သိန်းရာကျော်ပေါက်သူ၏ ဇာတာအားလေ့လာခြင်း
ထီပေါက်ခြင်းနှင့်ပတ်သက်ပြီး
စိတ်ဝင်စားသဖြင့် ထီပေါက်သူများနှင့်
အကြောင်းညီညွတ်သည့်အခါများတွင်
တွေ့ဆုံဆွေးနွေးဖြစ်ပါသည်။
ထီပေါက်သူများနှင့်
အကြောင်းမညီညွတ်သည့်အခါများတွင် လည်းကောင်း
တို့၏
မွေးသက္ကရာဇ်များကို အကျိုးဆောင်ပေးသူများထံမှ ရယူပြီး သုသေသန
ပြုလုပ်လျှက်
ရှိပါသည်။
မြန်မာ့အောင်ဘာလေထီနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သော
ထီဆုပေးသည့်စနစ်
မြန်မာ့အောင်ဘာလေထီသည်
ရောင်းရငွေ၏ (၆၀)%ကိုဆုအဖြစ်ပေးသော
စနစ်ဖြစ်ပါသည်။
ကျပ်သိန်း(၁၅၀၀)အထူးဆုကြီးတွင်
အက္ခရာနှင့် ရှေ့ဂဏန်း(၂)လုံးအစဉ်
လိုက်တူပါက
အောင်ဘာလေမိတ်သဟာဆုအဖြစ်(၅)သောင်းဆုချီးမြှင့်ပါ
သည်။
ကျပ်သိန်း(၁၀၀)ဆုကြီး(မင်္ဂလာစုံတွဲစနစ်)တွင်
အက္ခရာနှင့်
ရှေ့ဂဏန်း (၃)လုံး အစဉ်လိုက်တူပါက(၁)သိန်းဆု
အက္ခရာနှင့်
ရှေ့ဂဏန်း (၄)လုံး အစဉ်လိုက်တူပါက(၂)သိန်းဆု
အက္ခရာနှင့်
ရှေ့ဂဏန်း (၅)လုံး အစဉ်လိုက်တူပါက(၃)သိန်းဆုနှင့်
အက္ခရာလွဲ
ဂဏန်း(၆)လုံးအစဉ်လိုက်တူပါက(၁၀)သိန်းဆု
ချီးမြှင့်ပါသည်။
ကျန်ဆုများမှာ
အက္ခရာနှင့်ဂဏန်း(၆)လုံး အစဉ်လိုက်တူမှ ပေါက်သည့်
ဆုများ
ဖြစ်ပါသည်။
ထီပေါက်ဖို့ဖြစ်နိုင်ချေနည်းစနစ်ဖြင့်
စဉ်းစားခြင်း
မြန်မာ့အောင်ဘာလေထီသည်
ထိပ်စီး(၁)မှထိပ်စီး(၉)အထိ ထိပ်စီး(၉)ခုရှိ
ပါသည်။မြန်မာ့အောင်ဘာလေ
အထူးမင်္ဂလာစုံတွဲ(၁)တွဲ ထီကံစမ်းပါက
ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင်
ရှေ့ဂဏန်း(၃)လုံးတူ ကျပ်(၁)သိန်းဆု
ထီပေါက်ဖို့
မဲလိပ်(၉၀၀)ထဲမှ မဲ(၁)လိပ်နှိုက်ခြင်းနှင့် သဘောတရားခြင်း
အတူတူပင်
ဖြစ်ပါသည်။
ကောင်းကင်ဂြိုလ်၊နက္ခတ်များစိုးမိုးခြင်း
ကောင်းကင်ရှိဂြိုလ်၊နက္ခတ်များသည်
မြေပြင်ပေါ်ရှိ သက်ရှိ/သက်မဲ့များအပေါ်
သို့
စိုးမိုးလျှက်ရှိပါသည်။တစ်ခါတစ်ရံတွင် ဆိုးကျိုးများ ဖြစ်ပေါ်သကဲ့သို့
တစ်ခါတစ်ရံတွင်
ထီပေါက်ခြင်း၊ငွေဝင်ခြင်း၊အောင်မြင်ခြင်းများ ဖြစ်ပေါ်လျက်
ရှိပါသည်။
ထီဖွင့်ပွဲဇာတာများကို“ဝေဒ”နည်းပညာဖြင့် သုတေသနပြုလုပ်လေ့လာတွေ့
ရှိချက်အရ
ကောင်းကင်ရှိ
ဂြိုလ်၊နက္ခတ်များသည် မြေပြင်ပေါ်ရှိ သက်ရှိ/သက်မဲ့များ
အပေါ်သို့
စိုးမိုးပါက တစ်လတစ်ခါ ဖွင့်လှစ်လျက်ရှိသော မြန်မာ့အောင်ဘာ
လေ
ထီဖွင့်ချိန်တွင် စိုးမိုးသော “လဂ်”ရာသီပိုင် “နက္ခတ်”စိုးမိုးဂဏန်းများကို
