Monday, September 16, 2013
ထီပေါက်သူဇာတာကိုလေ့လာခြင်း
ကောင်းကင်ဂြိုလ်၊နက္ခတ်တို့မှ ပြောသောအသံများ
မည်သည့်ဖြစ်ရပ်၊ကောင်းသည့်ဖြစ်ရပ်ဖြစ်စေ၊ဆိုးသည့်ဖြစ်ရပ်ဖြစ်စေ၊ထင်ရှား
သော ဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်း အားလုံးသည် မူလဇာတာတွင် မပါရှိဘဲ
မည်သည့်အကြောင်းနှင့်မျှ ဖြစ်လာစရာ အကြောင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော် ဇာတာရှင်၏ အတိတ်ဘ၀ကုသိုလ်ကံ၊အကုသိုလ်ကံ၊
အကြောင်းတရားများကြောင့် ကောင်းကင်ရှိ ဂြိုလ်၊နက္ခတ်ဖွဲ့စည်းတည်
ဆောက်မှုတို့က ဇာတာရှင်၏ မွေးဖွားချိန်တွင် သတ်မှတ် ပုံဖေါ်ပေးလိုက်
သောကြောင့် ဖြစ်ပါသည်။
ကောင်းကင်ဂြိုလ်၊နက္ခတ်များလွမ်းမိုးခြင်း
အကာသကောင်းကင်ပြင်တွင် တည်ရှိသော ဂြိုလ်၊နက္ခတ်တို့သည် ကျွန်တော်တို့လူသားများ၏ ဘ၀ကံကြမ္မာအပေါ်တွင် မျိုးစုံသော ဆိုးကျိုး
တို့ကို ဖြစ်စေခြင်း အားဖြင့်လည်းကောင်း ၊ရုတ်တရက် မထင်မှတ်ဘဲ
ချမ်းသာ၊အောင်မြင်စေခြင်း၊ထီပေါက်ခြင်း စသည့်ကောင်းကျိုးတို့ကို
ဖြစ်စေခြင်းတို့ဖြင့် လည်းကောင်း လွမ်းမိုးနေလျှက် ရှိနေပါသည်။
သုတေသန ဆန်းစစ်သည့်နည်းစနစ်
မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် လည်းကောင်း သင်ဆရာ မြင်ဆ
ရာအားလုံး၏ တပည့်ဖြစ်သဖြင့် လည်းကောင်း သုသေန ဆန်းစစ်နည်းစနစ်
များကို အသုံးပြုသည့် ကိုယ်ပိုင်နည်းသည် အခြားထီပေါက်ကိန်း ဟောကိန်း
များစွာနှင့် ခြားနားပါသည်။
ထီဖွင့်ပွဲဇာတာများကို သုတေသနပြုလုပ် လေ့လာခြင်းနှင့် ထီပေါက်ဖူးသူများ
၏ဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
အသုံးပြုသော ကိုယ်ပိုင် သုတေသန ဆန်းစစ်သည့် အောက်ပါ နည်းစနစ်
ဖြစ်ပါသည်။
၁။ ငွေအမြောက်အများ ၀င်ကိန်းကို လေ့လာခြင်း
၂။ ထီပေါက်ကိန်းကို လေ့လာခြင်း
၃။ ထီပေါက်သူဇာတာ၏ အကျိုးပေး လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
    ကိုလေ့လာခြင်း
၎။ ထီပေါက်သူဇာတာ၏ အကျိုးပေး စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
    ကိုလေ့လာခြင်း
၅။ ထီပေါက်နိုင်သည့်အကြိမ်ကို လေ့လာခြင်း
ပြည့်စုံမှု မရှိလျှင်သော်လည်းကောင်း အားနဲချက် ရှိလျင်သော် လည်းကောင်း
မိမိလေ့လာသော နည်းပညာ မပြည်စုံသဖြင့် ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်။
သိန်းရာကျော်ပေါက်သူ၏ ဇာတာအား လေ့လာခြင်း
၁။ ငွေအမြောက်အများ ၀င်ကိန်းကို လေ့လာခြင်း
ဇာတာရှင်သည် ကန်ရာသီလဂ်ပိုင်ရှင် ဖြစ်ပါသည်။
မေထုန်ရာသီတွင် တနင်္လာဂြိုလ် စန်းရှိပါသည်။
မေထုန်ရာသီတွင် တနင်္လာဂြိုလ် စန်း ရှိနေပါသဖြင့် (၁.၆.၂၀၁၃)မှ
(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်အများ ၀င်ကိန်းရှိနေပါသည်။
ဇာတာရှင် ယခုကာလ ငွေအမြောက်အများ ၀င်ကိန်းရှိနေခြင်းမှာ
ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၂။ ထီပေါက်ကိန်းကို လေ့လာခြင်း
ဇာတာရှင်သည် (၁.၆.၂၀၁၃)မှ (၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်အများ
ရှိနေပါသည်။
ဇာတာရှင်သည် ယခုကာ ထီပေါက်ကိန်းရှိနေခြင်းမှာ ထီပေါက်ဖို့ အကြောင်း
တရား(၁)ခု ဖြစ်ပါသည်။
၃။ ထီပေါက်သူဇာတာ၏ အကျိုးပေး လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
    ကိုလေ့လာခြင်း
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်တွေ့ရှိချက်အရ
လဂ်စီးနက္ခတ် စိုးမိုးဂဏန်းသည် ပထမနေရာဂဏန်းဖြစ်နေပါသည်။
