Wednesday, February 19, 2014

သိဖို့က ပထမ



သိဖို့က ပထမ

ကျွန်တော်သည် ဗေဒင် ပညာကို ၀ါသနာပါသူ(၁)ဦး ဖြစ်ပါသည်။
အကြောင်းညီညွတ်သည့်အခါများတွင် လေ့လာခြင်း၊သင်ကြားခြင်းများကို ပြုလုပ်ပါသည်။
ထီပေါက်ခြင်းကို ပိုမိုစိတ်ဝင်စားပါသည်။အရင်းအနှီးအနည်းငယ်နှင့်အမြတ်များများရသောကြောင့်
ဖြစ်ပါသည်။
“ဝေဒ”နည်းပညာဖြင့် မိမိကိုယ်တိုင်သော်၎င်း၊အခြားထီပေါက်ချင်သူများကိုသော်၎င်း၊ထီပေါက်အောင်
အကြံပြုပေးနိုင်ရမည်၊မိမိကိုယ်တိုင်သော်၎င်း၊အခြားသူများကိုသော်၎င်း၊ထီပေါက်အောင် အကြံပြု
မပေးနိုင်သေးပါက မိမိလေ့လာသော“ဝေဒ”နည်းပညာ လိုနေသေးလို့ဟု သဘောထားကာ
“ဝေဒ”နည်းပညာကို ယုံကြည်မူဖြင့် ဆက်လက်လေ့လာ သင်ယူလျှက် ရှိပါသည်။
ထီကိုဘာလိုကံစမ်းတာလဲဟု မေးလာလျှင် အလွယ်တကူဖြေပါက ထီပေါက်ချင်လို့ဖြစ်ပါသည်။
ဘာလို့ထီပေါက်ချင်တာလဲဟု မေးပါက အရင်းအနှီးအနည်းငယ်နှင့်အမြတ်များများကို မြန်မြန်
လိုချင်လို့ဖြစ်ပါသည်။
ထီပေါက်ခြင်းကို လေ့လာရာတွင် မိမိအတိတ်ဘ၀ သံသရာအစမှယနေ့ထိ ပြုလုပ်ခဲ့ဘူးသော
ဒါနကုသိုလ်ကံအရှိန်အဟုန် ဂုဏ်သတ္တိကို ယခုဘ၀ ခံစားရမှာလား ဆိုသည့် သဘောကို
သိလိုသဖြင့် ထီကံစမ်းကြခြင်းဖြစ်ပါသည်။
မိမိတတ်နိုင်သလောက် ငွေကြေးဖြင့် ထီကံစမ်းခြင်းဖြစ်ပါသည်။
အတိတ်ဘ၀ သံသရာအစမှ ယနေ့အထိ ပြုလုပ်ခဲ့ဘူးသော ဒါနကုသိုလ်ကံအရှိန်အဟုန်
ဂုဏ်သတ္တိ အကျိုးပေးသူများ ယခုဘ၀တွင် ထီဆုကြီးကြီးပေါက်ကြပါသည်။
(ကံကိုယုံကြည်ပြီး ဆူးပုံမနှင်းရ)ဆိုသည့်အတိုင်း မိမိကိုယ်ပိုင်ဥာဏ်နှင့် စဉ်းစားကာ မိမိတတ်နိုင်
သလောက်ကိုသာ ထီကံစမ်းဖို့ကိုလည်း အကြံပြုလိုက်ပါသည်။
စားရေး၊၀တ်ရေး၊နေရေးနှင့်ကျန်းမာရေးတို့အတွက် ဥစ္စာစီးပွားတို့ကိုရှာရာတွင်
၁။ ထကြွ၊လုံးလ၊၀ိရိယနှင့်ပြည့်စုံရမည်။
၂။ စောင့်ရှောက်မူနှင့် ပြည့်စုံရမည်။
၃။ မိတ်ကောင်းဆွေကောင်းရှိရမည်။
၎။ မျှမျှတတ၊အသက်မွေးမြူတတ်ရမည်။
စသည့်အကြောင်းတရား(၄)ပါးဖြင့် တိုးတက် ကြီးပွားအောင် မိမိတွင်ရှိသော အသိတရားများ၊
အတတ်ပညာများ ဥစ္စာပစ္စည်းတို့ကို ရင်းနှီးပြီး ရှာဖွေတတ်ကြပါသည်။
အရင်းအနှီးမရှိသူများကတော့ ကိုယ့်အားကိုယ်ကိုးပြီး၊ စားရေး၊၀တ်ရေး၊နေရေးနှင့်ကျန်းမာရေးအတွက်
အလုပ်လုပ်ကြပါသည်။
ချမ်းသာခြင်းကို အလိုရှိသူများသည် ချမ်းသာနိုင်သည့် အကြောင်းတရားများကို ရှာဖွေကြရ၏။
ထီပေါက်ချင်ရင်တော့ ထီထိုးပါ။
“ဝေဒ”နည်းပညာနှင့် “စမ-အက္ခရာ”ကို သင်ကြားပေးသော ဆရာဒေါက်တာထူးလား
Ph.D(Astrology,India) ၏ ပညာပါရမီကြောင့်သာ ထီပေါက်မည့် “အက္ခရာ”ကို ကြိုတင်“သိ”
ရခြင်း ဖြစ်ပါသည်။
ထီပေါက်မည့် “စမ-အက္ခရာ”ကို ကြိုတင်“သိ”ရသဖြင့် “အက္ခရာ”တူလျှင် ထီပေါက်သည့်စနစ်ဖြစ်သော
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို မိမိနှင့် ထီပေါက်ချင်သူ ပါတနာများ ထီကံစမ်းသပ်ရာတွင်
အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ လက်တွေ့ထီပေါက်ကြပါသည်။
လက်တွေ့ ထီပေါက်သူများမှ အကျိုးစီးပွား ရှိခြင်းကို ကိုယ်တိုင်“သိ”ကြသောအခါ မှန်သည်မှန်သည်
ဟု ပြောနေသည့် နည်းစနစ်လည်း ဖြစ်ပါသည်။

ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် ပေါက်မည့် “အက္ခရာ”ကို သိပါသလား ဆိုသည်ကိုမေးလာပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် ပေါက်မည့် အက္ခရာကို သိပါသလား မေးလာသဖြင့် ရိုးသားစွာဝန်ခံရ
ပါက“မသိပါ”။
သို့သော် လူကြီးမင်း ထီပေါက်မည့် အက္ခရာ ကိုတော့ “ဝေဒ”နည်းပညာဖြင့် ကြိုတင်“သိ”ပါသည်။
ခုနှစ်သက္ကရာဇ်များကို စိုးမိုးသော “စမ-အက္ခရာ”ကို ရိုးသားစွာ မြင်အောင်ပြလိုက်ကာ
ဇာတာရှင်ကို ထီပေါက်မည့် “စမ-အက္ခရာ”ကိုလည်း အကြံ့ပုပေးလိုက်ပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် ပေါက်မည့် ပထမနေရာ ဂဏန်းကို သိပါသလားဆိုသည်ကိုဆွေးနွေး
လာပါသည်။ရိုးသားစွာဝန်ခံရပါက “မသိပါ”။
ထို့ကြောင့် ပထမနေရာ ဂဏန်းကို (၁)မှ(၉)အထိ ၊ထိပ်စီးစုံ ဂဏန်း(၉)လုံး ကို ထီကံစမ်းဖို့
အကြံပြုပေးခြင်းလည်း ဖြစ်ကြောင်းနားလည်အောင် ရှင်းပြလိုက်ပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် ပေါက်မည့် ဒုတိယနေရာ ဂဏန်းကို သိပါသလားဆိုသည်ကိုဆွေးနွေး
လာပါသည်။ရိုးသားစွာဝန်ခံရပါက “မသိပါ”။
ထို့ကြောင့် ဒုတိယနေရာ ဂဏန်း(၀)မှ(၉)အထိ ၊ဂဏန်းစုံ ဂဏန်း(၁၀)လုံး ကို ထီကံစမ်းဖို့
အကြံပြုပေးခြင်းလည်း ဖြစ်ကြောင်းနားလည်အောင် ရှင်းပြလိုက်ပါသည်။
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို ထီကံစမ်းခြင်းဖြစ်ပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် “အက္ခရာ” တူလျှင် ထီပေါက်သည့်စနစ်လည်း ဖြစ်ပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် အက္ခရာ တူထီပေါက်ဖို့ ဖြစ်နိုင်ချေနည်းစနစ်ဖြင့် စဉ်းစားပါက
အက္ခရာ(၃၆)လုံး ရှိသဖြင့် မဲလိပ်(၃၆)လိပ်ထဲမှ (၁)လိပ်နှိုက်ခြင်းနှင့် သဘောတရားခြင်း အတူတူပင်
ဖြစ်ပါသည်။
မိမိစိတ်ကြိုက် “အက္ခရာ”နှင့်ထီဂဏန်းများ ရရှိရန်အတွက် ထီကံစမ်းလိုသူများအနေဖြင့်(၁)လ
ကြိုတင် စာရင်းပေးမှာယူရတာ ဖြစ်ကြောင်းကိုလည်း နားလည်သဘောပေါက်သည့်အထိ
ဆွေးနွေးဖြစ်ပါသည်။
ဇာတာရှင်မှ ထီပေါက်ကိန်းရှိသည့်ကာလအတွင်း ထီကံစမ်းမည်ဖြစ်ကြောင်းနှင့်ထီလက်မှတ်ကိုလည်း
ကြိုတင်စာရင်းပေး မှာသွားပါသည်။

