‘အကြောင်း’ကို ကြိုတင် ‘သိ’သူ လက်တွေ့ ထီကံစမ်းသပ်ရာ ‘အကျိုး’ရပြီ။
တစ်နေ့ ဟောခန်းသို့ ဗေဒင်ဝါသနာပါပြီး၊ထီစိတ်ဝင်စားသူ တစ်ဦးလာရောက်
ဆွေးနွေးပါသည်။ဆွေးနွေးလာသည့် ဗေဒင်ဝါသနာပါသူ ထီစိတ်ဝင်စားသူကို
အထူးပင်ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။
ဆွေးနွေးလာသည့် နည်းတူ အခြား ထီစိတ်ဝင်စားသူများပါ သိရှိနိင်ပါရန်
အသိပေး ရေးသားလိုက်ပါသည်။
ဆွေးနွေလာသည့်အကြောင်းမှာ ထီပေါက်ချင်လို့ ဖြစ်ပါသည်။
ထီနှင့်ပတ်သက်ပြီး ဆွေးနွေးလာခြင်း ဖြစ်သဖြင့် မြန်မာ့အောင်ဘာလေမှ
ထီပေးသည့်စနစ်ကို သိရှိနားလည်သလား ဆွေးနွေးရာ တိတိကျကျဆိုလျှင်
နားမလည်ကြောင်း ဆွေးနွေးလာပါသည်။
ထို့ကြောင့် ထီပေါက်ချင်တယ်ဆိုတာမှန်ပါတယ် အရင်းအနှီးအနည်းငယ်နှင့်
ကံဇာတာကောင်းပါက အမြတ်မြတ်များများ ရသဖြင့် ဖြစ်ပါသည်။
ပထမဦးဆုံးအနေဖြင့် ထီပေါက်ဖို့ဆိုလျှင် ထီထိုးထားဖို့လိုကြောင်း
အသိပေး
လိုက်ပါသည်။
မြန်မာ့အောင်ဘာလေ ထီပေးသည့်စနစ်အရ အက္ခရာနှင့် ဂဏန်းများ အစဉ်လိုက်
တူပါက ထီပေါက်သည့်စနစ်ဖြစ်ကြောင်း ဆွေးနွေးဖြစ်ပါသည်။
‘အက္ခရာ’ တူလိုပါက အထူးမင်္ဂလာစုံတွဲ ထီကံစမ်းသပ်လျှင် ‘အက္ခရာ’ မှာတူပြီး
ဖြစ်ပါသည်။
‘အက္ခရာ’ နှင့် ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်တူလျှင်
ဝေေ၀ဆာဆာ ပဒေသာဆုမဲ
များတွင် (၅)သောင်းဆု ပေါက်ကြောင်း ရှင်းပြလိုက်ပါသည်။
အထူးမင်္ဂလာစုံတွဲ အင်တာနက်(၉၀)တွဲ ထီကံစမ်းသပ်လျှင်
ဝေေ၀ဆာဆာ ပဒေသာဆု(၃)ဆု ထီပေါက်ကြောင်းနှင့် ငွေကြေးတတ်နိင်သူ
များအနေဖြင့် ထီပေါက်အောင် ကံစမ်းသော နည်းစနစ် ဖြစ်ကြောင်းကို ဆွေးနွေး
ဖြစ်ပါသည်။
ထီပေါက်ဖို့ဆိုလျှင် ယခုကာလ ထီပေါက်ကိန်းရှိပါက ပိုမိုအကျိုးရှိကြောင်းကိုလည်း
ဆွေးနွေးဖြစ်ပါသည်။
၁၉၉၅ ခုနှစ်မှ ယနေ့ထိ၊ထီပေါက်ဖူးသူများနှင့် တွေ့ဆုံးဆွေးနွေးရာတွင်၊၄င်းတို့
အားလုံးသည် ထီပေါက်ကိန်း ရှိသူများသာ ဖြစ်နေကြောင်း အတွေ့အကြုံကို
ဆွေးနွေးဖြစ်ပါသည်။
၁။ ယခုကာလထီပေါက်ကိန်း ‘အသိ’ပေးခြင်း
ဇာတာရှင်မှ မွေးသက္ကရာဇ် အပြည့်အစုံပေးရာ တွက်ရာတွင် အောက်ပါအတိုင်း
ရရှိပါသည်။
ဇာတာရှင်သည် သိဟ်ရာသီလဂ် ပိုင်ရှင် ဖြစ်သဖြင့်
(၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆) ကာလအတွင်း ထီပေါက်ကိန်း
ရှိနေကြောင်း
ဝေဒ နည်းပညာဖြင့် အသိပေးလိုက်ပါသည်။
၂။ နည်းစနစ် အကြံပြုပေးခြင်း
ထီပေါက်ကိန်း ရှိနေသည့် ကာလအတွင်း ထီပေါက်အောင် ကံစမ်းသည့် နည်းစနစ်
ရှိကြောင်း (အချိန်နှင့် ငွေကြေးကို ပိုင်းခြား အသုံးပြုသည့်နည်းစနစ်)ကို
