Saturday, September 14, 2013

သိန်းရာကျော်ပေါက်သူအား ထီအကြံပြုပေးခြင်း



မြန်မာ့အောင်ဘာလေထီကံစမ်းခြင်းကို အကြံပြုပေးခြင်း

မည်သည့်ဖြစ်ရပ်၊ကောင်းသည်ဖြစ်ရပ်ဖြစ်စေ၊ဆိုးသည့်ဖြစ်ရပ်ဖြစ်စေ၊ထင်ရှား
သောဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်းအားလုံးသည် မှုလဇာတာတွင် မပါရှိဘဲ၊
မည်သည့်အကြောင်းနှင့်မျှ ဖြစ်လာစရာ အကြောင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော် ဇာတာရှင်၏ အတိတ်ဘ၀ကုသိုလ်ကံ၊အကုသိုလ်ကံ
အကြောင်းတရားများကြောင့် ကောင်းကင်ရှိ ဂြိလ်၊နက္ခတ် ဖွဲ့စည်းတည်
ဆောက်မှုတို့က ဇာတာရှင်၏ မွေးဖွားချိန်တွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သော
ကြောင့်ဖြစ်ပါသည်။
ထီဖွင့်ပွဲဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
လည်းကောင်း၊
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာ
တွေ့ရှိချက်အရလည်ကောင်း
သုတေသန ဆန်းစစ်နည်းစနစ်များကို အသုံးပြုသည့် ကိုယ်ပိုင်နည်းသည်
သင်ဆရာ မြင်ဆရာ အားလုံး ၏ တပည့်ဖြစ်သဖြင့်လည်ကောင်း ထီဖွင့်ပွဲဇာတာများနှင့်ထီပေါက်ပေါက်ဖူးသူဇာတာများစွာအား သုတေသန
တွေ့ရှိချက်များမှ ဖေါ်ထုတ်ထားခြင်းကြောင့် အခြား ထီပေါက်ကိန်း
ဟောကိန်းများစွာနှင့် ခြားနားပါသည်။
ထီပေါက်ဖို့ဆိုရင် ထီကံစမ်းထားဖို့ဘဲလိုပါသည်။
ထီကံစမ်းမည်ဆိုလျှင်
၁။ ယခုကာလ ငွေအမြောက်အများဝင်ကိန်း ရှိသူဖြစ်ရပါမည်။
၂။ ယခုကာလ ထီပေါက်ကိန်း ရှိသူဖြစ်ရပါမည်။
၃။ မိမိအကျိုးပေး လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများကို ပထမနေရာ
   ဂဏန်းများအဖြစ်လည်ကောင်း ထီကံစမ်းထားသူဖြစ်ရပါမည်။
၎။ မိမိအကျိုးပေး စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများကို တတိယနေရာ
    ဂဏန်းများအဖြစ်လည်ကောင်း ထီကံစမ်းထားသူ ဖြစ်ရပါမည်။
၅။ ထီပေါက်နိုင်သည့် အကြိမ်တွင် ထီကံစမ်းဖို့လိုပါသည်။
ထီပေါက်နိုင်သည့်အကြိမ်တွင် ထီကံစမ်းထားသူ ဖြစ်ရပါမည်။
စသည်အကြောင်းတရား(၅)ပါး တူညီတိုက်ဆိုင်သည့်အခါ
ဇာတာရှင်သည် အတိတ်ကံ၏ အကျိုးပေးကို ခံစားခွင့် ရလိမ့်မည်ဖြစ်ပါသည်။
ဆရာဘုန်းမြင့်(ဝေဒသုတေသီ)-A..G.T.I.(civil)
Ph:09-6801883,(14.9.2013)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်