Monday, December 9, 2013

ထီ



ထီ








 ကျွန်တော်သည် ဗေဒင် ပညာကို ၀ါသနာပါသူတစ်ဦးဖြစ်ပါသည်။ထီပေါက်ခြင်းကို
စိတ်ဝင်စားပါသည်။မတည်ရင်းနှီးငွေအနည်းငယ်နှင့် အမြတ်များများကို မြန်မြန်
ရသောကြောင့် ဖြစ်ပါသည်။
ထီပေါက်သူထက် ထီပေါက်သူ၏ ဇာတာကို ပိုမိုစိတ်ဝင်စားပါသည်။
ထို့ကြောင့် ထီဆုကြီးပေါက်သူများနှင့်တွေ့ဆုံဆွေးနွေးကာ လည်းကောင်းတို့၏
ဇာတာများကို သုတေသနပြုလုပ် လေ့လာပါသည်။
ထီပေါက်ဖူးသူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် လည်းကောင်းတို့အားလုံးသည်
ငွေအမြောက်အများဝင်ကိန်း ရှိသည့်ကာလအတွင်း ထီပေါက်သူများသာ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရသဖြင့် ဝေဒ နည်းပညာ ဥပဒေသ မှန်ကန်ကြောင်း
ကို သက်သေပြနေပါသည်။
ထီပေါက်ကိန်းနှင့်ငွေအမြောက်အများဝင်ကိန်းမှာ ရောနှောနေသဖြင့်
ထီပေါက်ဖို့ စဉ်းစားရာတွင် အက္ခရာနှင့် ဂဏန်းများ အစဉ်လိုက်တူဖို့လိုပါသည်။
ဘယ်အက္ခရာနဲ့ထီပေါက်မှာလည်း ဘာကြောင့်လည်း
ဘယ်ထိပ်စီးနဲ့ထီပေါက်မှာလည်း ဘာကြောင့်လည်း
ဒုတိယနေရာက ဘာဂဏန်းနဲ့လည်း ဘာကြောင့်လည်း
တတိယနေရာက ဘာဂဏန်းနဲ့လည်း ဘာကြောင့်လည်း
စသည်တို့ကို သိလိုသဖြင့် ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်
လေ့လာတွေ့ရှိချက်အရ
၁။ လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည် ပထမနေရာ ဂဏန်းများ
ဖြစ်နေပါသည်။
(လဂ်စီး နက္ခတ် စိုးမိုးဂဏန်းသည် ပထမနေရာ ဂဏန်း ဖြစ်ပါသည်။)
၂။ တနင်္ဂနွေရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည် ဒုတိယနေရာ ဂဏန်းများ
ဖြစ်နေပါသည်။
၃။ စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည် တတိယနေရာ ဂဏန်းများ
ဖြစ်နေပါသည်။

(၂၉၆)ကြိမ် (၁.၉.၂၀၁၃)ရက်နေ့တွင် ဇ ၁၄၂၉၉၇ ဖြင့် ကျပ်သိန်း(၁၅၀၀)ဆုကြီး
ပေါက်ခြင်းက နက္ခတ် နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို သက်သေပြနေပါ
သည်။
 
လဂ်စီးနက္ခတ်စိုးမိုးဂဏန်းပထမနေရာနှင့်
စန်းစီးနက္ခတ် စိုးမိုးဂဏန်း တတိယနေရာဖြင့်
(၂၈၃)ကြိမ် (၁.၈.၂၀၁၂)ထီဖွင့်ပွဲတွင် ည ၁၁၅၄၅၅ ဖြင့် ကျပ်သိန်းရာကျော်ထီပေါက်
ပါသည်။


လဂ်စီးနက္ခတ်စိုးမိုးဂဏန်းပထမနေရာနှင့်
စန်းစီးနက္ခတ် စိုးမိုးဂဏန်း တတိယနေရာဖြင့်
(၂၉၉)ကြိမ် (၁.၁၂.၂၀၁၃)ထီဖွင့်ပွဲတွင် ၀ ၉၂၀၂၄၂ ဖြင့် ကျပ်(၁)သိန်းဆုထီပေါက်
ပါသည်။


