Friday, January 29, 2016

အကြောင်းတရား(၅)ပါး တူညီတိုက်ဆိုင်မှ ထီကံစမ်းသပ်သူ ထီပေါက်ပြီ။



အကြောင်းတရား(၅)ပါး တူညီတိုက်ဆိုင်မှ ထီကံစမ်းသပ်သူ ထီပေါက်ပြီ။


‘အကြောင်း’ကို ကြိုတင် ‘သိ’သူ လက်တွေ့ ထီကံစမ်းသပ်ရာ ‘အကျိုး’ရပြီ။
တစ်နေ့ ဟောခန်းသို့ ဗေဒင်ဝါသနာပါသူ၊ထီစိတ်ဝင်စားသူတစ်ဦးလာရောက်
ဆွေးနွေးပါသည်။
ထီနှင့်ပတ်သက်ပြီး ဆွေးနွေးလာခြင်း ဖြစ်ပါသည်။
ပထမဦးဆုံး အနေဖြင့် ထီပေါက်ဖို့ဆိုလျှင် ထီထိုးဖို့ အသိပေးလိုက်ပါသည်။
ထီကတော့ ကံစမ်းဖြစ်ပါတယ်၊ထီမပေါက်တာကြာပြီမို့လို့ လာရောက်ဆွေးနွေးခြင်း
ဖြစ်ကြောင်း ဆွေးနွေးလာပါသည်။
ဆွေးနွေးလာသည့် မိတ်ဆွေအား အထူးပင်ကျေးဇူးတင်ပါကြောင်း မှတ်တမ်း
တင်လိုက်ပါသည်။

(၁) ယခုကာလ ထီပေါက်ကိန်း အသိပေးခြင်း
ထီပေါက်ဖို့ဆိုလျှင် ဒုတိယအနေဖြင့် ယခုကာလ ထီပေါက်ကိန်း ရှိနေဖို့ လိုကြောင်း
ဆွေးနွေးဖြစ်ပါသည်။
မွေးဖွားသက္ကရာဇ် အပြည့်အစုံကို တွက်ရာ အောက်ပါအတိုင်း မူလဇာတာကို
ရရှိပါသည်။
ဇာတာရှင်သည် မကာရ ရာသီလဂ် ပိုင်ရှင်ဖြစ်သဖြင့် (၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆)
ကာလအတွင်း ထီပေါက်ကိန်း ရှိနေကြောင်း အသိပေးလိုက်ပါသည်။
(၂) ထီပေါက်မည့် ဒုတိယနေရာဂဏန်း အကြံပြုပေးခြင်း
ဇာတာရှင်မှ ထီပေါက်မည့် ဒုတိယနေရာ ဂဏန်း အကြံပြုပေးပါရန်ဆွေးနွေးလာသဖြင့်
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် ဒုတိယနေရာ အကျိုးပေး နက္ခတ် စိုးမိုးဂဏန်း(၁) ဂဏန်း၊(၂)ဂဏန်း၊
နှင့်(၃) ဂဏန်းတို့ကို အကြံပြုပေးလိုက်ပါသည်။
(၃) ထီပေါက်အား ကောင်းသည့် အကြိမ် အကြံပြုပေးခြင်း

