Tuesday, January 3, 2017

ငွေဆိုတာ ပေးမည့်သူရှိမှ ရတာပါ သင်ယူလေ့လာခြင်း(၄)



ငွေဆိုတာ ပေးမည့်သူရှိမှ ရတာပါ သင်ယူလေ့လာခြင်း(၄)

မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည်ဝေဒနည်းပညာဖြစ်သည်။ထီပေါက်ခြင်း
သည် ငွေရခြင်းဖြစ်သဖြင့် ထီဖွင့်ပွဲဇာတာအရ ကောဇာဘယ်ဂြိုဟ်တွေက
ငွေပေးမည့် ဂြိုဟ်တွေလဲ?
ဝေဒနည်းပညာဖြင့် ကြိုတင် မသိပေးပါက မိမိလေ့လာသော ဝေဒနည်းပညာ
လိုနေသေးလို့ဟု သဘောထားကာ ဆက်လက် သင်ယူလေ့လာလျှက်ရှိပါသည်။
သင်ဆရာ၊မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊၁၉၉၅ခုနှစ်မှ
ယနေ့ထိ၊ထီအကြံပြုပေးခြင်းအတွေ့အကြုံများအရလည်းကောင်း၊ထီပေါက်ဖူး
သူများ၏ မူလဇာတာများကို လေ့လာတွေ့ရှိချက်များအရလည်းကောင်း
ပိုင်းခြားသိရှိပြီး ဖြစ်ပါသည်။

