Thursday, February 20, 2014

ထီပေါက်ချင်သူု မိသားစု ဇာတာများထဲမှထီပေါက်ဖို့အားကောင်းသည့်ဇာတာ နှင့်ထီပေါက်မည့်“အက္ခရာ”၊“တတိယနေရာ”တို့ကို အကြံပြုပေးရာ (၃၀၁)ကြိမ်တွင် အကျိုးပေးချိန်တန်သဖြင့် ထီပေါက်ခြင်း



ထီပေါက်ချင်သူု မိသားစု ဇာတာများထဲမှထီပေါက်ဖို့အားကောင်းသည့်ဇာတာ
 နှင့်ထီပေါက်မည့်“အက္ခရာ”၊“တတိယနေရာ”တို့ကို အကြံပြုပေးရာ
(၃၀၁)ကြိမ်တွင် အကျိုးပေးချိန်တန်သဖြင့် ထီပေါက်ခြင်း

ကျွန်တော်သည် ဝေဒနည်းပညာကို ၀ါသနာပါသူ(၁)ဦးဖြစ်ပါသည်။
၁၉၉၅ ခုနှစ်မှစတင်ပြီး၊ထီအကြံပြုခြင်း လုပ်ငန်းကို ဗေဒင်ဟောခန်းဖွင့်ကာ ဆောင်ရွက်ခဲ့ပါသည်။
မိမိကိုယ်တိုင်သော်၎င်း၊ထီပေါက်ချင်သူများကိုသော်၎င်း ထီပေါက်အောင်အကြံပြုပေးနိုင်ရမည်
အကြံပြုမပေးနိင်သေးပါက မိမိလေ့လာသော“ဝေဒ”နည်းပညာလိုနေသေးလို့ဟု သဘောထားကာ
ဆက်လက်လေ့လာ သင်ယူပါသည်။
“ဝေဒ”နည်းပညာနှင့် “စမ-အက္ခရာ”ကို သင်ကြားပေးသော ဆရာဒေါက်တာထူးလား
Ph.D(Astrology,India) ၏ ပညာပါရမီကြောင့်သာ ထီပေါက်မည့် “အက္ခရာ”ကို ကြိုတင်“သိ”ရခြင်း ဖြစ်ပါသည်။


ထီပေါက်မည့် “စမ-အက္ခရာ”ကို ကြိုတင်“သိ”ရသဖြင့် “အက္ခရာ”တူလျှင် ထီပေါက်သည့်စနစ်ဖြစ်သော
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို မိမိနှင့် ထီပေါက်ချင်သူ ပါတနာများ ထီကံစမ်းသပ်ရာတွင်
အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ လက်တွေ့ထီပေါက်ကြပါသည်။
လက်တွေ့ ထီပေါက်သူများမှ အကျိုးစီးပွား ရှိခြင်းကို ကိုယ်တိုင်“သိ”ကြသောအခါ မှန်သည်မှန်သည်
ဟု ပြောနေသည့် နည်းစနစ်လည်း ဖြစ်ပါသည်။
ထီလက်မှတ်(၁)စောင်=၃၀၀ိ/-
ထီလက်မှတ် ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်=၂၇၀၀၀ိ/-
တစ်နေ့ဟောခန်းသို့ ထီပေါက်ချင်သူ(၁)ဦးမှ ဗေဒင်ဟောခန်းသို့ရောက်လာကာ ထီပေါက်လိုကြောင်း
နှင့်ဝန်ထမ်းဖြစ်သဖြင့် မိသားစုထဲမှ ထီပေါက်အား အကောင်းဆုံးသူနှင့်ရွေးချယ်ကံစမ်းလိုကြောင်း
ဆွေးနွေးလာပါသည်။
မိသားစုမွေးဖွားခုနှစ်သက္ကရာဇ်များကို ယူလာပါသည်။
တွက်ချက်ရာတွင် အောက်ပါဇာတာများကို ရရှိပါသည်။

ဖခင်ဇာတာတွင်
မိဿရာသီတွင် စနေဂြိုလ် ရှိနေပါသဖြင့်
ယခုကာလ ထီပေါက်ကိန်းနှင့်တိုက်ဆိုင်ကြည့်သောအခါ အကြောင်းတရား(၁)ခုတိုက်ဆိုင်နေပါသည်။
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်းရှိနေပါသည်။
မိခင်ဇာတာတွင်
ကန်ရာသီလဂ်ပိုင်ရှင် ဖြစ်နေသဖြင့်၎င်း
ဓနုရာသီတွင် ကြာသာပတေးဂြိုလ်ရှိနေသဖြင့်၎င်း၊
ယခုကာလ ထီပေါက်ကိန်းနှင့်တိုက်ဆိုင်ကြည့်သောအခါ အကြောင်းတရား(၂)ခုတိုက်ဆိုင်နေပါသည်။
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်းရှိနေပါသည်။
သမီးဇာတာတွင်
ဗြိစ္ဆာရာသီလဂ်ပိုင်ရှင် ဖြစ်နေသဖြင့်၎င်း၊
ဗြိဿ ရာသီစန်းပိုင်ရှင် ဖြစ်နေသဖြင့်၎င်း၊
တူရာသီတွင် ကြာသာပတေးဂြိုလ်ရှိနေသဖြင့်၎င်း၊
ယခုကာလ ထီပေါက်ကိန်းနှင့်တိုက်ဆိုင်ကြည့်သောအခါ အကြောင်းတရား(၃)ခုတိုက်ဆိုင်နေပါသည်။
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်းရှိနေပါသည်။
သားဇာတာတွင်
သိဟ်ရာသီလဂ်ပိုင်ရှင် ဖြစ်နေသဖြင့်၎င်း၊
ဗြိစ္ဆာ ရာသီစန်းပိုင်ရှင် ဖြစ်နေသဖြင့်၎င်း၊
ဓနုရာသီတွင် ကြာသာပတေးဂြိုလ်ရှိနေသဖြင့်၎င်း၊
ယခုကာလ ထီပေါက်ကိန်းနှင့်တိုက်ဆိုင်ကြည့်သောအခါ အကြောင်းတရား(၃)ခုတိုက်ဆိုင်နေပါသည်။
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်းရှိနေပါသည်။

