Sunday, February 9, 2014

ထီပေါက်ချင်သူကို အကြံပြုပေးရာ ကံစမ်းသဖြင့် သိန်းရာကျော် လက်တွေ့ထီပေါက်ပြီ။



ထီပေါက်ချင်သူကို အကြံပြုပေးခြင်း

ထီအကြံပြုပေးတာ ဘာဆုတွေပေါက်တာလဲ၊
စသည်ဖြင့် ဖေ့ဘုတ်မိတ်ဆွေများမှ “သိ”လိုသဖြင့် ဆွေးနွေးလာပါသည်။
“သိ”လိုသော ဖေ့ဘုတ်မိတ်ဆွေများနှင့် အခြားသူများပါ သိရှိလေ့လာနိုင်ရန် ရေးသားအပ်ပါသည်။
ကျွန်တော်သည် “ဝေဒ”နည်းပညာကို ၀ါသနာပါသူ(၁)ဦးဖြစ်ပါသည်။
အကြောင်းညီညွတ်သည့် အခါများတွင် သင်ပြပေးသူများထံတွင် လေ့လာသင်ယူမှတ်သားပါသည်။
မိမိကိုယ်တိုင်သော်၎င်း၊အခြားသူများကိုသော်၎င်း“ဝေဒ”နည်းပညာဖြင့် ထီပေါက်အောင်
အကြံပြုပေးနိုင်ရမည် ၊အကြံပြုမပေးနိုင်သေးလျှင် မိမိလေ့လာသော
“ဝေဒ”နည်းပညာ လိုနေသေးလို့သာ ဖြစ်ပါကြောင်းကို ရိုးသားစွာ ၀န်ခံရေးသားအပ်ပါသည်။
ယခုကာလ ငွေဝင်ကိန်းနှင့် ထီပေါက်ကိန်းမှာ ရောနှောနေသဖြင့် သင်ပြပေးသူမှ ဆက်လက်လေ့
လာ သုတေသနပြုလုပ်ရန် တိကျသော လမ်းညွန်မူ ပြုထားပါသည်။ထို့ကြောင့် ဆက်လက်လေ့လာ
သင်ယူလျှက် ရှိပါသည်။
မြန်မာ့အောင်ဘာလေထီပေါက်ခြင်းကို လေ့လာရာတွင် အက္ခရာနှင့် ဂဏန်း(၆)လုံးအစဉ်လိုက်တူလျှင်
ထီပေါက်ပါသည်။
ထီပေးသည့်စနစ်ကိုလေ့လာရာတွင်
ယခုအခါ ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် အက္ခရာနှင့် ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်တူလျှင်
ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲ စနစ်တွင် အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံး အစဉ်လိုက်တူပါက
ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
ထီပေါက်ဖို့ စဉ်းစားရာတွင် ပထမဦးဆုံးအနေဖြင့် “အက္ခရာ” တူဖို့လိုပါသည်။
ထီဖွင့်ပွဲတွင် ပေါက်မည့် အက္ခရာ ကို “သိ”ပါသလားဟုမေးလာပါက ရိုးသားစွာ ၀န်ခံရလျှင်“မသိ”ပါ။
ငွေကြေးတတ်နိုင်သူများအတွက် အထူးမင်္ဂလာစုံတွဲထီကံစမ်းနိုင်လျှင် “အက္ခရာ”မှာ တူပြီးဖြစ်ပါသည်။
သို့သော် “ဝေဒ”နည်းပညာနှင့် “စမ-အက္ခရာ”ကို သင်ကြားပေးသော ဆရာဒေါက်တာထူးလား
Ph.D(Astrology,India)၏ ပညာပါရမီကြောင့်သာ ထီပေါက်မည့်“အက္ခရာ”ကို ကြိုတင်“သိ”ရခြင်း
ဖြစ်ပါသည်။
“ဝေဒ”နည်းပညာတွင်
၁။ ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော “စမ-အက္ခရာ”၊
၂။ မွေးလကို စိုးမိုးသော“စမ-အက္ခရာ”၊
၃။ မွေးရက်ကို စိုးမိုးသော“စမ-အက္ခရာ”၊
