Friday, January 29, 2016

ထီဖွင့်ချိန်တွင် စိုးမိုးသည့် နက္ခတ် စိုးမိုးဂဏန်း ပထမနေရာ ဂဏန်းများဖြင့် ထီကံစမ်းသပ်ခြင်း



ထီဖွင့်ချိန်တွင် စိုးမိုးသည့် နက္ခတ် စိုးမိုးဂဏန်း ပထမနေရာ ဂဏန်းများဖြင့် ထီကံစမ်းသပ်ခြင်း

ဘယ်စနစ်နဲ့ ထီကံစမ်းသပ်မှာလဲ
တစ်နေ့ ဟောခန်းတွင် ဗေဒင်ဝါသနာပါသူ ထီစိတ်ဝင်စားသူ လက်တွေ့
ထီကံစမ်းသပ်ရာ ထီပေါက်သဖြင့် ထပ်မံဆွေးနွေးလာပါသည်။
နည်းစနစ်(၅)မျိုး ကို နားလည်အောင် ရှင်းပြထားပြီး ဖြစ်ပါသည်။
ဇာတာရှင်မှလည်း နားလည်သဘောပေါက်ပါသည်။
ယခု ထီကံစမ်းသပ်လိုသည်မှာ ထီဖွင့်ချိန်တွင် စိုးမိုးသည့် ပထမနေရာ အားကောင်း
သော ဂဏန်းများနှင့် ကံစမ်းလိုပါသဖြင့် (၃၂၄) ကြိမ်တွင် ပထမနေရာ အားကောင်း
သည့် ဂဏန်းများကို အကြံပြု ပေးပါရန် တောင်းဆိုလာခြင်းဖြစ်ပါသည်။
(ထီဖွင့်ချိန်တွင် စိုးမိုးသည့် ပထမနေရာ ဂဏန်းများကို ထီကံစမ်းသပ်ထားသူ
မည်သူမဆို ပထမနေရာ ဂဏန်းတူကြောင်းကို ဇာတာရှင်မှ သိရှိနားလည်သဖြင့်
ဆွေးနွေးလာခြင်းလည်း ဖြစ်ပါသည်။)

ဆွေးနွေးလာသည့် ဖေ့ဘုတ်မိတ်ဆွေကို အထူးပင် ကျေးဇူးတင်ပါကြောင်းကိုလည်း
မှတ်တမ်းတင်လိုက်ပါသည်။
ထိုအတူ ယခင်ကလည်း သူငယ်ချင်း တစ်ဦးမှ ထီဖွင့်ချိန်တွင် စိုးမိုးသော
ပထမနေရာ အားကောင်းသည့် စိုးမိုးဂဏန်း(၃)လုံးနှင့် အင်တာနက်(၃၀)တွဲ
ထီကံစမ်းသပ်လိုသဖြင့် အကြံပြုပေးပါရန် ဆွေးနွေးလာသဖြင့် အကြံပြုပေးရာ
ဇာတာရှင် ထီပေါက်ကြောင်းကိုလည်း သိရှိထားသူ ဖြစ်ပါသည်။
(၃၂၄) ကြိမ်(၁.၁.၂၀၁၆)(၀၈း၃၀)နာရီ ရန်ကုန်မြို့တွင် ထီဖွင့်ပွဲ ကို
မကာရ လဂ်ဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသည့် ပထနေရာ အားကောင်းသည့် နက္ခတ် စိုးမိုးဂဏန်း(၁.၂.၃)
ဂဏန်းများကို ပထမနေရာ ထီကံစမ်းသပ်ဖို့ အကြံပြုပေးလိုက်ပါသည်။

ဇာတာရှင်သည် (၃၂၄) ကြိမ်တွင် ၁၇၂၂၂၂ အထူးမင်္ဂလာစုံတွဲ(၁)တွဲ
ထီကံစမ်းသပ်ရာ ကဆ ၁၇၂၂၂၂ ဖြင့် ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက ဝေဒ နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို
သက်သေပြနေပါသည်။
ဇာတာရှင် ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ ၀မ်းသာပီတိဖြစ်ကာ
မှတ်တမ်းတင်လိုက်ပါသည်။
ချိန်ခါမလွန်ခင်ဆွေးနွေးပါ။
Ph:09-420727866.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်