ဇာတာရှင်သည် ကန်ရာသီလဂ်ပိုင်ရှင်ဖြစ်သဖြင့် ကန်ရာသီပိုင် နက္ခတ် စိုးမိုး
ဂဏန်းများ (၁.၂.၃)ဂဏန်းများသည်၊ဇာတာရှင်အတွက် အကျိုးပေးနက္ခတ်
စိုးမိုးဂဏန်းများဖြစ်ပါသည်။လဂ်စီးနက္ခတ်မှာဟသတနက္ခတ်ဖြစ်ပြီး၊နက္ခတ် စိုးမိုးဂဏန်းဖြစ်သည့်(၂)ဂဏန်းကို ပထမနေရာ ဂဏန်းအဖြစ် ထီကံစမ်းထား
သဖြင့် မိမိအကျိုးပေး လဂ်စီးနက္ခတ် စိုးမိုးဂဏန်းကို ပထမနေရာ ဂဏန်း
ထီကံစမ်းထားခြင်းမှာ ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၎။ ထီပေါက်သူဇာတာ၏ အကျိုးပေး စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ
    ကိုလေ့လာခြင်း
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်တွေ့ရှိချက်အရ
စန်းစီးနက္ခတ် စိုးမိုးဂဏန်းသည် ပထမနေရာဂဏန်းဖြစ်နေပါသည်။
ဇာတာရှင်သည် မေထုန်ရာသီစန်းပိုင်ရှင်ဖြစ်သဖြင့် မေထုန်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ (၃.၈.၅)ဂဏန်းများသည်၊ဇာတာရှင်အတွက်အကျိုးပေး
နက္ခတ်စိုးမိုးဂဏန်းများဖြစ်ပါသည်။
စန်းစီးနက္ခတ်မှာမိဂသီနက္ခတ်ဖြစ်ပြီး၊နက္ခတ် စိုးမိုးဂဏန်းဖြစ်သည့်(၃)
ဂဏန်းကို တတိယနေရာ ဂဏန်းအဖြစ် ထီကံစမ်းထားသဖြင့် မိမိအကျိုးပေး
စန်းစီးနက္ခတ် စိုးမိုးဂဏန်းကို တတိယနေရာ ဂဏန်း ထီကံစမ်းထားခြင်းမှာ
ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၅။ ထီပေါက်နိုင်သည့်အကြိမ်ကို လေ့လာခြင်း
ထီပေါက်ဖူးသူများ၏ဇာတာများကိုသုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်တို့ ရပ်တည်သော ရာသီပိုင်နက္ခတ်
စိုးမိုးဂဏန်းများနှင့် ထီပေါက်သူ ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်တို့
ရပ်တည်သော ရာသီပိုင်နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သော
အကြိမ်တွင် ထီပေါက်ခြင်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့ထီဖွင့်ပွဲကို ဗြိသရာသီစန်းဖြင့် ထီဖွင့်ပွဲကို
ကျင်းပခြင်းဖြစ်ပါသည်။
ဗြိသရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများမှာ(၁.၂.၃)ဂဏန်းများဖြစ်ပါသည်။
ထီပေါက်သူသည် ကန်ရာသီလဂ်ဖြစ်ပါသည်။ကန်ရာသီပိုင် နက္ခတ် စိုးမိုး
ဂဏန်းများမှာ(၁.၂.၃)ဂဏန်းများ ဖြစ်နေခြင်းသည်လည်း ထီပေါက်နိင်
သည့် အကြိမ်တွင် ထီကံစမ်းထားခြင်းမှာလည်း ထီပေါက်ဖို့ အကြောင်း
တရား(၁)ခု ဖြစ်ပါသည်။
အထက်ပါ အကြောင်းတရားများ တူညီတိုက်ဆိုင်သည့်အကြိမ်တွင်
ထီပေါက်ခြင်း ဖြစ်ပါသည်။
ဇာတာရှင်သည်(၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင်
ဌ ၂၄၃၀၄၅ ဖြင့် သိန်းရာကျော်ပေါက်သူဖြစ်ပါသည်။
ဖြစ်ရပ်တစ်ခုသည်အခြေအနေ အကြောင်းတရားတို့ စုပေါင်း စုံစည်းလာသော
အခါ ဇာတာရှင်သည် အတိတ်ကံ၏ အကျိုးပေးကို ခံစားခွင့်ရလိုက်ပါသည်။
ထို့ကြောင့် ထီပေါက်ဖို့ဆိုရင် ထီကံစမ်းထားဖို့ဘဲလိုပါသည်။
ထီကံစမ်းမည်ဆိုလျှင် မိမိအကျိုးပေး လဂ်စီးနက္ခတ် စိုးမိုးဂဏန်းများကို
ပထမနေရာဂဏန်းအဖြစ် လည်းကောင်း၊စန်းစီးနက္ခတ် စိုးမိုးဂဏန်းများကို
တတိယနေရာဂဏန်းအဖြစ်လည်းကောင်း ၊ထီပေါက်နိုင်သည့်အကြိမ်တွင်
ထီကံစမ်းဖို့ အကြံပြုရေးသားအပ်ပါသည်။
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်။
ဆရာဘုန်းမြင့် (ဝေဒသုတေသီ)-A.G.T.I-(civil)
Ph:09-6801883(15.5.2013)(22:00)
No comments:
Post a Comment
LinkWithin
တစ်ပတ်အတွင်းလူကြည့်အများဆုံး
တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်