၎။ မွေးနေ့ကို စိုးမိုးသော“စမ-အက္ခရာ”၊နှင့်
၅။ မွေးချိန်ကို စိုးမိုးသော“စမ-အက္ခရာ”၊ဟူ၍ ရှိပါသည်။
အက္ခရာ(၃၃)လုံး ရှိသည့်အနက်မှ အထက်ပါ အက္ခရာ(၅)လုံးသည် လူ(၁)ဦးချင်းအတွက်၊
အကျိုးပေး “စမ-အက္ခရာ”များဖြစ်ပါသည်။ထီပေါက်မည့်“အက္ခရာ”များဖြစ်ပါသည်။
ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော“စမ-အက္ခရာ”သည် အားအကောင်းဆုံး ဖြစ်ပါသည်။
ထီပေါက်မည့် “စမ-အက္ခရာ”ကို ကြိုတင်“သိ”လိုသူများ ဆွေးနွေးနိုင်ပါသည်။
ထီဆုကြီးပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ် လေ့လာသောအခါ မှန်ကန်မူ
ရှိနေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ထီပေါက်မည့် “အက္ခရာ”ကိုတော့ ကြိုတင်“သိ”ပါပြီ၊ထီပေါက်အောင် ဘယ်လိုကံစမ်းရမလည်း
ဆိုသည့် ထီပေါက်အောင် ကံစမ်းသည့် နည်းစနစ်ကို ကြိုတင်“သိ”ထားဖို့ ထီပေးသည့်နည်းစနစ်ကို
နားလည်ဖို့ လိုလာပါသည်။
မြန်မာ့အောင်ဘာလေထီတွင် ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် အက္ခရာနှင့်ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်
တူပါက ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
မြန်မာ့အောင်ဘာလေထီတွင် ပထမနေရာဂဏန်းကို စဉ်းစားလျှင် (၁)မှ(၉)အထိ၊ပထမနေရာ ဂဏန်း
(၉)လုံးရှိပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် ပေါက်မည့် ပထမနေရာ ဂဏန်းကို ကြိုတင်“သိ”ပါသလားဟု
မေးလာပါက ရိုးသားစွာ ၀န်ခံရလျှင် “မသိ”ပါ။
ထို့ကြောင့် ပထမနေရာ ဂဏန်းများကို ထိပ်စီး(၁)မှ(၉)အထိ၊ထိပ်စီး(၉)လုံး၊ထိပ်စီးစုံထီကံစမ်းခြင်း
ဖြစ်ပါသည်။
ဒုတိယနေရာ ဂဏန်းများကို စဉ်းစားလျှင် (၀)မှ(၉)ထိ၊ဒုတိယနေရာဂဏန်း(၁၀)လုံး ရှိပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် ပေါက်မည့် ဒုတိယနေရာ ဂဏန်းကို ကြိုတင်“သိ”ပါသလားဟု
မေးလာပါက ရိုးသားစွာ ၀န်ခံရလျှင် “မသိ”ပါ။
ထို့ကြောင့် ဒုတယနေရာ ဂဏန်းများကို (၀)မှ(၉)အထိ၊ထိပ်စီးစုံ(၁၀)လုံး၊ထီကံစမ်းခြင်း
ဖြစ်ပါသည်။
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင် ထီကံစမ်းထားသဖြင့် ပေါက်ဂဏန်းထီလက်မှတ်များကို
ထီကံစမ်းထားခြင်းလည်း ဖြစ်ပါသည်။
“အက္ခရာ”တူလျှင် ထီပေါက်သည့် နည်းစနစ်လည်း ဖြစ်ပါသည်။
ယခုအခါ အက္ခရာ(က)မှ(ကဂ)အထိ၊အက္ခရာ(၃၆)လုံးရှိပါသည်။
ထီပေါက်ဖို့ ဖြစ်နိုင်ချေ နည်းစနစ်ဖြင့် စဉ်းစားလျှင် မဲလိပ်(၃၆)လိပ်ထဲမှ(၁)လိပ်နှိုက်ခြင်းနှင့်
