Saturday, September 21, 2013

ကျပ်သိန်း(၁၅၀၀)ဆုကြီးထီပေါက်သူနှင့်ကျွန်တော်



ကျပ်သိန်း(၁၅၀၀)ဆုကြီးထီပေါက်သူနှင့်ကျွန်တော်


(၂၂.၈.၂၀၁၃)ရက်နေ့ ပျဉ်းမနားမြို့တွင် အကြောင်းညီညွတ်သဖြင့်
(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင် က ၆၁၀၂၄၆ ဖြင့်
ကျပ်သိန်း(၁၅၀၀)ဆုကြီးပေါက်သူနှင့် တွေ့ဆုံဆွေးနွေး ဖြစ်ခဲ့ပါသည်။
ကျွန်တော်သည် ဗေဒင်ကို ၀ါသနာပါသူ တစ်ဦးဖြစ်ပါသည်။အကြောင်း
ညီညွတ်သည့် အခါများတွင် ထီပေါက်သူများ၏ ဇာတာများကို သုတေသန
ပြုလုပ် လေ့လာနိုင်ရန် တွေ့ဆုံဆွေးနွေးဖြစ်ပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို ကိုယ်တိုင် တွေ့ရှိထားသော အောက်ပါ
နည်းစနစ်များဖြင့် သုတေသန ပြုလုပ် လေ့လာဆန်းစစ်လိုသဖြင့် ဖြစ်ပါသည်။
၁။ မှုလဇာတာအား လေ့လာခြင်း
၂။ ငွေအမြောက်အများ ၀င်ကိန်းကို လေ့လာခြင်း
၃။ ထီပေါက်ကိန်းကို လေ့လာခြင်း
၎။ လဂ်စီးနက္ခတ် စိုးမိုးဂဏန်းများကို လေ့လာခြင်း
၅။ ဒသာကို လေ့လာခြင်း
၆။ ထီဖွင့်ပွဲ ဇာတာကို လေ့လာခြင်း
၇။ ထီပေါက်နိုင်သည့်အကြိမ်ကို လေ့လာခြင်း
၈။ ထီဆု အသေး/အကြီးကို လေ့လာခြင်း
စသည့် အကြောင်းတရား(၈)မျိုးဖြင့် တိုက်ဆိုင်မှုကို သုတေသနပြုလုပ်
လေ့လာလျှက် ရှိပါသည်။
ကောင်းကင်ဂြိုလ်၊နက္ခတ်များလွမ်းမိုးခြင်း
အကာသကောင်းကင်ပြင်တွင် တည်ရှိသော ဂြိုလ်၊နက္ခတ်တို့သည် ကျွန်တော်တို့လူသားများ၏ ဘ၀ကံကြမ္မာအပေါ်တွင် မျိုးစုံသော ဆိုးကျိုး
တို့ကို ဖြစ်စေခြင်း အားဖြင့်လည်းကောင်း ၊ရုတ်တရက် မထင်မှတ်ဘဲ
ချမ်းသာ၊အောင်မြင်စေခြင်း၊ထီပေါက်ခြင်း စသည့်ကောင်းကျိုးတို့ကို
ဖြစ်စေခြင်းတို့ဖြင့် လည်းကောင်း လွမ်းမိုးနေလျှက် ရှိနေပါသည်။
ကောင်းကင်ဂြိုလ်၊နက္ခတ်တို့မှ ပြောသော “အသံများ”
မည်သည့်ဖြစ်ရပ်၊ကောင်းသည့်ဖြစ်ရပ်ဖြစ်စေ၊ဆိုးသည့်ဖြစ်ရပ်ဖြစ်စေ၊ထင်ရှား
သော ဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်း အားလုံးသည် မူလဇာတာတွင် မပါရှိဘဲ
မည်သည့်အကြောင်းနှင့်မျှ ဖြစ်လာစရာ အကြောင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော် ဇာတာရှင်၏ အတိတ်ဘ၀ကုသိုလ်ကံ၊အကုသိုလ်ကံ၊
အကြောင်းတရားများကြောင့် ကောင်းကင်ရှိ ဂြိုလ်၊နက္ခတ်ဖွဲ့စည်းတည်
ဆောက်မှုတို့က ဇာတာရှင်၏ မွေးဖွားချိန်တွင် သတ်မှတ် ပုံဖေါ်ပေးလိုက်
သောကြောင့် ဖြစ်ပါသည်။
၁။ မှုလဇာတာအား လေ့လာခြင်း
ဇာတာရှင်သည် သိဟ်ရာသီလဂ် ပိုင်ရှင်ဖြစ်ပါသည်။
ကန်ရာသီတွင် တနင်္လာဂြိုလ် စန်း ရှိပါသည်။
အထက်ပါ ဇာတာသည် ထီပေါက်သူ၏ ဇာတာ ဖြစ်ပါသည်။
၂။ ငွေအမြောက်အများ ၀င်ကိန်းကို လေ့လာခြင်း

