မဖြစ်သေးသည်ကို ကြိုတင်“သိ”ခြင်းသည်
ဝေဒနည်းပညာဖြစ်သည်။
ဇာတာကောင်းသူများအကျိုးပေးချိန်တန်တော့ထီပေါက်ပြီ။
တစ်နေ့ဇာတာရှင်သည်
ဟောခန်းသို့ရောက်လာပြီး၊ထီပေါက်လိုကြောင်းနှင့်ထီကို
ဘယ်လိုထီကံစမ်းရမလဲ ဆွေးနွေးလာပါသည်။
ဇာတာရှင်သည် ပြိဿ
လဂ်ပိုင်ရှင်ဖြစ်သဖြင့်
(၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄)အတွင်း
ငွေအမြောက်အများဝင်ကိန်းရှိပါသည်။
ငွေအမြောက်အများဝင်ကိန်း
ရှိနေပါသဖြင့်
(၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်းရှိပါသည်။
ထီပေါက်ကိန်းရှိပြီး၊ဘယ်ဂဏန်းများအကျိုးပေးသလဲလေ့လာရာတွင်
ထီပေါက်ဖူးသူများ၏ ဇာတာများကို
သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
လဂ်စီးနက္ခတ်စိုးမိုးဂဏန်းသည်ပထမနေရာဂဏန်းနှင့်
စန်းစီးနက္ခတ်စိုးမိုးဂဏန်းသည်
တတိယနေရာ ဂဏန်း ဖြစ်နေပါသည်။
ဇာတာရှင်သည် ပြိဿ
လဂ်ပိုင်ရှင်ဖြစ်ပါသည်။
လဂ်စီးနက္ခတ်မှာ
ရောဟဏီနက္ခတ်ဖြစ်ပြီး၊စိုးမိုးဂဏန်း(၂)ကိုပထမနေရာထီကံစမ်းရန်
အကြံပြုပေးလိုက်ပါသည်။
ဇာတာရှင်သည် ပြိဿ ရာသီတွင်
တနင်္လာဂြိုလ် ရှိပါသည်။
စန်းစီးနက္ခတ်မှာ
ရောဟဏီနက္ခတ်ဖြစ်ပြီး၊စိုးမိုးဂဏန်း(၂)ကိုတတိယနေရာထီကံစမ်းရန်
အကြံပြုပေးလိုက်ပါသည်။
ဇာတာရှင်သည် မိမိဇာတာ၏
အကျိုးပေးနက္ခတ်စိုးမိုးဂဏန်းများကို သူနေရာအလိုက်ထီကံစမ်းသပ်ရာ
အကျိုးပေးချိန်တန်သဖြင့် ထီပေါက်ရာဇာတာရှင်
နည်းတူဝမ်းသာပိတိဖြစ်ကာ
မှတ်တမ်းတင်အပ်ပါသည်။
ဆရာဘုန်းမြင့်(ဝေဒသုတသီ)A.G.T.I-(Civil)
Ph:09-6801883(၃.၁.၂၀၁၄)
No comments:
Post a Comment