အားအကောင်းဆုံးကို ရွေးချယ်သည့် နည်းစနစ်
ထီပေါက်ကိန်းတွင်
(က) ထီပေါက်ကိန်းကို တိုက်ဆိုင်ကြည့်ခြင်း
ပထမအနေဖြင့် အားအကောင်းဆုံးမှာ လဂ် ဖြစ်ပါသည်။
ဒုတိယအနေဖြင့် အားအကောင်းဆုံးမှာ စန်းဖြစ်ပါသည်။
တတိယအနေဖြင့် အားအကောင်းဆုံးမှာ ကြာသာပတေးဂြိုလ်ဖြစ်ပါသည်။
စတုထ္ထအနေဖြင့် အားအကောင်းဆုံးမှာ စနေဂြိုလ်ဖြစ်ပါသည်။
အကြောင်းတရား(၃)ပါး တိုက်ဆိုင်သည့်ဇာတာ(၂)စောင်ကို တွေ့ရပါသည်။
လဂ်၊စန်းနှင့်ကြာသာပတေးတို့တူညီနေခြင်း ဖြစ်ပါသည်။
အားကောင်းသည့်ဇာတာများ တူညီနေသဖြင့် ထပ်မံစီစစ်ရပါသည်။
(ခ) ကြာသာပတေးဂြိုလ် ရပ်တည်မူကို တိုက်ဆိုင်ကြည့်ခြင်း

(ဥုစ်၊ကသစ်၊)
သမီးလှရတနာသည် တူရာသီတွင် ကြာသာပတေးဂြိုလ် ရပ်တည်ပါသည်။
သားလှရတနာသည် ဓနုရာသီတွင် ကြာသာပတေးဂြိုလ် ရပ်တည်ပါသည်။
ဓနုရာသီတွင် ရပ်တည်သဖြင့် ကြာသာပတေးဂြိုလ်သည် ကသစ်ဖြစ်နေပါသည်။
ထို့ကြောင့် မောင်ရဲရင့်လင်း ဇာတာကို ရွေးချယ်ပေးလိုက်ပါသည်။
တတိယနေရာကို “အသိပေး”အကြံပြုပေးခြင်း
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
တနင်္လာဂြိုလ် ရပ်တည်သော ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည် တတိယနေရာ ဂဏန်းများ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။

ဇာတာရှင်သည် ဗြိစ္ဆာရာသီတွင် ရှိနေပါသဖြင့် ရာသီပိုင်နက္ခတ် စိုးမိုးဂဏန်းများဖြစ်သော
(၅.၇/၀.၄)ဂဏန်းများကို တတိယနေရာ ထီကံစမ်းဖို့ အကြံပြုပေးလိုက်ပါသည်။
ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် ရှေ့ဂဏန်း(၂)လုံးတူ ထီိကံစမ်းထားသဖြင့် တတိယနေရာ
ဂဏန်းများတူလျှင် ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
ဇာတာရှင်သည်(၃၀၁)ကြိမ် ၁၃၇၀ ခုနှစ်တွင် မွေးဖွားသူ မောင်ရဲရင့်လင်း ၀၉-၄၀၁၆၄၃၆၂၈သည်
ထ ၂၈၅၃၈၁ ဖြင့် ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ ထီပေါက်ခြင်းဖြစ်ပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက “ဝေဒ”နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းနှင့်နက္ခတ် နည်းပညာများ
မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
“ဝေဒ”နည်းပညာဖြင့် ထီပေါက်ချင်သူကို ထီအကြံပြုပေးရာ ထီပေါက်သဖြင့် ဇာတာရှင်မိသားစု
နည်းတူ ၀မ်းသာပိတိ ဖြစ်မိကာ မှတ်တမ်းတင် ရေးသားအပ်ပါသည်။
ပူးပေါင်းပါဝင် ကံစမ်းခြင်းဖြင့် သင်လည်း ထီပေါက်နိုင်ပါသည်။
သင်ဆရာမြင်ဆရာ အားလုံး၏ တပည့်
ဆရာ ဘုန်းမြင့်(ဝေဒသုတေသီ)A.G.T.I-(CIVIL)
Ph:09-6801883(၂၀.၂.၂၀၁၄)(၁၆း၄၅)


No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်