အသွင်သဏ္ဍန်အားဖြင့် ထီပေါက်ချင်သူကို ထီရောင်းချခြင်းမှန်သော်လည်း၊
အနှစ်သာရအားဖြင့် ထီပေါက်ချင်သူကို ထီပေါက်ကိန်းရှိသည့်ကာလအတွင်း ထီပေါက်မည့်
“အက္ခရာ”နှင့် “တတိယနေရာ”ဂဏန်းတို့ကို ရရှိရန်အတွက် ရှာရမည့်ဒုက္ခ၊ရှာမရသည့် သောကတို့မှ
ကင်းဝေးစေရန်အတွက် အကျိုးဆောင် အကြံပြုပေးခြင်းသာ ဖြစ်ကြောင်းကိုလည်း နားလည်
သဘောပေါက်သည့်အထိ ဆွေးနွေးဖြစ်ပါသည်။
အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ ထီပေါက်လျက်ရှိပါသည်။
ပူးပေါင်းပါဝင် ထီကံစမ်းခြင်းဖြင့်လည်း လူကြီးမင်းလည်း ထီပေါက်နိုင်ပါသည်။
ထို့ကြောင့် “သိ”ဖို့က ပထမ ပါ။
သိပြီး ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားကာ မိမိအတိတ်ဘ၀ သံသရာအစမှ ယနေ့ထိ ပြုလုပ်ခဲ့ဘူးသော
ဒါနကုသိုလ်ကံ အရှိန်အဟုန် ဂုဏ်သတ္တိကို မိမိတတ်နိုင်သလောက်ဖြင့် ထီကံစမ်းသင့်ပါကြောင်းကို
အသိပေး ရေးသားလိုက်ပါသည်။

သင်ဆရာ မြင်ဆရာ အားလုံး၏ တပည့်
ဆရာ ဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-(A.G.T.I-(Civil)
09-6801883(19.2.2014)(15:30)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်