Thursday, February 27, 2014

ဖေ့ဘုတ်မိတ်ဆွေ ကျပ်သိန်း(၁၀၀)ဆုကြီး ထီပေါက်သူ၏ ဇာတာနှင့်“စမ-အက္ခရာ”ကို လေ့လာခြင်း



Friday,February28,2014
ဖေ့ဘုတ်မိတ်ဆွေ ကျပ်သိန်း(၁၀၀)ဆုကြီး ထီပေါက်သူ၏ 
ဇာတာနှင့်“စမ-အက္ခရာ”ကို လေ့လာခြင်း

ကျွန်တော်သည်“ဝေဒ”နည်းပညာကို ၀ါသနာပါသူ(၁)ဦးဖြစ်ပါသည်။
၁၉၉၅ ခုနှစ်တွင် ပြည်မြို့တွင်၎င်း၊၁၉၉၉ ခုနှစ်တွင် တောင်ငူမြို့တွင်၎င်း၊
၂၀၀၀ ခုနှစ်တွင်ရန်ကုန်မြို့တွင်၎င်း၊
၂၀၁၁ ခုနှစ်မှယနေ့ထိ နေပြည်တော်တွင်၎င်း အကြောင်းညီညွတ်သည့်အခါများတွင်
ဗေဒင်ဟောခန်းဖွင့်ပြီး ထီအကြံပြုခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက် ရှိပါသည်။
မိမိကိုယ်တိုင်သော်၎င်း၊ထီပေါက်ချင်သူများကိုသော်၎င်း၊ထီပေါက်အောင် အကြံပြုပေးနိုင်ရမည်
အကြံပြုမပေးနိုင်သေးပါက မိမိလေ့လာသင်ယူသော“ဝေဒ”နည်းပညာနှင့် နက္ခတ်”နည်းပညာများ
လိုနေသေးလို့သာ ဖြစ်ပါသည့်ဟု သဘောထားကာ ဆက်လက်လေ့လာသင်ယူပါသည်။
“ဝေဒ”နည်းပညာတွင် ကိုယ်ပိုင်“စမ-အက္ခရာ”များမှာ
ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော“စမ-အက္ခရာ”၊
မွေးလကို စိုးမိုးသော စိုးမိုးသော “စမ-အက္ခရာ”၊
မွေးရက်ကို စိုးမိုးသော “စမ-အက္ခရာ”၊
မွေးနေ့ကို စိုးမိုးသော“စမ-အက္ခရာ”၊နှင့်
မွေးနေ့ကို နာရီအပိုင်းအခြားဖြင့် စိုးမိုးသော“စမ-အက္ခရာ”ဟူ၍ ရှိပါသည်။
“အက္ခရာ”(၃၃)လုံး ရှိသည့်အနက်မှ “ဝေဒ”နည်းပညာနှင့်
ကိုယ်ပိုင်“စမ-အက္ခရာ”များသည်
ထီပေါက်သည့်“အက္ခရာ”ဖြစ်နေကြောင်းကို ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာသောအခါ
မှန်ကန်မှုရှိနေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ထီပေါက်ချင်သူ ဖေ့ဘုတ်မိတ်ဆွေ
မှ ဆွေးနွေးလာပါသည်။
၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများကို တွေ့ဆုံဆွေးနွေးရာတွင်၎င်းတို့အားလုံးသည်
ထီပေါက်ကိန်း ရှိသည့်ကာလအတွင်း ထီပေါက်သူများသာ ဖြစ်နေကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
ထီကံစမ်းချင်သူကိုယ်တိုင် မိမိဇာတာကို ကြည့်ပြီး ယခုကာလ ထီပေါက်ကိန်းရှိ/မရှိကို “သိ”ရှိနိင်
ပါရန် ပညာဒါန မျှဝေလိုက်ပါသည်။

ဇာတာရှင်သည်  မေထုန်လဂ် ပိုင်ရှင်ဖြစ်သဖြင့် (၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်း
ရှိသူတစ်ဦး ဖြစ်ပါသည်။
ဇာတာရှင်သည် ယခုကာလ ထီပေါက်ကိန်းရှိသူ ဖြစ်ကြောင်းကို မိတ်ကောင်းဆွေကောင်းရှိသဖြင့်
ကြိုတင်“သိ”ရှိခဲ့ပါသည်။
အကြောင်းညီညွတ်သဖြင့် (၂၉၉)ကြိမ်တွင် ထီလက်မှတ်(၃)စောင်ကို ကံစမ်းဖြစ်ပါသည်။
တနင်္ဂနွေနေ့ကို စိုးမိုးသော “စမ-အက္ခရာ”များမှာ(က.ခ.ဂ.ဃ.င)အက္ခရာများဖြစ်ပါသည်။
(၂၉၉)ကြိမ် (၁.၁၂.၂၀၁၃) ထီဖွင့်ပွဲတွင် ဂ ၁၄၀၈၇၃ ဖြင့် ကျပ်သိန်း(၁၀၀)ဆုကြီးပေါက်ပါသည်။
က ၁၄၀၈၇၃ ဖြင့် အက္ခရာလွဲ ဂဏန်း(၆)လုံးတူဖြင့် (၁၀)သိန်းဆု ထီပေါက်ပါသည်။
ခ ၁၄၀၈၇၃ ဖြင့် အက္ခရာလွဲ ဂဏန်း(၆)လုံးတူဖြင့်(၁၀)သိန်းဆု ထီပေါက်ပါသည်။
စုစုပေါင်း ကျပ်သိန်း(၁၂၀)ထီပေါက်ပါသည်။
ထီပေါက်ချင်သူ ဖေ့ဘုတ်မိတ်ဆွေကို ထီအကြံပြုပေးရာ  ထီပေါက်သဖြင့် ဇာတာရှင်နည်းတူ
ဝမ်းသာပိတိဖြစ်မိကာ မှတ်တမ်းတင် ရေးသားလိုက်ပါသည်။
ဇာတာရှင် ကျပ်သိန်း(၁၂၀) ထီပေါက်ခြင်းက “ဝေဒ”နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို
သက်သေပြနေပါသည်။
သင်ဆရာ မြင်ဆရာ အားလုံး၏တပည့်
ဆရာ ဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civil)
Ph:09-6801883
At 00:24 AM
Labeis: ဖေ့ဘုတ်မိတ်ဆွေ ကျပ်သိန်း(၁၀၀)ဆုကြီး ထီပေါက်သူ၏ 
           ဇာတာနှင့်“စမ-အက္ခရာ”ကို လေ့လာခြင်း

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်