Tuesday, December 10, 2013

(၂၉၉) ကြိမ် ကျပ်သိန်းရာကျော် ပေါက်သူ၏ ဇာတာကို လေ့လာခြင်း



(၂၉၉) ကြိမ် ကျပ်သိန်းရာကျော် ပေါက်သူ၏ ဇာတာကို လေ့လာခြင်း

(၁၀.၁၂.၂၀၁၃ )ယနေ့ အကြောင်းညီညွတ်သဖြင့် နေပြည်တော် ပျဉ်းမနား ဦးဝင်းမင်း
(မိုးယံ-ပျဉ်းမနားကိုယ်စားလှယ်)ထီဆိုင်တွင် အိုမိုတို ဆိုင်သစ်ဖွင့်ပွဲကျင်းပပါသည်။
အကြောင်းညီညွတ်သဖြင့် ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ပါသည်။
(၂၉၅)ကြိမ်တွင် ကျပ်သိန်း(၁၅၀၀) ဆုပေါက်သူ 
ဦးဌေးနိုင်ဦး (ရေနီ-မိုးယံကိုယ်စားလှယ်)နှင့် တွေ့ဆုံဖြစ်ခဲ့ပါသည်။
(၂၉၉)ကြိမ်(၁.၁၂.၂၀၁၃) ရက်နေ့ထီဖွင့်ပွဲတွင် ဦးဥာဏ်ဟိန်း (၀၉-၅၁၈၃၁၅၀)
 တ ၆၇၅၁၂၇ ဖြင့် ကျပ်သိန်း(၁၀၀) ဆုကြီးအပါအ၀င် ကျပ်သိန်း(၄၅၀) ထီပေါက်ကြောင်းပြောကြားဖြစ်ခဲ့ပါသည်။
မွေးဖွားခုနှစ်သက္ကရာဇ်အား ဖုန်းဆက်မေးပြီး ဇာတာဖွဲ့ရာတွင် အထက်ပါအတိုင်း
ရရှိပါသည်။
ဇာတာရှင်သည် မိသ ရာသီလဂ်ပိုင်ရှင်ဖြစ်ပါသည်။
သိဟ် ရာသီတွင် တနင်္လာဂြိုလ် စန်းရှိပါသည်။
သိဟ် ရာသီတွင် တနင်္လာဂြိုလ် စန်းရှိနေပါသဖြင့်(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)
ကာလအတွင်း ငွေအမြောက်အများဝင်ကိန်း ရှိပါသည်။
ငွေအမြောက်အများဝင်ကိန်းရှိနေပါသဖြင့်
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)ကာလအတွင်း ထီပေါက်ကိန်း ရှိနေပါသည်။

ဇာတာရှင် ကျပ်သိန်း(၄၅၀) ထီပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသ မှန်ကန်ခြင်းကို
သက်သေပြနေပါသည်။
ပထမနေရာ ဂဏန်းများကို လေ့လာခြင်း
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
လဂ်စီးနက္ခတ်စိုးမိုးဂဏန်းသည် ပထမနေရာ ဂဏန်းဖြစ်နေပါသည်။
ဇာတာရှင်သည် မိသရာသီလဂ် ပိုင်ရှင်ဖြစ်သဖြင့်
လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများဖြစ်သည့်(၉.၆.၁)ဂဏန်းများသည်
ပထမနေရာ အားကောင်းသော ဂဏန်းများ ဖြစ်ပါသည်။
လဂ်စီးနက္ခတ်မှာ ဘရဏီနက္ခတ်ဖြစ်ပြီး၊နက္ခတ်စိုးမိုးဂဏန်းမှာ(၆)ဂဏန်းဖြစ်နေပါသည်။
ဇာတာရှင်(၆)ဂဏန်းထိပ်စီးဖြင့် ထီပေါက်ခြင်းက နက္ခတ် နည်းပညာ ဥပဒေသများ
မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
ဇာတာရှင်သည် တ ၆၇၅၁၂၇ ဖြင့် ကျပ်သိန်း(၁၀၀) ဆုကြီးအပါအ၀င်
ကျပ်သိန်းပေါင်း(၄၅၀) ထီပေါက်ပါသည်။
မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင်
ရှေ့ဂဏန်း(၃)လုံးသည်( ၆၇၅) ဖြစ်သဖြင့် ၂၀၀၀ ခုနှစ်ကတည်းက
ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင် အကြိမ်စဉ်ပေါက်သော အကွက်(၂၂၀)
ထဲမှ ရှေ့ဂဏန်း(၃)လုံး ဖြစ်နေပါသည်။ 
 
 
ထီပေါက်သူနှင့် တွေ့ဆုံရန် အကြောင်းမညီညွတ်သော်လည်း ထီပေါက်သူ၏
ခုနှစ်သက္ကရာဇ်များ ရရှိအောင် အကျိုးဆောင်ပေးသော ဦးဌေးနိုင်ဦး(ရေနီ)အား
အထူးပင် ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
သင်ဆရာ မြင်ဆရာ အားလုံး၏တပည့်
ဆရာ ဘုန်းမြင့်(ပြည်မြို့) ဝေဒသုတေသီ-A.G.T.I-(Civil)
09-6801883(10.12.2013)(14;40)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်