Monday, September 2, 2013

သိန်းရာကျော်ပေါက်သူ၏ ဇာတာကိုလေ့လာခြင်း



(၂၇၁)ကြိမ် (၁.၈.၂၀၁၁)ထီဖွင့်ပွဲတွင် ဓ ၄၃၉၆၁၅ ဖြင့် သိန်းရာကျော်  ပေါက်သူ၏ဇာတာ

ဘယ်ထိပ်စီးကို ထီကံစမ်းမှာလည်း ဘာကြောင့်လည်းစသည်ဖြင့် ထီပေါက်လိုသူမှမေးလာပါသည်
လည်းကောင်းနည်းတူ အခြားထီစိတ်ဝင်စားသူများပါ သိရှိလေ့လာနိင်ရန် ထီပေါက်ဖူးသူများ၏
ဇာတာများကို သုတေသနပြုလုပ်လေ့လာချက်အရ ရေးသားအပ်ပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်း ထိပ်စီးဂဏန်းများကို ထီကံစမ်းရမှာလား
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်းများ ထိပ်စီးဂဏန်းများကို ထီကံစမ်းမှာလား စသည်ဖြင့်
မေးလာပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသော ရာသီစီးနက္ခတ်စိုးမိုးဂဏန်းများမှာ(၃)လုံးဖြစ်နေသဖြင့်
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်း ထိပ်စီးဂဏန်းများကိုသာ ထီကံစမ်းဖို့အသိပေးအကြံပြုအပ်ပါသည်။
ထီကံစမ်းခြင်း
မြန်မာအောင်ဘာလေအထူးမင်္ဂလာစုံတွဲ(၁)တွဲထီကံစမ်းပါကကျပ်သိန်း(၁၀၀)ဆုကြီး(မင်္ဂလာစုံတွဲစနစ်)
တွင် ရှေ့ဂဏန်း(၃)လုံးတူ(၁)သိန်းဆု ထီပေါက်ဖို့မဲလိပ်(၉၀၀)ထဲမှ (၁)လိပ်နှိုက်ခြင်းနှင့် သဘောတရားခြင်းအတူတူပင် ဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ ထီကံစမ်းသဖြင့် အက္ခရာမှာတူပြီး ဖြစ်ပါသည်။
ထီပေါက်ဖို့စဉ်းစားရာတွင် ပထမဦးဆုံးအနေဖြင့် ထိပ်စီးတူဖို့လိုပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသော ရာသီစီးနက္ခတ်စိုးမိုးဂဏန်းများမှာ(၃)လုံးဖြစ်နေသဖြင့်
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်း ထိပ်စီးဂဏန်းများကိုသာ ထီကံစမ်းဖို့အသိပေးအကြံပြုအပ်ပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
လဂ်စီးနက္ခတ်စိုးမိုးဂဏန်းသည် ပထမနေရာဂဏန်း ထိပ်စီးဖြစ်နေကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
တတိယနေရာဂဏန်းသည် စန်းစီးနက္ခတ်စိုးမိုးဂဏန်း ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ပထမနေရာ ထိပ်စီးကို လေ့လာခြင်း
လဂ်စီးနက္ခတ်သည်  ဇေဌ နက္ခတ်ဖြစ်ပါသည်။
နက္ခတ်စိုးမိုးဂဏန်းမှာ(၄)ဂဏန်းဖြစ်ပါသည်။
ပထမနေရာဂဏန်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
တတိယနေရာကို လေ့လာခြင်း
စန်းစီးနက္ခတ်သည် အသ၀တီနက္ခတ်ဖြစ်ပါသည်။ နက္ခတ်စိုးမိုးဂဏန်းမှာ(၉)ဂဏန်းဖြစ်ပါသည်။
တတိယနေရာဂဏန်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
အမည်နှင့်မွေးသက္ကရာဇ်တို့မှာဇာတာရှင်၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သဖြင့် မဖေါ်ပြသော်လည်း(၂၇၁)ကြိမ် (၁.၈.၂၀၁၁)ထီဖွင့်ပွဲတွင် ဓ ၄၃၉၆၁၅ ဖြင့် သိန်းရာကျော်  ပေါက်သူဖြစ်ပါသည်။

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်