Saturday, January 28, 2017

အကျိုးတွေ့လို့ အကြောင်းရှာခြင်း(၂)



အကျိုးတွေ့လို့ အကြောင်းရှာခြင်း(၂)
မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။
ထီဆုကြီးပေါက်သူများ၏ မူလဇာတာများနှင့် ထီဖွင့်ပွဲဇာတာ ကောဇာဆက်စပ်မူ
တို့အား လေ့လာခြင်း

၁။ ကောဇာ ယူရေးနပ်စ်ဂြိုဟ်၏(၁၄၄) အံသာတွင် မူလဇာတာ ဂြိုဟ်တစ်လုံး
ရှိနေခြင်းသည်လည်း ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။

၂။ မူလဇာတာ တနင်္ဂနွေဂြိုဟ်၏ (၁၂၀)အံသာတွင် ကောဇာဂြိုဟ်တစ်လုံး
ရှိနေခြင်းသည်လည်း ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

၃။မူလဇာတာလဂ်ကို ထီဖွင့်ပွဲဇာတာအရ ကောဇာ ပါပါဂြိုဟ် အင်္ဂါဂြိုဟ်
မမြင်ခြင်းသည်လည်း ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

၎။မူလဇာတာလဂ်ကို ထီဖွင့်ပွဲဇာတာအရ ကောဇာ ပါပါဂြိုဟ် စနေဂြိုဟ်
မမြင်ခြင်းသည်လည်း ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

၅။မူလဇာတာလဂ်ကို ထီဖွင့်ပွဲဇာတာအရ ကောဇာ ပါပါဂြိုဟ် ရာဟုဂြိုဟ်
မမြင်ခြင်းသည်လည်း ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

၆။ မူလဇာတာ လဂ်၏ အကျိုးပေးအတန့်တွင် ထီဖွင့်ပွဲဇာတာအရ ကောဇာတနင်္လာ
ဂြိုဟ် ရှိနေခြင်းသည်လည်း ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
ထီဆုကြီးပေါက်သူများ၏ မူလဇာတာများနှင့် ထီဖွင့်ပွဲဇာတာ ကောဇာဆက်စပ်မူတို့မှ
တူညီတိုက်ဆိုင်သည့်အချက်များအား ပေါက်ဖေါ်ရေးသားလိုက်ပါသည်။
ဗေဒင်ဝါသနာပါသူများ၊ထီစိတ်ဝင်စားသူများ မိမိ၏ မူလဇာတာကို ကြည့်ပြီး
မိမိကိုယ်တိုင် သိရှိနိင်ရန် အသိပေး မျှဝေလိုက်ပါသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်