Sunday, December 1, 2013

ထီပေါက်ပြီ

  ထီပေါက်ပြီ
တစ်နေ့ဟောခန်းသို့ ဗေဒင် စိတ်ဝင်စားသူ တစ်ဦးရောက်ရှိလာပါသည်။
ထီပေါက်ကိန်းကို သိလိုကြောင်းနှင့်ထီကိုဘယ်လိုကံစမ်းရမလဲအကြံပြုပေးပါရန်
ဆွေးနွေးလာပါသည်။
ဇာတာရှင်သည် သိဟ်ရာသီလဂ်ပိုင်ရှင် ဖြစ်သဖြင့်(၁.၆.၂၀၁၃)ရက်နေ့မှ
(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်အများဝင်ကိန်း ရှိပါသည်။
ငွေအမြောက်အများဝင်ကိန်းရှိနေပါသဖြင့် (၁.၆.၂၀၁၃)ရက်နေ့မှ
(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်း ရှိပါသည်။
ထီဖွင့်ပွဲဇာတာများနှင့် ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာ

တွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာ လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများနှင့် ထီကံစမ်းသူ၏ လဂ်ရာသီပိုင်
နက္ခတ်စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သည့်အကြိမ်တွင် ထီပေါက်လျက်ရှိနေပါ
ကြောင်းလေ့လာတွေ့ရှိရသဖြင့်
ဇာတာရှင်အား (၂၉၉)ကြိမ်တွင် (၃၀၃)ကြိမ်တို့တွင် ထီကံစမ်းရန် အသိပေး

အကြံပြုပေးလိုက်ပါသည်။
ထီဂဏန်းများ အကြံပြုပေးပါရန် တောင်းဆိုလာသဖြင့်
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်တွေ့ရှိချက်အရ
လဂ်ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၃)လုံးရှိသည့်အနက်မှ လဂ်စီးနက္ခတ်
စိုးမိုးဂဏန်းသည် ဇာတာရှင်အတွက် ပထမနေရာဂဏန်းဖြစ်နေကြောင်းနှင့်
စန်းရာသီပိုင်နက္ခတ် စိုးမိုးဂဏန်း(၃)လုံးရှိသည့်အနက်မှစန်းစီးနက္ခတ် စိုးမိုးဂဏန်းသည်
ဇာတာရှင်အတွက် တတိယနေရာ ဂဏန်းများဖြစ်နေကြောင်းကို ရှင်းပြလိုက်ပါသည်။
၉၀၀    ၉၁၀    ၉၂၀    ၉၃၀    ၉၄၀    ၉၅၀    ၉၆၀    ၉၇၀    ၉၈၀    ၉၉၀
ငွေကြေးတတ်နိုင်ပါက အထူးမင်္ဂလာစုံတွဲ ရှေ့ဂဏန်း(၃)လုံး အထက်ပါတို့ကို
ထီကံစမ်းရန် အကြံပြုပေးလိုက်ပါသည်။
ဇာတာရှင်သည်(၂၉၉)ကြိမ် (၁.၁၂.၂၀၁၃)ရက်နေ့ထီဖွင့်ပွဲတွင်
ဝ ၉၂၀၂၄၂ ဖြင့် ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
ဇာတာရှင် ကျပ်(၁)သိန်းဆု ထီပေါက်ခြင်းက ဝေဒ နည်းပညာ ဥပဒေသ မှန်ကန်ခြင်းနှင့်
နက္ခတ်နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
ဇာတာရှင်နည်းတူ ၀မ်သာပိတိဖြစ်ကာ မှတ်တမ်းတင်အပ်ပါသည်။
သင်ဆရာမြင်ဆရာအားလုံး၏ တပည့်
ဆရာ ဘုန်းမြင့် (ပြည်မြို့) ဝေဒသုတေသီ-A.G.T.I-(Civil)
09-6801883-၁.၁၂.၂၀၁၃

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်