သဘောတရားခြင်း အတူတူပင် ဖြစ်ကြောင်းကို ကြိုတင်“သိ”ရှိ နားလည်ထားဖို့လိုပါသည်။
ထို့ကြောင့် အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များသာ ထီပေါက်ခြင်း ဖြစ်ပါသည်။
ပူးပေါင်းပါဝင် ကံစမ်းခြင်းဖြင့် သင်လည်း ထီပေါက်နိုင်ပါသည်။
ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံး အစဉ်လိုက်တူပါက
ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင် ထီကံစမ်းထားသူများအနေဖြင့် စဉ်းစားလျှင် ထီပေါက်စဉ်တွင်
ထွက်သော ရှေ့ဂဏန်း(၂)လုံးကို ကံစမ်းထားခြင်းလည်း ဖြစ်ပါသည်။
ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင် ထီပေါက်ဖို့ တတိယနေရာ ဂဏန်း(၁)လုံးတူရန်သာလိုပါသည်။
တတိယနေရာ ဂဏန်းများကို စဉ်းစားလျှင် (၀)မှ(၉)ထိ၊တတိယနေရာဂဏန်း(၁၀)လုံး ရှိပါသည်။
ကျပ်သိန်း(၁၀၀)ဆုကြီးတွင် ပေါက်မည့် တတိယနေရာ ဂဏန်းကို ကြိုတင်“သိ”ပါသလားဟု
မေးလာပါက ရိုးသားစွာ ၀န်ခံရလျှင် “မသိ”ပါ။
သို့သော် ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသန ပြုလုပ်လေ့လာတွေ့ရှိချက်အရ
ထီပေါက်သူ မူလဇာတာ၏ တနင်္လာဂြိုလ်(စန်း)ရပ်တည်သော ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည်
တတိယနေရာ ဂဏန်းများ ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင် ထီကံစမ်းထားသူများအနေဖြင့် တတိယနေရာ ဂဏန်းများကို
ကြိုတင်“သိ”သူများအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်တွင် ရွေးချယ်ထီကံစမ်းနိုင်ပါသည်။
တတိယနေရာ ဂဏန်းတူပါက ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် ကျပ်(၁)သိန်းဆု ထီပေါက်သဖြင့်
ကြိုတင် အသိပေး အကြံပြုပေးခြင်းလည်း ဖြစ်ပါသည်။
ထို့ကြောင့် အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များသာ ထီပေါက်ခြင်း ဖြစ်ပါသည်။
ပူးပေါင်းပါဝင် ကံစမ်းခြင်းဖြင့် သင်လည်း ထီပေါက်နိုင်ပါသည်။
ထိုပြင် မိမိအစုအဖွဲ့ထဲမှ(၁)ဦး ကျပ်သိန်း(၁၀၀)ဆုကြီး(မင်္ဂလာစုံတွဲစနစ်တွင်)ထီပေါက်ပါက
အစုအဖွဲ့တွင် ပါဝင်သော ကျန်(၃၅)ဦးသည်လည်း ကျပ်(၁၀)သိန်းဆုစီ၊ထီပေါက်မည့် နည်းစနစ်လည်း
ဖြစ်ပါသည်။
ထို့ကြောင့် “ဝေဒ”နည်းပညာဖြင့် ယခုကာလ ထီပေါက်ကိန်း ရှိသော ပါတနာများနှင့်သာ ပူးပေါင်းပါဝင်
ထီကံစမ်းခြင်း ဖြစ်ပါသည်။
