Monday, September 2, 2013

ထီပေါက်သူ၏ ဇာတာကို လေ့လာခြင်း



(၂၉၆)ကြိမ် (၁.၉.၂၀၁၃)ထီဖွင့်ပွဲတွင် ဇ ၅၅၁၉၅၂ ဖြင့် (၂)သိန်းဆု  ပေါက်သူ၏ဇာတာ

ဘယ်ထိပ်စီးကို ထီကံစမ်းမှာလည်း ဘာကြောင့်လည်းစသည်ဖြင့် ထီပေါက်လိုသူမှမေးလာပါသည်
လည်းကောင်းနည်းတူ အခြားထီစိတ်ဝင်စားသူများပါ သိရှိလေ့လာနိင်ရန် ထီပေါက်ဖူးသူများ၏
ဇာတာများကို သုတေသနပြုလုပ်လေ့လာချက်အရ ရေးသားအပ်ပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်း ထိပ်စီးဂဏန်းများကို ထီကံစမ်းရမှာလား
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်းများ ထိပ်စီးဂဏန်းများကို ထီကံစမ်းမှာလား စသည်ဖြင့်
မေးလာပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသော ရာသီစီးနက္ခတ်စိုးမိုးဂဏန်းများမှာ(၃)လုံးဖြစ်နေသဖြင့်
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်း ထိပ်စီးဂဏန်းများကိုသာ ထီကံစမ်းဖို့အသိပေးအကြံပြုအပ်ပါသည်။
ထီကံစမ်းခြင်း
မြန်မာအောင်ဘာလေအထူးမင်္ဂလာစုံတွဲ(၁)တွဲထီကံစမ်းပါကကျပ်သိန်း(၁၀၀)ဆုကြီး(မင်္ဂလာစုံတွဲစနစ်)
တွင် ရှေ့ဂဏန်း(၃)လုံးတူ(၁)သိန်းဆု ထီပေါက်ဖို့မဲလိပ်(၉၀၀)ထဲမှ (၁)လိပ်နှိုက်ခြင်းနှင့် သဘောတရားခြင်းအတူတူပင် ဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ ထီကံစမ်းသဖြင့် အက္ခရာမှာတူပြီး ဖြစ်ပါသည်။
ထီပေါက်ဖို့စဉ်းစားရာတွင် ပထမဦးဆုံးအနေဖြင့် ထိပ်စီးတူဖို့လိုပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသော ရာသီစီးနက္ခတ်စိုးမိုးဂဏန်းများမှာ(၃)လုံးဖြစ်နေသဖြင့်
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်း ထိပ်စီးဂဏန်းများကိုသာ ထီကံစမ်းဖို့အသိပေးအကြံပြုအပ်ပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
လဂ်စီးနက္ခတ်စိုးမိုးဂဏန်းသည် ပထမနေရာဂဏန်း ထိပ်စီးဖြစ်နေကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
တတိယနေရာဂဏန်းသည် စန်းစီးနက္ခတ်စိုးမိုးဂဏန်း ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ပထမနေရာ ထိပ်စီးကို လေ့လာခြင်း
လဂ်စီးနက္ခတ်သည်  ပုဏဖုသျှ နက္ခတ်ဖြစ်ပါသည်။နက္ခတ်စိုးမိုးဂဏန်းမှာ(၅)ဂဏန်းဖြစ်ပါသည်။
ပထမနေရာဂဏန်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
တတိယနေရာကို လေ့လာခြင်း
စန်းစီးနက္ခတ်သည် ကြတ္တိကာနက္ခတ်ဖြစ်ပါသည်။ နက္ခတ်စိုးမိုးဂဏန်းမှာ(၁)ဂဏန်းဖြစ်ပါသည်။
တတိယနေရာဂဏန်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
အမည်နှင့်မွေးသက္ကရာဇ်တို့မှာဇာတာရှင်၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သဖြင့် မဖေါ်ပြသော်လည်း(၂၉၆)ကြိမ် (၁.၉.၂၀၁၃)ထီဖွင့်ပွဲတွင် ဇ၅၅၁၉၅၂ ဖြင့် (၂)သိန်းဆု  ပေါက်သူဖြစ်ပါသည်။

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်