Monday, February 24, 2014

ထီပေါက်အောင်ကံစမ်းခြင်းကို အကြံပြုပေးခြင်း



Tuesday,February25,2014

ထီပေါက်အောင်ကံစမ်းခြင်းကို အကြံပြုပေးခြင်း


တစ်နေ့ထီပေါက်ချင်သူ(၁)ဦးနှင့် ရုံးအမှတ်(၁၄) လဘက်ရည်ဆိုင်တွင် အကြောင်းညီညွတ်သဖြင့်
တွေ့ဆုံဆွေးနွေးဖြစ်ပါသည်။ထီပေါက်ချင်သူမှ ထီပေါက်လိုကြောင်းကို ဆွေးနွေးလာပါသည်။
ငွေကြေးတတ်နိုင်သူများအနေဖြင့် ထီပေါက်အောင် ကံစမ်းဖို့မှာလွယ်ကူကြောင်း ဆွေးနွေးဖြစ်ပါသည်။
ဖြစ်နိုင်ချေနည်းစနစ်ဖြင့် စဉ်းစားလျှင် ထီပေါက်ဖို့မဲလိပ်(၁)လိပ်ထဲမှ (၁)လိပ်နှိုက်သည့် စနစ်
ဖြစ်ပါသည်။
ထီကံစမ်းလာသည်မှာ ကြာပြီဖြစ်ကြောင်း ထီမပေါက်သဖြင့် ထီပေါက်လိုကြောင်း
ထီပေါက်ချင်သူမှ ထီပေါက်ဖို့ အတွက် ဘယ်လောက်ဖို့ ထီကံစမ်းရမှာလည်း ဆိုသည်ကို ဆွေးနွေး
လာပါသည်။
မြန်မာ့အောင်ဘာလေ ထီပေးသည့်စနစ်
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် အက္ခရာ နှင့် ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်တူပါက ကျပ်(၅)သောင်းဆု
ထီပေါက်ပါသည်။
အက္ခရာတူဖို့စဉ်းစားခြင်း
အထူးမင်္ဂလာစုံတွဲ တတ်နိုင်သူများအဖို့ ထီကံစမ်းထားပါက အက္ခရာမှာတူပြီးဖြစ်ပါသည်။
ပထမနေရာ ဂဏန်းများတူဖို့ စဉ်းစားခြင်း
မြန်မာ့အောင်ဘာလေထီ ပထမနေရာ ဂဏန်း(၁)မှ(၉)အထိ၊ဂဏန်း(၉)လုံး ရှိပါသည်။
ပထမနေရာ ထိပ်စီးစုံ (၉)လုံး ထီကံစမ်းထားသူများ အနေဖြင့် ပထမနေရာ ဂဏန်းများတူပြီးဖြစ်ပါသည်
ဒုတိယနေရာ ဂဏန်းများတူဖို့ စဉ်းစားခြင်း
မြန်မာ့အောင်ဘာလေထီ ဒုတိယနေရာ ဂဏန်း(၀)မှ(၉)အထိ၊ဂဏန်း(၁၀)လုံး ရှိပါသည်။
ဒုတိယနေရာ ဂဏန်းစုံ(၁၀)လုံး ထီကံစမ်းထားသူများ အနေဖြင့် ဒုတိယနေရာ ဂဏန်းများလည်း
တူပြီးဖြစ်ပါသည်။
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀) အထူးမင်္ဂလာစုံတွဲ ထီကံစမ်းထားခြင်းလည်း ဖြစ်ပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် ထီပေါက်ဖို့ “အက္ခရာ”နှင့် ရှေ့ဂဏန်း(၂)လုံးတူ အထူးမင်္ဂလာစုံတွဲ
(၉၀)တွဲ ပေါက်ဂဏန်း ထီလက်မှတ်များကို ထီကံစမ်းထားခြင်း ဖြစ်ပါသည်။
ထီပေါက်ဖို့ မဲလိပ်(၁)လိပ်ထဲမှ(၁)လိပ် နှိုက်သည့် နည်းစနစ်လည်း ဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ(၁)တွဲ=၈၅၀၀၀ိ/-
အထူးမင်္ဂလာစုံတွဲ ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)တွဲ=၇၆၅၀၀၀ိ/-
ငွေကြေးတတ်နိုင်သူများအနေဖြင့် ထီပေါက်အောင် ကံစမ်းသော နည်းစနစ်လည်းဖြစ်ပါသည်။
ငွေကြေးတတ်နိုင်သူများအနေဖြင့် ထီပေါက်အောင် ဘယ်လိုကံစမ်းရမလည်း မေးနေကြသော
ဖေ့ဘုတ်မိတ်ဆွေများကို ထိုဆောင်းပါးနှင့် ဖြစ်နိုင်ချေနည်းစနစ်ဖြင့် အကြံပြုလိုက်ပါသည်။
သင်ဆရာ မြင်ဆရာ အားလုံး၏တပည့်
ဆရာ ဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civil)
Ph:09-6801883
At 11:58 AM
Labeis:ထီပေါက်အောင် ကံစမ်းခြင်းကို အကြံပြုပေးခြင်း

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်