Thursday, February 6, 2014

ထီပေါက်ချင်သူကို ထီအကြံပြုပေးခြင်း



ထီပေါက်ချင်သူကို ထီအကြံပြုပေးခြင်း


တစ်နေ့ဟောခန်းသို့ ထီပေါက်ချင်သူမှ ထီအကြံပြုပေးပါရန် ဆွေးနွေးလာပါသည်။
မိသားစုမွေးနေ့ခုနှစ်သက္ကရာဇ်ကိုပါ ယူလာပါသည်။၎င်းတို့မိသားစုထဲမှ ယခုကာလ ငွေအမြောက်
အများဝင်ကိန်းရှိသူများထဲမှ ထီပေါက်ကိန်းကိုအားအကောင်းဆုံးသူနှင့် ထီကံစမ်းလိုသဖြင့်
တွက်ချက်ဆွေးနွေးပေးပါရန်လည်း တောင်းဆိုလာပါသည်။
ထီပေါက်ကိန်းတွင် မူလဇာတာလဂ် ရာသီရပ်တည်မှု အနေအထားကောင်းခြင်းသည်လည်း
ထီပေါက်ခြင်းအတွက် အကြောင်းတရား(၁)ခုဖြစ်ပါသည်။
ထီပေါက်ကိန်းတွင် မူလဇာတာစန်း ရာသီရပ်တည်မှု အနေအထားကောင်းခြင်းသည်လည်း
ထီပေါက်ခြင်းအတွက် အကြောင်းတရား(၁)ခုဖြစ်ပါသည်။
ထီပေါက်ကိန်းတွင် မူလဇာတာကြာသာပတေးဂြိုလ် ရာသီရပ်တည်မှုအနေအထား
ကောင်းခြင်းသည်လည်း ထီပေါက်ခြင်းအတွက် အကြောင်းတရား(၁)ခုဖြစ်ပါသည်။
ထီပေါက်ကိန်းတွင် မူလဇာတာစနေဂြိုလ် ရာသီရပ်တည်မှုအနေအထား
ကောင်းခြင်းသည်လည်း ထီပေါက်ခြင်းအတွက် အကြောင်းတရား(၁)ခုဖြစ်ပါသည်။
ယခုကာလထီပေါက်ကိန်းတွင် အကြောင်းတရား(၄)ခုအနက်(၁)ခုတိုက်ဆိုင်လျှင် ယခုကာလ
ထီပေါက်ကိန်း ရှိကြောင်းကိုလည်း ဆွေးနွေးဖြစ်ပါသည်။
ထို့ကြောင့် မိသားစုထဲမှ အကြောင်းတရား (၄)ခု ရှိသည့်အနက်မှ အကြောင်းတရား အများဆုံး
တိုက်ဆိုင်သူနှင့် ထီကံစမ်းလိုကြောင်းကို ဆွေးနွေးလာခြင်း ဖြစ်ပါသည်။
ထို့ကြောင့် မိသားစုထဲမှ ၁၃၇၀ ခုနှစ်သက္ကရာဇ် ၊တခူးလပြည့်ကျော်(၄)ရက်၊ဗုဒ္ဓဟူးနေ့(၁၄း၂၂)
နေပြည်တော်တွင် မွေးဖွားသူကို ရွေးချယ်ပေးလိုက်ပါသည်။
ဇာတာရှင်သည် ဗြိစ္ဆာလဂ် ပိုင်ရှင်ဖြစ်နေသဖြင့်၎င်း၊ဓနုရာသီတွင် ကြာသာပတေးဂြိုလ် ရပ်တည်နေ
သဖြင့်၎င်း၊(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်အများဝင်ကိန်းရှိနေပါသည်။
ယခုကာလအတွင်းငွေအမြောက်အများဝင်ကိန်းရှိနေသဖြင့်
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်းရှိသူဖြစ်ပါသည်။
ငွေအမြောက်အများဝင်ကိန်းနှင့်ထီပေါက်ကိန်းမှာရောနှောနေသဖြင့်
ထီပေါက်ချင်သူများကို တိကျသောအကြံပြုပေးနိုင်ရန် အတွက် ထီပေါက်မည့်“စမ-အက္ခရာ”၊
ပထမနေရာဂဏန်း၊တတိယနေရာဂဏန်း၊ထီပေါက်နိုင်သည့်အကြိမ်၊