ဇာတာရှင်သည် ကန်ရာသီစန်း ပိုင်ရှင် ဖြစ်နေပါသဖြင့်
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)ကာလအတွင်း ငွေအမြောက်အများ ၀င်ကိန်း
ရှိနေပါသည်။
ဇာတာရှင်သည် ယခုကာလ ငွေအမြောက်အများဝင်ကိန်း ရှိနေခြင်းမှာလည်း
ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၃။ ထီပေါက်ကိန်းကို လေ့လာခြင်း

ဇာတာရှင်သည် (၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)ကာလအတွင်း ငွေအမြောက်
အများဝင်ကိန်း ရှိနေပါသဖြင့်(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)ကာလအတွင်း
ထီပေါက်ကိန်းရှိနေပါသည်။
ဇာတာရှင်သည် ယခုကာလ ထီပေါက်ကိန်းရှိနေခြင်းမှာလည်း ထီပေါက်ဖို့
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၎။ လဂ်စီးနက္ခတ် စိုးမိုးဂဏန်းများကို လေ့လာခြင်း

ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်
အရ
လဂ်စီးနက္ခတ် စိုးမိုးဂဏန်းသည် ပထမနေရာ ဂဏန်းဖြစ်နေကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်သည် သိဟ်ရာသီလဂ် ပိုင်ရှင် ဖြစ်ပါသည်။သိဟ်ရာသီပိုင် နက္ခတ်
စိုးမိုးဂဏန်းများ ဖြစ်သည့် (၉)၊(၆)၊(၁) ဂဏန်းများသည် ဇာတာရှင်အတွက်
အကျိုးပေး လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ ဖြစ်ပါသည်။
လဂ်စီးနက္ခတ်မှ ဗြုဗဖလဂုဏီ နက္ခတ် ဖြစ်ပါသည်။နက္ခတ် စိုးမိုးဂဏန်းမှာ
(၆)ဂဏန်းဖြစ်ပါသည်။
ဇာတာရှင်အတွက် လဂ်စီးနက္ခတ် စိုးမိုးဂဏန်းမှာ(၆)ဂဏန်းဖြစ်ပါသည်။
ဇာတာရှင်သည် မိမိအကျိုးပေး နက္ခတ် စိုးမိုးဂဏန်း(၆)ဖြင့် ပထမနေရာ
ထီကံစမ်းထားခြင်းမှာလည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၅။ ဒသာကို လေ့လာခြင်း
ဇာတာရှင်သည်
(၁၃.၄.၂၀၁၃)မှ(၂၉.၈.၂၀၁၃)ကာလအတွင်း
ကြာသာပတေးထူလ၊ဗုဒဟူး အန္တရ၊သောကြာပြန္တတရ ဒသာတွင်
ထီဆုကြီးပေါက်ခြင်း ဖြစ်ပါသည်။
သောကြာပြန္တတရ ဒသာတွင် ထီပေါက်ခြင်းမှာလည်း အကြောင်းတရား
(၁)ခု ဖြစ်ပါသည်။
၆။ ထီဖွင့်ပွဲ ဇာတာကို လေ့လာခြင်း