ဇာတာရှင်မှ ထီပေါက်ကိန်း ကာလသည် ထီအကြိမ်အရေအတွက်ဖြင့်ဆိုလျှင်
(၁၂) ကြိမ် ဖြစ်နေပါသဖြင့် ထီပေါက်အားကောင်းသည့်အကြိမ်ကို အကြံပြုပေးပါရန်
ဆွေးနွေးလာသဖြင့် ထီဖွင့်ပွဲဇာတာလဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများနှင့်
ထီကံစမ်းသပ်လိုသူ လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သော
အကြိမ်သည် ထီပေါက်အားကောင်းသည့် အကြိမ်များ ဖြစ်ကြောင်း အကြံပြုပေးလိုက်
ပါသည်။
ဇာတာရှင်သည် မကာရ ရာသီလဂ် ပိုင်ရှင်ဖြစ်သဖြင့်
(၃၂၄) ကြိမ်၊(၃၂၈) ကြိမ်တို့သည် ထီပေါက်အား ကောင်းသည့် အကြိမ်များ
ဖြစ်ကြောင်း အကြံပြုပေးလိုက်ပါသည်။
(၄) ထီပေါက်အား ကောင်းသည့် ဒသာတွင် အကြံပြုပေးခြင်း
ဇာတာရှင်မှ ထီပေါက်အား ကောင်းသည့် ဒသာနှင့် တိုက်ဆိုင်မှသာ ထီကံစမ်းသပ်
လိုကြောင်း မူလဇာတာ ဒသာကိုပါ တွက်ချက် အကြံပြုပေးပါရန်
ဆွေးနွေးလာပါသည်။
မူလဇာတာအား လေ့လာရာတွင်
(၃၀.၁၁.၂၀၁၅)မှ(၂.၂.၂၀၁၆) ကာလသည်
သောကြာထူလ၊
ရာဟု အန္တရ၊
အင်္ဂါ ပြန္တတရ ဒသာတွင် ကျရောက်နေပါသဖြင့်
အင်္ဂါ ပြန္တတရ ဒသာသည် မကာရ လဂ် ပိုင်ရှင်အတွက် ထီပေါက်အားကောင်း
သည့် ဒသာနှင့် တိုက်ဆိုင်နေကြောင်း ဆွေးနွေးဖြစ်ပါသည်။
(၅) ထီကံစမ်းသပ်သည့် နည်းစနစ် အကြံပြုပေးခြင်း
ထီပေါက်အားကောင်းသည့် အကြိမ်တွင် ထီကံစမ်းသပ်လိုကြောင်း သူငယ်ချင်းတစ်
ဦးမှ ဆွေးနွေးလာခြင်းကိုလည်း ပြောဖြစ်ပါသည်။သူငယ်ချင်းတစ်ဦးမှ ထီပေါက်ကိန်း
ရှိသည့် ကာလသည်(၁၂) ကြိမ် ဖြစ်နေသဖြင့် ထီပေါက်အား ကောင်းသည့်အကြိမ်
တွင်သာ ထီကံစမ်းသပ်လိုကြောင်း ထို့ကြောင့် သူငယ်ချင်းအား အကြံပြုပေးဖူးပါ
သည်။
အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်း(၃)လုံး
ဖြင့် ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
လက်တွေ့ ထီကံစမ်းသပ်သော သူငယ်ချင်းလည်း ထီပေါက်ကြောင်း ဆွေးနွေးဖြစ်
ပါသည်။
ဇာတာရှင်လည်း ထီပေါက်အား ကောင်းသည့် အကြိမ်တွင် ထီကံစမ်းသပ်မည်
ဆိုပါက အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ(၉)တွဲကို၊မိမိထီပေါက်မည့် ဒုတိယနေရာ
ဂဏန်း(၁)ဂဏန်း၊(၂)ဂဏန်း(၃)ဂဏန်း၊တို့ဖြင့် ထီကံစမ်းသပ်ဖို့ အကြံပြုပေးလိုက်
ပါသည်။
ဇာတာရှင်သည် ရရှိအောင် လက်တွေ့ ထီကံစမ်းသပ်သဖြင့်
(၃၂၄) ကြိမ်တွင် ကင ၁၁၉၆၂၀ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
(၃၂၄) ကြိမ်တွင် ၀ ၈၁၄၂၃၈ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
(၃၂၄) ကြိမ်တွင် ပ ၇၂၉၄၆၆ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက ဝေဒ နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို
သက်သေပြနေပါသည်။
အကြောင်းတရား(၅)ပါး တူညီတိုက်ဆိုင်မှ ထီကံစမ်းသပ်သူ ထီပေါက်ပြီ
ဇာတာရှင် ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ ၀မ်းသာပီတိဖြစ်ကာ မှတ်တမ်း
တင်လိုက်ပါသည်။
ချိန်ခါမလွန်ခင် ဆွေးနွေးပါ။
Ph:067-414434,067-432224,09-6801883,09-420727866.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်