ထီဆုအသေးအကြီး စသည်တို့ကို “ဝေဒ”နည်းပညာဖြင့် ကြိုတင်“သိ”ရှိနိင်ရန်
သင်ပြပေးသူ ဆရာသမားများထံတွင် သင်ယူလေ့လာပါသည်။ထားပါတော့-
ထီပေါက်ကိန်းတော့ ရှိပါပြီ၊ထီကိုဘယ်လိုကံစမ်းရမလဲ စသည်ဖြင့် ဆွေးနွေးလာပါသည်။
ထီပေါက်ဖို့ စဉ်းစားရာတွင် ပထမဦးဆုံး အနေဖြင့် အက္ခရာ တူဖို့လိုပါသည်။
ငွေကြေးတတ်နိုင်သူများအဖို့ အထူးမင်္ဂလာစုံတွဲ ထီကံစမ်းလျှင် အက္ခရာမှာ တူပြီး ဖြစ်ပါသည်။
ထီပေါက်မည့်အက္ခရာကို ကြိုတင်“သိ”လိုသူများ ဆွေးနွေးနိုင်ပါသည် ကြော်ငြာထားသဖြင့်
လာရောက် ဆွေးနွေးခြင်းလည်း ဖြစ်ပါသည်။
ဝေဒ နည်းပညာနှင့် “စမ-အက္ခရာ”ကို သင်ကြားပေးသော ဆရာ ဒေါက်တာထူးလား
 Ph.D(Astrology,India)၏ ပညာပါရမီကြောင့်သာ ထီပေါက်မည့် “အက္ခရာ”ကို
ကြိုတင်“သိ”ရ ခြင်း ဖြစ်ပါသည်။
“ဝေဒ”နည်းပညာတွင်
မွေးဖွားသည့် ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော “စမ-အက္ခရာ၊
မွေးလကို စိုးမိုးသော “စမ-အက္ခရာ၊
မွေးရက်ကို စိုးမိုးသော“စမ-အက္ခရာ၊နှင့်
မွေးနေ့ကို စိုးမိုးသော“စမ-အက္ခရာ”ဟူ၍ ရှိပါသည်။
ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော “စမ-အက္ခရာ”သည် အားအကောင်းဆုံး ဖြစ်ပါသည်။
၁၃၇၀ ခုနှစ်တွင်မွေးဖွားသူ ဖြစ်သဖြင့် ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော
ထီပေါက်မည့် “စမ-အက္ခရာ”မှာ(ထ)အက္ခရာ ဖြစ်ကြောင်း အကြံပြုပေးလိုက်ပါသည်။

ထီပေါက်မည့်နည်းစနစ်
ထီပေါက်မည့် အက္ခရာ(ထ)ကိုတော့ သိပါပြီ၊ထီပေါက်အောင် ဘယ်လိုကံစမ်းရမလည်း
ဆိုသည်ကို ဆွေးနွေးဖြစ်ပါသည်။
ထီပေါက်မည့် အက္ခရာ ကို ကြိုတင်“သိ”သူများအနေဖြင့် “အက္ခရာ” တူလျှင် ထီပေါက်သည့်စနစ်
ဖြစ်သော ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို ထီကံစမ်းဖို့ အသိပေး အကြံပြုလိုက်ပါသည်။
မိမိအစုအဖွဲကထဲမှ(၁)ဦး ကျပ်သိန်း(၁၀၀)ဆုကြီး ထီပေါက်ပါက ကျန်သူများအားလုံး
အက္ခရာလွဲ ဂဏန်း(၆)လုံး အစဉ်လိုက်တူသဖြင့် ကျပ်(၁၀)သိန်းဆုစီ ၊ပေါက်မည့်နည်းစနစ်ဖြစ်ကြောင်း
ကိုလည်း ဆွေးနွေးဖြစ်ပါသည်။
တတိယနေရာဂဏန်းများကို အကြံပြုပေးခြင်း
ထီပေါက်ဖူးသူများဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
မူလဇာတာတနင်္လာဂြိုလ်ရပ်တည်သော ရာသီပိုင်နက္ခတ် စိုးမိုးဂဏန်းများသည် တတိယနေရာဂဏန်း
များဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်၏ တနင်္လာဂြိုလ်သည် ဗြိစ္ဆာရာသီတွင် ရှိနေပါသည်။
ဗြိစ္ဆာရာသီကို စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းများဖြစ်သည့်(၅)၊(၇/၀)၊(၄)ဂဏန်းများကို
တတိယနေရာ ထီကံစမ်းဖို့ အသိပေး အကြံပြုလိုက်ပါသည်။
ထီလက်မှတ်ရှာဖွေရန် အချိန်အခက်အခဲရှိသူများနှင့် ထီပေါက်ချင်သူများအနေဖြင့်
စိတ်ကြိုက်“အက္ခရာ”နှင့်တတိယနေရာ ဂဏန်းများ ထီမှာယူကံစမ်းလိုပါက အကျိုးဆောင်ပေးသော
ဖုန်း(၀၉-၄၉၂၀၄၀၈၈၊၀၆၇-၄၃၂၂၂၄)သို့(၁)လ ကြိုတင်ပြီး၊စာရင်းပေး မှာယူနိင်ကြောင်းကိုလည်း
ဆွေးနွေးဖြစ်ပါသည်။
ဇာတာရှင်မှ(၃၀၁)ကြိမ် (၁.၂.၂၀၁၄)ထီဖွင့်ပွဲအတွက် ကြိုတင်စာရင်းပေး မှာသွားပါသည်။
မွေးဖွားခုနှစ်သက္ကရာဇ်ကို ယုံကြည်မူဖြင့် ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို ထီကံစမ်းသူတိုင်း
ကို ထီမဖွင့်ခင်(၁)ရက်အလိုတွင် မေတ္တာလက်ဆောင် ထီလက်မှတ်အပို(၃)စောင် လက်ဆောင်ပေး
ကြောင်း ၄င်းနေ့တွင် အကြောင်းညီညွတ်ပါက ထီလက်မှတ် လာယူနိင်ကြောင်းကိုလည်း
ပြောလိုက်ပါသည်။
(၇.၇.၂၀၁၃)ရက်နေ့ဆိုင်ခွဲဖွင့်ပွဲအမှတ်တရအနေဖြင့် ၄င်းနေ့ထီကံစမ်းသူတိုင်းကို ထီလက်မှတ်
အပို(၁)စောင် လက်ဆောင်ပေးရာ ငွေကျပ်(၁၀)သိန်းဆု ပေါက်ပါသည်။
ထီပေါက်မည့်သူ၏ လက်ထဲတွင် ထီလက်မှတ် ရှိဖို့သာလိုပါသည်။
ဇာတာရှင်သည် (၃၀၁)ကြိမ်(၁.၂.၂၀၁၄) ထီဖွင့်ပွဲတွင်
ထ ၂၈၅၃၈၁ ဖြင့် ကျပ်(၁)သိန်းဆုထီပေါက်ပါသည်။
ဇာတာရှင်ထီပေါက်သဖြင့် ၄င်းနည်းတူ ၀မ်းသာပိတိဖြစ်မိပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက “ဝေဒ”နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းနှင့်
“နက္ခတ်”နည်းပညာ ဥပဒေသများမှန်ကန်ခြင်းကို သက်သေပြနေပါသည်။
ထီပေါက်ချင်သူများအနေဖြင့် မိသားစုထဲမှ ယခုကာလ ထီပေါက်ကိန်းရှိသူ အားကောင်းသည့်သူကို
လည်းရွေးချယ် ထီကံစမ်းလျှင် ထီပေါက်ကြောင်းသိရှိလေ့လာနိုင်ရန် အကြံပြုရေးသားလိုက်ပါသည်။
သင်ဆရာ မြင်ဆရာ အားလုံး၏တပည့်
ဆရာဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civil)
09-6801883(7.2.2014)(02:20)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်