Friday, January 6, 2017

ထီယူထားခြင်းနှင့်ကံစမ်းခြင်း(၁)



မူလဇာတာအရ ထီအကြံပြုပေးရာ ကိုယ်ပိုင်ဥာဏ်ဖြင့်သိပြီး မှတ်ယူလိုက်နာသူ ထီပေါက်ပြီ

ထီပေါက်သူနှင့်ဆွေးနွေးခြင်း(၂)
(၆.၁.၂၀၁၇)ရက်နေ့ ၊အကြောင်းညီညွတ်သဖြင့် ထီပေါက်သူနှင့် ဆွေးနွေး
ဖြစ်ပါသည်။မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာ
နောက်ကွယ်ရှိ ထီပေါက်မည့် ဒုတိယနေရာဂဏန်း(၁)လုံးကို အကြံပြုပေးရာ
ဒုတိယနေရာဂဏန်းတူရုံဖြင့် ထီပေါက်သည့်နည်းနစ်ဖြစ်သောအထူးမင်္ဂလာစုံတွဲ
ထိပ်စီးစုံ(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်း(၁)လုံးဖြင့် ရရှိအောင်
ဝီရိယကို (၂)ဆ တိုးကာ ဆောင်ရွက်ထားသူ ဖြစ်သဖြင့် ထီပေါက်ကိန်းရှိသည့်
ကာလအတွင်းအကျိုးပေးသော အကြိမ်တွင် ကံအကျိုးပေးသော ထီဆုများ ပေါက်ခြင်းဖြစ်ပါသည်။
မူလဇာတာအရ ထီအကြံပြုပေးရာ ကိုယ်ပိုင်ဥာဏ်ဖြင့် သိပြီး မှတ်ယူလိုက်နာသူ
အားလုံး ထီပေါက်ကိန်းရှိသည့်ကာလအတွင်း အားလုံးထီပေါက်ပြီ။
ထီယူထားခြင်းနှင့် ကံစမ်းခြင်း
ဇာတာရှင်မှ ထီယူထားခြင်း ကံစမ်းခြင်းအား ဆွေးနွေးလာသဖြင့် နားလည်သည်အထိ ရှင်းပြလိုက်ပါသည်။အခြားထီစိတ်ဝင်စားသူများပါ သိရှိလေ့လာနိင်ရန်
ရေးသားလိုက်ပါသည်။
မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံးရှိပါသည်။
ဘယ်နေရာကဘာတွေကို ဘယ်စနစ်နဲ့ယူထားပြီး၊ဘယ်နေရာက ဘာတွေကို ကံတိုက်ထီကံစမ်းသပ်မှာလဲ?
မိမိစိတ်ကြိုက် ရွှေးချယ်ကံစမ်းနိင်ပါသည်။
ထီအက္ခရာယူထားခြင်း
မြန်မာ့အောင်ဘာလေထီပေါက်ဖို့ဆိုလျှင် ပထမဦးဆုံးတူဖို့လိုသည်မှာ အက္ခရာ ဖြစ်ပါသည်။ထီအက္ခရာ(က)မှ(ကဈ)ထိ၊ထီအက္ခရာ(၄၂)လုံး ရှိပါသည်။
ထီအက္ခရာတူလိုသဖြင့် အထူးမင်္ဂလာစုံတွဲ အက္ခရာစုံကို ထီပေးသည့်စနစ်အရ  
ယူထားခြင်းဖြစ်ပါသည်။
(အထူးမင်္ဂလာစုံတွဲ အက္ခရာစုံကို ထီယူထားသဖြင့် အက္ခရာမှာတူပြီးဖြစ်ပါသည်။)
ပထမနေရာဂဏန်းများ ယူထားခြင်း
မြန်မာ့အောင်ဘာလေထီပေါက်ဖို့ဆိုလျှင် ဒုတိယအနေဖြင့် တူဖို့လိုသည်မှာ ပထမနေရာဂဏန်းဖြစ်ပါသည်။ပထမနေရာဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၉)လုံးရှိပါသည်
ပထမနေရာဂဏန်းတူလိုသဖြင့်ထိပ်စီးစုံ (၉)လုံးကို သင်္ချာဗေဒနည်းစနစ်အရ ယူထားခြင်း ဖြစ်ပါသည်။
(ပထမနေရာဂဏန်း ထိပ်စီးစုံကို ယူထားသဖြင့် ပထမနေရာဂဏန်းများလည်း တူပြီးဖြစ်ပါသည်။)
မိမိထီပေါက်မည့် ဒုတိယနေရာ(၁)လုံးကို ယူထားခြင်း
ဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံး ရှိသည့်အနက် မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်းမူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ဒုတိယနေရာဂဏန်း(၁)လုံးကိုဝေဒနည်းပညာ ဥပဒေသများဖြင့် ယူထားခြင်း
ဖြစ်ပါသည်။
(ထီယူထားသည့် ဒုတိယနေရာဂဏန်း(၁)လုံး တူရုံဖြင့် ထီပေါက်သည့်
နည်းစနစ်ဖြစ်ပါသည်။)
နောက်ဂဏန်း(၄)လုံးကို ကံတိုက်ထီကံစမ်းခြင်း
နောက်ဂဏန်း(၄)လုံးကို ကံတိုက်ထီကံစမ်းခြင်း ဖြစ်ပါသည်။
ထီပေါက်ခြင်း
ထီပေါက်ကိန်း ရှိသည့်ကာလအတွင်း အကျိုးပေးသောအကြိမ်တွင် ထီယူထားသည့်
ဒုတိယနေရာဂဏန်း(၁)လုံးတူရုံဖြင့် ကံအကျိုးပေးသော ထီဆု ထီပေါက်ခြင်း ဖြစ်ပါသည်။
(ကံစမ်းထာသည့် ဂဏန်းများတူပါက ထီဆုကြီးပေါက်နိင်ပါသည်။)
ထီယူထားခြင်းနှင့်ကံစမ်းခြင်းအား ထီစိတ်ဝင်စားသူများအတွက် မျှဝေလိုက်ပါသည်။
ထီအကြံပြုပေးရာ ကိုယ်ပိုင်ဥာဏ်ဖြင့် သိပြီး မှတ်ယူလိုက်နာသူထီပေါက်သဖြင့်
ထီပေါက်သူနည်းတူ ၀မ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၆ ရက်

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်