Wednesday, September 11, 2013

ကျပ်သိန်း(၁၅၀၀)ဆုကြီးပေါက်သူ၏ ဇာတာအား လေ့လာခြင်း



ကျပ်သိန်း(၁၅၀၀)ဆုကြီးပေါက်သူ၏ ဇာတာအား လေ့လာခြင်း
 
(၁)လ တစ်ခါဖွင့်လှစ်လျှက်ရှိသော မြန်မာ့အောင်ဘာလေထီတွင် ကျပ်သိန်း
(၁၅၀၀)ဆုကြီးပေါက်သူ မြန်မာ့နိင်ငံတွင် တစ်လ တစ်ဦးသာရှိပါသည်။
(စုပေါင်းကံစမ်းသော်လည်း)တစ်ဆုတည်းသာ ထွက်ပါသည်။
ထီပေါက်သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား လေးစားသည့်
အနေဖြင့်လည်းကောင်း အနှောက်အယှက် ဖြစ်မည်ဆိုးသဖြင့်လည်းကောင်း
အမည်နှင့် နေရပ်လိပ်စာတို့ကို ချန်လှပ်ထားသော်လည်း ဇာတာရှင်နှင့်
ဆွေးနွေးသည့် မှတ်တမ်းတင်ဓါတ်ပုံနှင့် ဇာတာရှင်သည်(၁.၈.၂၀၁၃)တွင်
ဖွင့်လှစ်သော(၂၉၅)ကြိမ် မြောက် ထီဖွင့်ပွဲတွင် က ၆၁၀၂၄၆ ဖြင့်
ကျပ်သိန်း(၁၅၀၀)ဆုကြီး ပေါက်သူ ဖြစ်ပါသည်။
ထီပေါက်ခြင်းကို လေ့လာရာတွင်
(မိဘ၊ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် “ဝေဒ”နည်းပညာဖြင့်
ပိုင်းခြားတွေ့ရှိထားသည့် စနစ်ကိုသာ အသုံးပြုပါသည်။)
ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
တူညီနေသောအချက်များမှာ
၁။ ယခုကာလ ငွေအမြောက်အများဝင်ကိန်း
၂။ ယခုကာလ ထီပေါက်ကိန်း
၃။ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်း
၎။ ထီပေါက်နိုင်သည့်အကြိမ်
၅။ ဆုအသေးအကြီးလေ့လာခြင်း
စသည့် အကြောင်းတရားများကို လေ့လာပါသည်။
ထီပေါက်သူ၏ မှုလဇာတာကို လေ့လာခြင်း

၁။ ယခုကာလ ငွေအမြောက်အများဝင်ကိန်း

ဇာတာရှင်သည် သိဟ်ရာသီလဂ် ပိုင်ရှင်ဖြစ်ပါသည်။
ဇာတာရှင်သည် သိဟ်ရာသီလဂ် ပိုင်ရှင်ဖြစ်သဖြင့်(၁.၆.၂၀၁၃)မှ
(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်အများဝင်းကိန်း ရှိပါသည်။
ဇာတာရှင်သည်(၁.၈.၂၀၁၃)ထီဖွင့်ပွဲတွင် ကျပ်သိန်း(၁၅၀၀)ဆုကြီးပေါက်
ပါသည်။
 ယခုကာလ ငွေအမြောက်အများ ရှိနေခြင်းသည်လည်း ထီပေါက်ဖို့အတွက်
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၂။ထီပေါက်ကိန်း

ဇာတာရှင်သည်(၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်
အများဝင်ကိန်း ရှိနေပါသဖြင့်(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း
ယခုကာလ ထီပေါက်ကိန်း ရှိနေခြင်းသည် ထီပေါက်ဖို့အတွက်
အကြောင်းတရား(၁)ခုဖြစ်ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၃။ အကျိုးပေး နက္ခတ် စိုးမိုးဂဏန်း

ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ရာသီ(၁)ခုတွင် နက္ခတ်(၃)လုံး ရှိပါသည်။မွေးရက် မွေးလ ခုနှစ်မွေးချိန်
မွေးဖွားရာဇာတိတို့နှင့် ဇာတာဖွဲ့သောအခါ လဂ်ရာသီကို ရရှိပါသည်။
လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံး ရှိသည့်အနက်မှ
လဂ်စီးနက္ခတ် စိုးမိုးဂဏန်းသည် ဇာတာရှင်အတွက် ပထမနေရာ
အကျိုးပေး နက္ခတ် စိုးမိုးဂဏန်း ဖြစ်နေခြင်းကို လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်သည် သိဟ်ရာသီလဂ်ပိုင်ဖြစ်ပါသည်။
လဂ်စီးနက္ခတ်မှာ ပြုဗဖလဂုဏီနက္ခတ် ဖြစ်ပြီး၊စိုးမိုးဂဏန်းဖြစ်သည့်(၆)သည်
ပထမနေရာ ဂဏန်းဖြစ်နေပါသည်။
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်းဖြစ်သည့်(၆)ဂဏန်းကို ပထမနေရာ
ထီကံစမ်းထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်
ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၎။ ထီပေါက်နိုင်သည့်အကြိမ်




ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ် ရပ်တည်သော ရာသီပိုင်နက္ခတ်
စိုးမိုးဂဏန်းများနှင့် ထီပေါက်သူ၏ ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်
ရပ်တည်သော ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သည့်
အကြိမ်တွင် ထီပေါက်လျှက် ရှိနေပါကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့
ထီဖွင့်ပွဲဇာတာ လဂ်သည် သိဟ်ရာသီလဂ် ဖြစ်ပါသည်.
သိဟ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည်(၉.၆.၁)ဂဏန်းများဖြစ်ပါသည်။
ထီပေါက်သူသည်လည်း သိဟ်ရာသီလဂ်ဖြစ်ပါသည်။
သိဟ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများဖြစ်သည့်(၉.၆.၁)ဂဏန်းများတူညီ
တိုက်ဆိုင်သည့်အကြိမ်တွင် ထီပေါက်ခြင်းသည်လည်း အကြောင်းတရား
(၁)ခုဖြစ်နေပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၅။ ဆုအသေးအကြီးလေ့လာခြင်း

(၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲဇာတာ
ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲ ဇာတာတွင် ရပ်တည်သော တနင်္လာဂြိုလ်(စန်း)သည် ၊ထီပေါက်သူ
ဇာတာလဂ်မှ ရေတွက်လျှင်(၃)တန့်(၆)တန့်၊(၈)တန့်၊(၁၂)တန့်တွင်
ရပ်တည်နေပါက ထီဆုမကြီးနိုင်ပါ။
(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့
ထီဖွင့်ပွဲဇာတာ စန်းသည် ဗြိ ရာသီစန်း ဖြစ်ပါသည်၊
ဇာတာရှင်သည် သိဟ်ရာသီလဂ် ပိုင်ရှင် ဖြစ်ပါသည်။                    
သိဟ်ရာသီမှ ရေတွက်လျှင် ဗြိ ရာသီစန်း သည်(၁၀)တန့်တွင် ရပ်တည်
နေပါသဖြင့် ထီဆုကြီးကြီးပေါက်ခြင်း ဖြစ်ပါသည်။
ဇာတာရှင်လဂ်၏ (၁၀)တန့်တွင် ထီဖွင့်ပွဲဇာတာ စန်းရှိနေခြင်းမှာလည်း
ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
ဇာတာရှင်သည် အထက်ပါအကြောင်းတရားများ (၅)ခု တူညီတိုက်ဆိုင်
နေသောအခါ ထီကံမစမ်းသော်လည်း ထီရောင်းသူ ဖြစ်သဖြင့်
မိမိဆိုင် ထီလက်ကျန်မှ ထီပေါက်ခြင်းမှာ ဇာတာရှင်သည် အတိတ်ကံ၏
အကျိုးပေးကို ခံစားခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။

မိမိလေ့လာသင်ယူဆည်းပူးထားသော “ဝေဒ”နည်းပညာဖြင့် ရေးသား
တင်ပြထားခြင်းသာ ဖြစ်ပါသည်။
ထီပေါက်ဖို့ဆိုရင် ထီကံစမ်းထားဖို့တော့လိုပါသည်။
သို့သော်
ထီရောင်းချသူများအနေဖြင့် ထီလက်ကျန်မှ ထီဆုကြီးလည်းပေါက်နိုင်ပါသည်
ဆိုသည့် အတွေးရလိုက်ပါသည်။
စိတ်ဝင်စားသူများဆက်သွယ်နိင်ပါသည်
ဆရာ ဘုန်းမြင့် (ဝေဒသုတေသီ-A.G.T.I-(civil)
Ph:09-6801883(11.9.2013)(24:00)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်