ထီပေါက်ချင်သူ ပူးပေါင်းပါဝင်ထီကံစမ်းလိုသူများ ထီလက်မှတ် ရှာဖွေရန် အချိန်အခက်အခဲရှိသူများ၊
ထီပေါက်ချင်သူများအနေဖြင့် စိတ်ကြိုက်“အက္ခရာ”နှင့် တတိယနေရာ ဂဏန်းများ ရရှိစေရန်အတွက်
အကျိုးဆောင်ပေးနေသော ဖုန်း(၀၉-၄၉၂၀၄၀၈၈၊၀၆၇-၄၃၂၂၂၄)သို့(၁)လ ကြိုတင် စာရင်းပေးပြီး၊
ထီလက်မှတ် မှာယူနိင်ပါသည်။
လိုအပ်သည်များ ရှိပါက ကျွန်တော်၏ “ဝေဒ”နည်းပညာ လေ့လာမူအားနဲချက်ကြောင့်သာ
ဖြစ်ပါကြောင်း ရိုးသားစွာ ၀န်ခံ ရေးသာအပ်ပါသည်။
ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် “အက္ခရာ”နှင့် ရှေ့ဂဏန်း(၃)လုံးသာ တူပြီး၊နောက်(၃)လုံး
မတူသည့်ကိစ္စကို ၂၀၁၂ ခုနှစ်တွင် တောင်ငူရှိ ဇီးဖြူပင် ဆရာတော်ထံသွားကာ လျှောက်ထားရာတွင်
မင်းဆိုင်မှ ထီဆုကြီးပေါက်ဖို့ဆိုတာ ထီဆုကြီးပေါက်မည့်သူ မင်းဆိုင်ကို ထီလာကံစမ်းမှ
ပေါက်မည့်ဟု မိန့်မှာပါသည်။
ထို့ကြောင့် ကျပ်သိန်း(၁၀၀)ဆုကြီး ပေါက်မည့်သူ အလိုရှိပါသည်ဟု ကြော်ငြာထားခြင်းလည်း
ဖြစ်ပါကြောင်း ရိုးသားစွာ ၀န်ခံရေးသားအပ်ပါသည်။
ထီဆုကြီးပေါက်မည့်သူကို ထီဆိုင်သို့လာရောက် ကံစမ်းဖို့ ဘယ်လိုလုပ်ရမလည်း ဆိုသည်ကို
လျှောက်ထားရာတွင် နည်းစနစ်ကို ပြောပြပါသည်။
 (၂၈၃)ကြိမ်(၁.၈.၂၀၁၂)ထီဖွင့်ပွဲမတိုင်ခင်  ဦကျော်ဝင်းအောင် ၀၉-၄၂၈၁၄၀၇၅၉
ပျဉ်းမနားနေထိုင်သူမှ လာရောက်ဆွေးနွေးပါသည်။
 ထီအကြံပြုပေးသည့်အတိုင်း ထီကံစမ်းသပ်ရာ ည ၁၁၅၄၅၅ နှင့် ကျပ်သိန်း(၁၀၀)ဆုကြီး အပါအ၀င်
ကျပ်သိန်းပေါင်း(၁၉၀)ထီပေါက်ပါသည်။
(၂၈၃)ကြိမ် (၁.၈.၂၀၁၂)ထီဖွင့်ပွဲတွင် ပေါက်သည့်ထီလက်မှတ်များကို
(scan)ဖတ်မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။

ထီပေါက်မည့်သူအား အကြံပြုပေးရာ ထီလက်တွေ့ကံစမ်းသဖြင့်၎င်း၊အကျိုးပေးချိန်တန်သည့်
ဇာတာရှင်ဖြစ်သဖြင့်၎င်း၊အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်ဖြစ်သဖြင့်၎င်း
ထီဆုကြီးပေါက်ခြင်း ဖြစ်ပါသည်။
(၂၈၃)ကြိမ် (၁.၈.၂၀၁၃)ထီဖွင့်ပွဲတွင် စုစုပေါင်း သိန်း(၄၁၀)ကျော် ထီဆိုင်မှထီပေါက်ပါသည်။
မိမိ“ဝေဒ”နည်းပညာဖြင့် ထီအကြံပြုပေးရာ ထီပေါက်သဖြင့် ဇာတာရှင်နည်းတူ ၀မ်းသာပိတိဖြစ်ကာ
ရိုးသားစွာ မှတ်တမ်းတင် ရေးသားအပ်ပါသည်။
သင်ဆရာ မြင်ဆရာ အားလုံး၏တပည့်
ဆရာ ဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civli)
09-6801883(9.2.1014)(24:00)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်