ထီဖွင့်ပွဲဇာတာအရ ကောဇာ အောက်ပါဂြိုဟ်များကို လေ့လာပါမည်။
၁။စနေဂြိုဟ်
၂။တနင်္ဂနွေဂြိုဟ်
၃။ ကြာသပတေးဂြိုဟ်
၎။ အင်္ဂါဂြိုဟ်
ထီပေါက်ခြင်းကိုသာ လေ့လာမည်ဖြစ်သဖြင့် အထက်ပါဂြိုဟ်များကိုလေ့လာခြင်း
ဖြစ်ပါသည်။
ထီဆုကြီးပေါက်သူများကိုဆိုလျှင် အခြားဂြိုဟ်များကိုပါ လေ့လာရန်လိုအပ်ပါသည်။
(၃၃၆)ကြိမ်(၁.၁.၂၀၁၇)ထီဖွင့်ပွဲဇာတာအရ ကောဇာဂြိုဟ်များမှာ
စနေဂြိုဟ်သည် ဗြိစ္ဆာရာသီတွင်ရှိနေပါသည်။
တနင်္ဂနွေဂြိုဟ်သည် ဓနုရာသီတွင် ရှိနေပါသည်။
ကြာသပတေးဂြိုဟ်သည် ကန်ရာသီတွင် ရှိနေပါသည်။
အင်္ဂါဂြိုဟ်သည် ကုံမ်ရာသီတွင် ရှိနေပါသည်။
ထီအကြံပြုပေးရာ ကိုယ်ပိုင်ဥာဏ်ဖြင့် သိပြီးမှတ်ယူလိုက်နာသူ ထီပေါက်ပြီ
ငွေဆိုတာပေးမည့်သူရှိမှ ရတာဆိုသဖြင့် ထီဖွင့်ပွဲဇာတာအရ ကောဇာငွေပေးမည့်
ဂြိုဟ်များမှ မူလဇာတာရှိ ဂြိုဟ်မြင်များကို လေ့လာမည်ဖြစ်ပါသည်။
ထီပေါက်ခြင်းကိုသာ လေ့လာမည်ဖြစ်ပါသည်။
ထီဆုကြီးဖို့ဆိုလျှင် အကျိုးကိုတွေ့လို့ အကြောင်းရှာခြင်း(၁)
အောက်ပါ link တွင် လေ့လာနိင်ပါသည်။
ထီပေါက်သူ၏ မူလဇာတာတွင်
မိဿ ရာသီလဂ် ပိုင်ရှင်ဖြစ်ပါသည်။
စနေဂြိုဟ်သည် မေထုန်ရာသီတွင် ရှိနေပါသည်။
တနင်္ဂနွေဂြိုဟ်သည် မိဿ ရာသီတွင် ရှိနေပါသည်။
ကြာသပတေးဂြိုဟ်သည် သိဟ်ရာသီတွင် ရှိနေပါသည်။
(၃၃၆)ကြိမ် ထီဖွင့်ပွဲဇာတာအရ ကောဇာမှမူလဇာတာကို ထောက်ပံပေးခြင်း
(၁) ကောဇာ စနေဂြိုဟ်မှ ထောက်ပံပေးခြင်း
၁-၁ ကောဇာ ဗြိစ္ဆာရာသီ စနေဂြိုဟ်မှ မူလဇာတာ ဗြိဿ ရာသီ သောကြာဂြိုဟ်
ကို(၇)တန့်အမြင် မြင်ထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား
(၁)ခုဖြစ်ပါသည်။
၁-၂ ကောဇာ ဗြိစ္ဆာရာသီ စနေဂြိုဟ်မှ မူလဇာတာ သိဟ်ရာသီ ကြာသပတေး
ဂြိုဟ်ကို(၁၀)တန့် အမြင်မြင်ထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်း
တရား(၁)ခု ဖြစ်ပါသည်။
(၂) ကောဇာ တနင်္ဂနွေဂြိုဟ်မှ ထောက်ပံပေးခြင်း
       ၂-၁ ကောဇာ ဓနုရာသီ တနင်္ဂနွေဂြိုဟ်မှ မူလဇာတာ မေထုန်ရာသီ အင်္ဂါ
       ဂြိုဟ်ကို (၇)တန့် အမြင်မြင်ခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား
       (၁)ခု ဖြစ်ပါသည်။
       ၂-၂ ကောဇာ ဓနုရာသီ တနင်္ဂနွေဂြိုဟ်မှ မူလဇာတာ မေထုန်ရာသီ စနေ
       ဂြိုဟ်ကို(၇)တန့် အမြင်မြင်ခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား
       (၁)ခု ဖြစ်ပါသည်။
(၃) ကောဇာကြာသပတေးဂြိုဟ်မှ ထောက်ပံပေးခြင်း
       ၃-၁ ကောဇာ ကန်ရာသီကြသပတေးဂြိုဟ်မှ မူလဇာတာဗြိဿရာသီ
       သောကြာဂြိုဟ်ကို (၉)တန့်အမြင်မြင်နေခြင်းသည်လည်း ထီပေါက်ဖို့
       အကြောင်းတရား(၁)ခုဖြစ်ပါသည်။
(၄) ကောဇာအင်္ဂါဂြိုဟ်မှ ထောက်ပံပေးခြင်း
       ၄-၁ ကောဇာ ကုံမ်ရာသီအင်္ဂါဂြိုဟ်မှ မူလဇာတာမေထုန်ရာသီ
       သောကြာဂြိုဟ်ကို (၄)တန့်အမြင်မြင်နေခြင်းသည်လည်း ထီပေါက်ဖို့
       အကြောင်းတရား(၁)ခုဖြစ်ပါသည်။
ဇာတာရှင်မှ မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်း(၆)ကို ဝေဒနည်းပညာဖြင့်
ကြိုတင် သိရှိပြီး ရရှိအောင် ထီကံစမ်းသပ်ထားခြင်းသည်လည်း ထီပေါက်ဖို့
အကြောင်းတရား(၁)ခုဖြစ်ပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို
သက်သေပြလျှက် ရှိပါသည်။
ထီပေါက်သူ ဇာတာရှင်နည်းတူ ၀မ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
သင်ကြားပေးသော ဆရာသမားအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း
မှတ်တမ်းတင်လိုက်ပါသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်