လည်း
ထီနှိုက်သူများ နှိုက်ကြရလိမ့်မည် ဖြစ်ပါသည်။
ကောင်းကင်ဂြိုလ်၊နက္ခတ်တို့မှ ပြောသောအသံများ
မည်သည့်ဖြစ်ရပ်၊ကောင်းသည့်ဖြစ်ရပ်ဖြစ်စေ၊ဆိုးသည့်ဖြစ်ရပ်ဖြစ်စေ၊ထင်ရှား
သော
ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်း အားလုံးသည် မူလဇာတာတွင် မပါရှိဘဲ
မည်သည့်အကြောင်းနှင့်မျှ
ဖြစ်လာစရာ အကြောင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော်
ဇာတာရှင်၏ အတိတ်ဘ၀ကုသိုလ်ကံ၊အကုသိုလ်ကံ၊
အကြောင်းတရားများကြောင့်
ကောင်းကင်ရှိ ဂြိုလ်၊နက္ခတ်ဖွဲ့စည်းတည်
ဆောက်မှုတို့က
ဇာတာရှင်၏ မွေးဖွားချိန်တွင် သတ်မှတ် ပုံဖေါ်ပေးလိုက်
သောကြောင့်
ဖြစ်ပါသည်။
မြန်မာ့အောင်ဘာလေ ထီကံစမ်းခြင်း
မြန်မာ့အောင်ဘာလေထီတွင်
ထိပ်စီး(၁)မှ(၉)အထိရှိပါသည်။ရှေ့ဂဏန်း(၃)
လုံးကိုစဉ်းစားလျှင်
အကွက်(၉၀၀)ရှိပါသည်၊အထူးမင်္ဂလာစုံတွဲ(၁)တွဲ ထီကံ
စမ်းပါက
ကျပ်သိန်း(၁၀၀)ဆုကြီး (မင်္ဂလာစုံတွဲစနစ်)တွင် ရှေ့ဂဏန်း(၃)လုံး
တူ
ကျပ်(၁)သိန်းဆု ထီပေါက်ဖို့ မဲလိပ်(၉၀၀)ထဲမှ(၁)လိပ်နှိုက်ခြင်းနှင့်
သဘောတရားခြင်း
အတူတူပင် ဖြစ်ပါသည်။
ထီပေါက်သူ၏
ဇာတာအားလေ့လာခြင်း
ထီဖွင့်ပွဲဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
လည်းကောင်း၊
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာ
တွေ့ရှိချက်အရလည်ကောင်း
သုတေသန
ဆန်းစစ်နည်းစနစ်များကို အသုံးပြုသည့် ကိုယ်ပိုင်နည်းသည်
သင်ဆရာ
မြင်ဆရာ အားလုံး ၏ တပည့်ဖြစ်သဖြင့်လည်ကောင်း ထီဖွင့်ပွဲဇာတာများနှင့်ထီပေါက်ပေါက်ဖူးသူဇာတာများစွာအား
သုတေသန
တွေ့ရှိချက်များမှ
ဖေါ်ထုတ်ထားခြင်းကြောင့် အခြား ထီပေါက်ကိန်း
ဟောကိန်းများစွာနှင့်
ခြားနားပါသည်။
မိဘ၊ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် ပိုင်းခြားတွေ့ရှိထားသော
စနစ်ဖြင့် ဆန်းစစ်လေ့လာပါမည်။
၁။
ငွေအမြောက်အများဝင်ကိန်း
၂။
ထီပေါက်ကိန်း
၃။
မိမိအကျိုးပေး လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
၎။
မိမိအကျိုးပေး စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
၅။
ထီပေါက်နိုင်သည့် အကြိမ်
၆။
ထီဆုအသေး/အကြီး
စသည်တို့ဖြစ်ပါသည်။
ထီပေါက်သူ၏
ဇာတာအားလေ့လာခြင်း
ထီပေါက်သူသည်
ကန်ရာသီလဂ် ဖြစ်ပါသည်။
မေထုန်ရာသီတွင်
တနင်္လာဂြိုလ် စန်းရှိပါသည်။
၁။ ငွေအမြောက်အများဝင်ကိန်း
ဇာတာရှင်သည်