ဆွေးနွေးဖြစ်ပါသည်။
၁။ မဲ(၉)လိပ်ထဲမှ(၁)လိပ် နှိုက်သည့် နည်းစနစ်
လူ(၉)ဦး ထီကံစမ်းသပ်ပါကအနည်းဆုံး(၃)ဦးထီပေါက်သည့်နည်းစနစ်
အထူးမင်္ဂလာစုံတွဲ အင်တာနက်(၁၀)တွဲကို မိမိထီပေါက်မည့် ပထမနေရာ အကျိုးပေး
နက္ခတ် စိုးမိုးဂဏန်း(၁)လုံးဖြင့် ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
၂။ မဲ(၁၀)လိပ်ထဲမှ(၁)လိပ် နှိုက်သည့်နည်းစနစ်
လူ(၁၀)ဦး ထီကံစမ်းသပ်ပါကအနည်းဆုံး(၃) ဦးပေါက်သည့်နည်းစနစ်
အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာ
အကျိုးပေး
နက္ခတ် စိုးမိုးဂဏန်း(၁)လုံးဖြင့် ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
၃။ ထီပေါက်မည့် ပထမနေရာ ဂဏန်း အကြံပြုပေးခြင်း
ဇာတာရှင်မှ မဲ(၉)လိပ် ထဲမှ (၁)လိပ်နှိုက်သည့် နည်းစနစ်ကို
အကြံပြုပေးပါရန်
တောင်းဆိုလာသဖြင့် မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း
မူလဇာတာ နောက်ကွယ်ရှိ ထီပေါက်မည့် အကျိုးပေး ပထမနေရာ
အကျိုးပေးနက္ခတ်
စိုးမိုးဂဏန်း(၉)ဂဏန်းဖြင့် ထီကံစမ်းသပ်ဖို့ အကြံပြုပေးလိုက်ပါသည်။
၎။ မိတ်ကောင်းဆွေးကောင်းရှိခြင်း
ထီပေါက်မည့် ပထမနေရာ ဂဏန်းတော့ သိပါပြီ၊ထီနံပတ် ရဖို့ကလည်း လိုသေး
ကြောင်း ဆွေးနွေးလာပါသည်။ထီနံပတ်များ ရဖို့ဆိုလျှင် မိတ်ကောင်းဆွေကောင်း
လိုအပ်ကြောင်း၊မိတ်ကောင်းဆွေကောင်းမှ ရန်ကုန်(မိုးယံ)သို့ (၁)လ ကြိုတင်
စာရင်းပေးပြီး အထူးမင်္ဂလာစုံတွဲ အင်တာနက်(၉၀)တွဲ မှာယူရကြောင်း
လူကြီးမင်း (၁)လကြိုတင် စာရင်းပေး မှာယူသည့် (၉)ထိပ်ဖြင့် အထူးမင်္ဂစုံတွဲ
(၁၀)တွဲကို လဆန်း(၅)ရက်နေ့တွင် ရွေးချယ်ပေးပြီးနောက် ကျန်အထူးမင်္ဂလာစုံတွဲ
(၈၀)တွဲကို ထီဆိုင်တွင် ရောင်းချကြောင်း ထို့ကြောင့် မိမိကောင်းဆွေကောင်းနှင့်
ဆက်သွယ်နိင်ရန် အကျိုးဆောင်ပေးနေသည့် (ph:067-432224,067-414434,
09-49204088,09-260854421)သို့ဆက်သွယ်နိင်ပါကြောင်း
ဖုန်းနံပတ်အား ပေးလိုက်ပါသည်။
၅။ ထီပေါက်ခြင်း
ဇာတာရှင်သည် (၉)ထိပ်ဖြင့် အထူးမင်္ဂလာစုံတွဲ(၁၀)တွဲကို
လက်တွေ့ ရရှိအောင် ထီကံစမ်းသပ်သူ ဖြစ်သဖြင့်
(၃၂၀) ကြိမ်တွင် ကခ ၉၉၇၆၁၄ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
ထီပေါက်ကိန်းရှိနေသည့် ကာလအတွင်း ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ
ဝမ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက ဝေဒ နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို
သက်သေပြနေပါသည်။
ချိန်ခါမလွန်ခင် ဆွေးနွေးပါ။
Ph:09-420727866.
No comments:
Post a Comment