Tuesday,February27,2014
ကျပ်သိန်း(၁၅၀၀)ဆုကြီး ထီပေါက်သူ၏ ဇာတာနှင့်“စမ-အက္ခရာ”ကို
လေ့လာခြင်း
ကျွန်တော်သည်“ဝေဒ”နည်းပညာကို ၀ါသနာပါသူ(၁)ဦးဖြစ်ပါသည်။
၁၉၉၅ ခုနှစ်တွင် ပြည်မြို့တွင်၎င်း၊၁၉၉၉ ခုနှစ်တွင် တောင်ငူမြို့တွင်၎င်း၊၂၀၀၀
ခုနှစ်တွင်ရန်ကုန်မြို့
တွင်၎င်း၊၂၀၁၁ ခုနှစ်မှယနေ့ထိ နေပြည်တော်တွင်၎င်း အကြောင်းညီညွတ်သည့်အခါများတွင်
ဗေဒင်ဟောခန်းဖွင့်ပြီး ထီအကြံပြုခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်
ရှိပါသည်။
မိမိကိုယ်တိုင်သော်၎င်း၊ထီပေါက်ချင်သူများကိုသော်၎င်း၊ထီပေါက်အောင်
အကြံပြုပေးနိုင်ရမည်
အကြံပြုမပေးနိုင်သေးပါက မိမိလေ့လာသင်ယူသော“ဝေဒ”နည်းပညာနှင့်
နက္ခတ်”နည်းပညာများ
လိုနေသေးလို့သာ ဖြစ်ပါသည့်ဟု သဘောထားကာ ဆက်လက်လေ့လာသင်ယူပါသည်။
“ဝေဒ”နည်းပညာတွင် ကိုယ်ပိုင်“စမ-အက္ခရာ”များမှာ
ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော“စမ-အက္ခရာ”၊
မွေးလကို စိုးမိုးသော စိုးမိုးသော “စမ-အက္ခရာ”၊
မွေးရက်ကို စိုးမိုးသော “စမ-အက္ခရာ”၊
မွေးနေ့ကို စိုးမိုးသော“စမ-အက္ခရာ”၊နှင့်
မွေးနေ့ကို နာရီအပိုင်းအခြားဖြင့် စိုးမိုးသော“စမ-အက္ခရာ”ဟူ၍
ရှိပါသည်။
“အက္ခရာ”(၃၃)လုံး ရှိသည့်အနက်မှ “ဝေဒ”နည်းပညာနှင့်ကိုယ်ပိုင်“စမ-အက္ခရာ”များသည်
ထီပေါက်သည့်“အက္ခရာ”ဖြစ်နေကြောင်းကို ထီပေါက်ဖူးသူများ၏
ဇာတာများကို လေ့လာသောအခါ
မှန်ကန်မှုရှိနေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
သင်ဆရာ မြင်ဆရာ အားလုံး၏တပည့်
ဆရာ ဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civil)
Ph:09-6801883
At 14:23 PM
Labeis: ကျပ်သိန်း(၁၅၀၀)ဆုကြီး
ထီပေါက်သူ၏ ဇာတာနှင့်“စမ-အက္ခရာ”ကို လေ့လာခြင်း
No comments:
Post a Comment