ကန်ရာသီလဂ် ပိုင်ရှင် ဖြစ်သဖြင့် (၁.၆.၂၀၁၃)မှ
(၁၈.၆.၂၀၁၄)အတွင်း
ငွေအမြောက်အများ ၀င်ကိန်းရှိသူ ဖြစ်ပါသည်။
ယခုကာလငွေအမြောက်အများဝင်ကိန်းရှိသူ
ဖြစ်နေခြင်းမှာလည်း
ထီပေါက်ဖို့
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများ၏ ဇာတာများအား သုတေသန
ပြုလုပ်ရာတွင် ထီပေါက်သူအားလုံးသည် လည်းကောင်းကာလတွင်
ငွေအမြောက်အများ ၀င်ကိန်းရှိသူများသာ ဖြစ်နေကြောင်းကို လေ့လာ
တွေ့ရှိရပါသည်။
၂။ ထီပေါက်ကိန်း
ဇာတာရှင်သည်
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်အများ
ဝင်ကိန်းရှိသူ
ဖြစ်နေပါသဖြင့်(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း
ထီပေါက်ကိန်းရှိနေသူတစ်ဦးဖြစ်နေခြင်းမှာလည်း
ထီပေါက်ဖို့ အကြောင်း
တရား(၁)ခု
ဖြစ်ပါသည်။
၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများ၏ ဇာတာများအား သုတေသန
ပြုလုပ်ရာတွင် ထီပေါက်သူအားလုံးသည် လည်းကောင်းကာလတွင်
ထီပေါက်ကိန်းရှိသူများသာ ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
၃။ မိမိအကျိုးပေး လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်
အရ
လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည် ပထမနေရာဂဏန်းများ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်သည်
ကန်ရာသီလဂ်ဖြစ်သဖြင့် ကန်ရာသီပိုင်နက္ခတ်စိုးမိုးဂဏန်းများ
ဖြစ်သည့်(၁)ထိပ်၊(၂)ထိပ်၊(၃)ထိပ်တို့ကို
ကံစမ်းရမည်ဖြစ်ပါသည်။
လဂ်စီးနက္ခတ်သည်
ဟသတနက္ခတ်ဖြစ်ပြီး၊နက္ခတ်စိုးမိုးဂဏန်း(၂)ကို
ပထမနေရာ
ဂဏန်းအဖြစ် ထီကံစမ်းထားခြင်းသည်လည်း မိမိအကျိုးပေး
လဂ်စီးနက္ခတ်စိုးမိုးဂဏန်းကို
ပထမနေရာ ဂဏန်းအဖြစ် ထီကံစမ်းထားခြင်း
မှာလည်း
ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၎။ မိမိအကျိုးပေး စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်
အရ
စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည် တတိယ နေရာဂဏန်းများ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်သည် မေထုန်ရာသီစန်းပိုင်ရှင်ဖြစ်ပါသည်။
ဇာတာရှင်သည်
မေထုန်ရာသီစန်းဖြစ်သဖြင့် မေထုန်ရာသီပိုင်နက္ခတ်
စိုးမိုးဂဏန်းများဖြစ်သည့်(၃.၈.၅)ဂဏန်းတို့ကို
ကံစမ်းရမည်ဖြစ်ပါသည်။
စန်းစီးနက္ခတ်သည်
မိဂသီနက္ခတ်ဖြစ်ပြီး၊နက္ခတ်စိုးမိုးဂဏန်း(၃)ကို
တတိယနေရာ
