွင်း ထီပေါက်အောင် ကံစမ်းသည့် နည်းစနစ်ဖြစ်သည့်
·         ထီကံစမ်းသပ်သူ(၁၀)ဦးတွင် အနည်းဆုံး(၃)ဦး ပေါက်သည့်နည်းစနစ်ဖြင့်ကံစမ်းမှာလား
·         ထီကံစမ်းသပ်သူ(၉)ဦးတွင် အနည်းဆုံး(၃) ဦးပေါက်သည့်နည်းစနစ်ဖြင့် ကံစမ်းမှာလား
·         မိမိစိတ်ကြိုက် နည်းစနစ်ဖြင့် ထီကံစမ်းသပ်ဖို့ ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။
·         (ထီပေါက်ကိန်း ရှိသည့် ကာလသာ ကျော်သွားတယ် ထီမပေါက်ဖူးပြောနေကြသော
·         ဗေဒင်ဝါသနာပါသူများအတွက်ပါ။)
·         ၅။ ထီအက္ခရာ(က)မှ(ကဆ)အထိ၊အက္ခရာ(၄၀)လုံး ရှိသည့်အနက်
·         မူလဇာတာတွင် သတ်မှတ် ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
·         ထီပေါက်မည့် အကျိုးပေး ကိုယ်ပိုင် စမ-အက္ခရာ(၄)လုံးကို သိရှိထားရန်။
·         (မွေးဖွားခြင်းမှ သေဆုံးခြင်း ကြားကာလအတွင်း အသုံးပြုနိင်ပါသည်။)
·         ထိုသို့ဆရာ ဌေးဖတ်ပြီး လည်းကောင်းထီပေါက်မည့် အက္ခရာအား သိလိုနေပါသည်။
·         သိလိုလျှင် ဆရာဦးထူးလားထံ သင်ယူရန်ပြောသောအခါ ဆရာထူးလားမှ
·         ခုနှစ်သက္ကရာဇ်မေးရာ ပြောလိုက်သည့်အခါ ဆရာ ဦးထူးလားမှ ပြောလိုက်ပါသည်။
·         ထိုအချိန်တွင် ဆရာ ဦးမောင်မောင်ဦးမှ လည်းကောင်းလည်း ထီပေါက်ချင်သဖြင့်
·         ထီကံစမ်းသပ်ထားကြောင်း လည်းကောင်းထီကံစမ်းသပ်လာသည့် ထီလက်မှတ်အား
·         ထုတ်ပြပါသည်။
·         ထီပေါက်မည့် အက္ခရာ အား သိပါသလား မေးရာတွင် မသိကြောင်းနှင့်ဒါဆို
·         ဆရာ ဦးထူးလားထံ မေးရန်ပြောသောအခါ ဆရာသမားမှ ထီပေါက်မည့် အက္ခရာ
·         ကိုပြောလိုက်ပါသည်။
·         ၆။ ယခုကာလ ထီပေါက်ကိန်းရှိသူတိုင်း စနစ်တကျ ထီကံစမ်းသပ်ပါက ထီပေါက်ကိန်း
·         ရှိနေသည့် ကာလအတွင်း ထီပေါက်စေရန်နှင့် လူကြီးမင်း ကိုယ်တိုင် လက်ငင်းအကျိုး
·         ခံစားရသောအခါ မှန်ကန်မူ ရှိမည် ဖြစ်ပါသည်။
·         ချိန်ခါမလွန်ခင် ဆွေးနွေးပါ။
·         Ph:09-420727866.
·         ဆရာဒေါက်တာထူးလားမှ နားလည်အောင် ရှင်းပြပါသည်။အခြားထီစိတ်ဝင်စားသူများပါ
·         သိရှိလေ့လာနိင်ရန်အတွက် အသိပေး ရေးသားလိုက်ပါသည်။
·         (ထီအက္ခရာ(က)မှ(ကဆ)အထိ၊ထီအက္ခရာ အလုံး(၄၀)ရှိသည့်အနက်၊
·         မိမိထီပေါက်မည့် အကျိုးပေး အက္ခရာ(၄)လုံးကို အသိပေး အကြံပြုပေးခြင်းသာဖြစ်ကြောင်း
·         မိမိထီပေါက်မည့် အက္ခရာ ကို ဝေဒ နည်းပညာနှင့် ကြိုတင် သိသော်လည်း
·         ထီကမပေါက်သေးပါ။ဝေဒ နည်းပညာဖြင့် သိသည့် အဆင့်တွင်သာ ရှိသေးကြောင်း
·         ထီဆိုတာ ကံစမ်းမှာသာ ပေါက်တာ ဖြစ်ကြောင်း နားလည်အောင် ရှင်းပြပါသည်။
·         စနစ်တကျ လက်တွေ့ ရရှိအောင် ထီကံစမ်းသပ်သူများအတွက် အကျိုးပေးသော
·         အကြိမ်တွင် ထီပေါက်မည့် ကိုယ်ပိုင် စမ-အက္ခရာ(၄)လုံးဖြင့် အက္ခရာ တူရုံနှင့်
·         ထီပေါက်သည့် နည်းစနစ်ဖြစ်သည့် ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို
·         မိမိတို့ ပတ်ဝန်းကျင်တွင် ထီကံစမ်းသပ်ဖို့ ဆရာဌေးအား အကြံပြုပေးလိုက်ပါသည်။
·         မိမိကို အကျိုးပေးသော အက္ခရာ ကို ကိုယ်တိုင် သိရှိနိင်ရန် ဖြစ်ပါသည်။)
·         ပထမ(၁) ကြိမ် ထီပေါက်ပါက တိုက်ဆိုင်မူသာ ဖြစ်ကြောင်း၊
·         ဒုတိယ(၁) ကြိမ် ထီပေါက်ပါကလည်း တိုက်ဆိုင်မူသာ ဖြစ်ကြောင်း
·         တတိယ(၁) ကြိမ် ထီပေါက်မှသာ မိမိကို အကျိုးပေးသော အက္ခရာ ဖြစ်ကြောင်း
·         နားလည်သည်အထိ ရှင်းပြလိုက်ပါသည်။
·         အကျိုးပေးသော အက္ခရာ ကို ကိုယ်တိုင် သိရှိပြီး၊ မိမိကိုယ်မိမိ ယုံကြည်မူရှိလာသည့်
·         အခါ အကျိုးစီးပွားဖြစ်အောင် (၄)လုံးတိုက် (၁၀၀)စောင်ကို မိမိစိတ်ကြိုက်
·         အက္ခရာနှင့် ထီကံစမ်းသပ်ဖို့ အကြံပြုပေးပါရန် သင်ကြားပေးလိုက်ပါသည်။
·         ဆရာထူးလားနှင့်အတူ ဆွေးနွေးကြသည့် ဗေဒင်ဆရာအားလုံးကို အထူးပင်ကျေးဇူးတင်
·         ပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။
·         သင်ဆရာ မြင်ဆရာ အားလုံး၏ တပည့်
·         ဆရာ ဘုန်းမြင့်(ပြည်မြို့)
·         ဝေဒသုတေသီ-A.G.T.I-(Civil)
·         Ph:09-420727866.
·         ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်။

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်