(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲကို သိဟ်ရာသီလဂ်၊ဗြိသရာသီစန်း
ဖြင့် ထီဖွင့်ပွဲကို ကျင်းပခြင်း ဖြစ်ပါသည်။
၇။ ထီပေါက်နိုင်သည့်အကြိမ်ကို လေ့လာခြင်း
 
ထီပေါက်ဖူးသူများ၏ဇာတာများကိုသုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်တို့ ရပ်တည်သော ရာသီပိုင်နက္ခတ်
စိုးမိုးဂဏန်းများနှင့် ထီပေါက်သူ ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်တို့
ရပ်တည်သော ရာသီပိုင်နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သော
အကြိမ်တွင် ထီပေါက်ခြင်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့ထီဖွင့်ပွဲကို ဗြိသရာသီစန်းဖြင့် ထီဖွင့်ပွဲကို
ကျင်းပခြင်းဖြစ်ပါသည်။
ဗြိသရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများမှာ(၁.၂.၃)ဂဏန်းများဖြစ်ပါသည်။
ထီပေါက်သူသည် ကန်ရာသီစန်းဖြစ်ပါသည်။ကန်ရာသီပိုင် နက္ခတ် စိုးမိုး
ဂဏန်းများမှာ(၁.၂.၃)ဂဏန်းများ ဖြစ်ပါသည်။
နက္ခတ် စိုးမိုးဂဏန်းများတူညီတိုက်ဆိုင်နေသောအကြိမ်တွင် ထီပေါက်ခြင်း
ဖြစ်ပါသည်။
နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်နေသည်မှာလည်း ထီပေါက်ဖို့
အကြောင်တရား(၁)ခု ဖြစ်ပါသည်။
၈။ ထီဆု အသေး/အကြီးကို လေ့လာခြင်း
 
ထီဆုကြီးပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့
ရှိချက်အရ
ထီဖွင့်ပွဲဇာတာစန်းသည် ထီပေါက်သူလဂ်မှ(၃)တန့်၊(၆)တန့်၊(၈)တန့်၊
(၁၂)တန့်တွင်မရှိရပါ။
(၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ချိန်တွင် တနင်္လာဂြိုလ်သည်
ဗြိသရာသီတွင် ရှိပါသည်။
ဇာတာရှင်သည် သိဟ်ရာသီလဂ်ဖြစ်ပါသည်။
သိဟ်ရာသီမှ ရေတွက်လျှင် ထီဖွင့်ပွဲနေ့စန်းသည်(၁၀)တန့်တွင်ရှိနေပါသည်။
ထီဖွင့်ပွဲနေ့စန်းသည် (၁၀)တန့်တွင် ရှိနေခြင်းမှာလည်း ထီဆုကြီးပေါက်ဖို့
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
ဇာတာရှင်သည် (၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင်
က ၆၁၀၂၄၆ ဖြင့် ကျပ်သိန်း(၁၅၀၀)အထူးဆုကြီး ပေါက်ခြင်းဖြစ်ပါသည်။
ဖြစ်ရပ်(၁)ခုသည် အခြေအနေ အကြောင်းတရားများ စုပေါင်းစုံစည်းလာသော
အခါ ဇာတာရှင်သည် အတိတ်ကံ၏ အကျိုးပေးကို ခံစားခွင့်ရလိုက်ပါသည်။
ဇာတာရှင်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရအောင် အကျိုးဆောင်ပေးသော
ဦးဝင်းမင်း မိုးယံ-ပျဉ်းမနားပင်ရင်းနှင့် သိန်း(၁၅၀၀)အထူးဆုကြီးပေါက်သူ
တို့အား အထူးပင် ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
စိတ်ဝင်စားသူများဆက်သွယ်နိုင်ပါသည်။
ဆရာဘုန်းမြင့်(ဝေဒသုတေသီ)-A.G.T.I-(civil)
Ph:09-6801883,(21.9.2013)(00:30)
 



No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်