ဂဏန်းအဖြစ် ထီကံစမ်းထားခြင်းသည်လည်း မိမိအကျိုးပေး
စန်းစီးနက္ခတ်စိုးမိုးဂဏန်းကို
တတိယနေရာ ဂဏန်းအဖြစ် ထီကံစမ်းထားခြင်း
မှာလည်း
ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၅။ ထီပေါက်နိုင်သည့် အကြိမ်
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်
အရ
ထီဖွင့်ချိန်ဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်ရပ်တည်သော ရာသီပိုင်
နက္ခတ်စိုးမိုးဂဏန်းများနှင့် ထီပေါက်သူဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်
ရပ်တည်သော နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သော အကြိမ်တွင်
ထီပေါက်လျက် ရှိနေပါကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ချိန်တွင် တနင်္လာဂြိုလ်သည်
ဗြိသရာသီတွင် ရှိပါသည်။
ဗြိသရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းမှာ(၁.၂.၃)ဂဏန်းများဖြစ်ပါသည်။
ထီပေါက်သူ၏ လဂ်မှာ ကန်ရာသီလဂ် ဖြစ်ပါသည်။ကန်ရာသီပိုင်
နက္ခတ် စိုးမိုးဂဏန်းများ ဖြစ်သည့်(၁.၂.၃)ဂဏန်းများဖြစ်ပါသည်။
နက္ခတ်စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်နေသဖြင့် ထီပေါက်ဖို့
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၆။ ထီဆုအသေး/အကြီး
ထီဆုကြီးပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့
ရှိချက်အရ
ထီဖွင့်ပွဲဇာတာစန်းသည်
ထီပေါက်သူလဂ်မှ(၃)တန့်၊(၆)တန့်၊(၈)တန့်၊
(၁၂)တန့်တွင်မရှိရပါ။
(၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ချိန်တွင် တနင်္လာဂြိုလ်သည်
ဗြိသရာသီတွင် ရှိပါသည်။
ဇာတာရှင်သည် ကန်ရာသီလဂ်ဖြစ်ပါသည်။
ကန်ရာသီမှ ရေတွက်လျှင် ထီဖွင့်ပွဲနေ့စန်းသည်(၁၀)တန့်တွင်ရှိနေပါသည်။
ထီဖွင့်ပွဲနေ့စန်းသည် (၁၀)တန့်တွင် ရှိနေခြင်းမှာလည်း ထီဆုကြီးပေါက်ဖို့
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
ဇာတာရှင်သည် (၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင်
ဌ ၂၄၃၀၄၅ ဖြင့် သိန်းရာကျော် ပေါက်ခြင်းဖြစ်ပါသည်။
ဖြစ်ရပ်(၁)ခုသည်
အခြေအနေ အကြောင်းတရားများ စုပေါင်းစုံစည်းလာသော
အခါ
ဇာတာရှင်သည် အတိတ်ကံ၏ အကျိုးပေးကို ခံစားခွင့်ရလိုက်ပါသည်။
စိတ်ဝင်စားသူများဆက်သွယ်နိုင်ပါသည်။
ဆရာဘုန်းမြင့်(ဝေဒသုတေသီ)-A.G.T.I-(civil)
Ph:09-6801883,(15.9.2013)(01:00)
No comments:
Post a Comment