ထီပေါက်ဖို့ ပထမဦးဆုံး အနေဖြင့် အက္ခရာ တူဖို့လိုပါသည်။

ဘယ်အက္ခရာနဲ့ထီပေါက်မှာလည်း ဘာကြောင့်လည်း သိလိုပါသည်။
ဒေါက်တာထူးလား မှသင်ပြပေးသဖြင့် ခုနှစ်သက္ကရာဇ်အလိုက်
အကျိုးပေး“စမ-အက္ခရာ”ကို ယခုအခါ သိရှိပြီ ဖြစ်ပါသည်။
ထီဆုကြီးပေါက်ဖူးသူများနှင့် တိုက်ဆိုင် လေ့လာရာတွင် မှန်ကန်မူ ရှိကြောင်းလည်း
တွေ့ရှိရပါသည်။
(၂၇၁)ကြိမ် (၁.၈.၂၀၁၁)ရက်နေ့ ထီဖွင့်ပွဲတွင် ဘ ၉၈၉၀၁၂ ဖြင့် ကျပ်သိန်း(၁၀၀၀)
ပေါက်သူသည် ၁၃၄၄ ခုနှစ်တွင် မွေးဖွားသူဖြစ်သဖြင့် ခုနှစ်သက္ကရာဇ်စိုးမိုး
“စမ-အက္ခရာ”မှ(ဘ)အက္ခရာ ဖြစ်ပါသည်။
ဇာတာရှင် ကျပ်သိန်း(၁၀၀၀) ဆုကြီးပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသ
မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
(၂၉၉)ကြိမ်(၁.၁၂.၂၀၁၃)ရက်နေ့ထီဖွင့်ပွဲတွင် စ ၂၄၃၆၄၃ ဖြင့် ကျပ်သိန်း(၁၅၀၀)
ဆုကြီး ပေါက်ပါသည်။
၁၃၂၆ ခုနှစ်တွင် မွေးဖွားသဖြင့် ခုနှစ်သက္ကရာဇ် စိုးမိုး“စမ-အက္ခရာ”မှာ(စ)အက္ခရာ
ဖြစ်ပါသည်။
အက္ခရာတူလျှင် ထီပေါက်သည့် စနစ်ဖြင့် ထီကံစမ်းရာ ကိုယ်တိုင် စ ၂၄၇၀၄၄ ဖြင့်
ကျပ်(၅)သောင်းဆုပေါက်ပါသည်။
ဇာတာရှင် ကျပ်(၅)သောင်းဆု ပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသများ
မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
 
(၂၉၈)ကြိမ် (၁.၁၁.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင်လည်း စ ၉၂၈၀၉၃ ဖြင့်ကျပ်သိန်း
(၁၀၀)ဆုကြီးပေါက်ပါသည်။


ဇာတာရှင်သည် စ ၉၂၈၇၂၈ ဖြင့် ကျပ်(၁)သိန်းဆု ပေါက်ပါသည်။
ဇာတာရှင် ကျပ်(၁)သိန်းဆု ပေါက်ခြင်းက ဝေဒနည်းပညာ မှန်ကန်ခြင်းနှင့်
နက္ခတ် နည်းပညာများ မှန်ကန်ခြင်းကို သက်သေပြနေပါသည်။

ထီပေါက်ဖို့ ဒုတိယအနေဖြင့် ပထမနေရာ ဂဏန်းတူဖို့လိုပါသည်။
 
ထီဖွင့်ပွဲဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
၁။ ထီဖွင့်ချိန်တွင် စိုးမိုးသည့် လဂ်ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၃)လုံးသည်
ပထမနေရာဂဏန်းများ ဖြစ်နေပါသည်။
 
၂။ ထီဖွင့်ချိန်တွင် စိုးမိုးသည့် စန်းရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၃)လုံးသည်
ပထမနေရာဂဏန်းများ ဖြစ်နေပါသည်။
 
၃။ ထီဖွင့်ချိန်တွင် စိုးမိုးသည့် တနင်္ဂနွေရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၃)လုံးသည်
ပထမနေရာ ဂဏန်းများ ဖြစ်နေပါသည်။
ထီဖွင့်ပွဲဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
၁။ ထီဖွင့်ချိန်တွင် စိုးမိုးသည့် လဂ်ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၃)လုံးသည်
ပထမနေရာ ဂဏန်းများ ဖြစ်နေပါသည်။
၂။ ထီဖွင့်ချိန်တွင် စိုးမိုးသည့် လဂ်၏(၇)တန့်ရာသီပိုင်
နက္ခတ်စိုးမိုးဂဏန်း(၃)လုံးသည် ပထမနေရာ ဂဏန်းများ ဖြစ်နေပါသည်။
၃။ ထီဖွင့်ချိန်တွင် စိုးမိုးသည့် မိတ်ဖက် ရာသီပိုင်
နက္ခတ်စိုးမိုးဂဏန်း(၃)လုံးသည် ပထမနေရာ ဂဏန်းများ ဖြစ်နေပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
၁။ လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည် ပထမနေရာ ဂဏန်းများ
ဖြစ်ပါသည်။
၂။ စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည် ပထမနေရာ ဂဏန်းများ
ဖြစ်ပါသည်။
၃။ တနင်္ဂနွေရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည် ပထမနေရာ ဂဏန်းများ
ဖြစ်ပါသည်။
၎။ လဂ် ၏(၇)တန့်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည်
ပထမနေရာ ဂဏန်းများ ဖြစ်ပါသည်။
၅။ မိတ်ဖက်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည်
ပထမနေရာ ဂဏန်းများ ဖြစ်ပါသည်။
ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင် အကြိမ်စဉ်ပေါက်နေသော
၁။ မိမိဇာတာ၏ တနင်္ဂနွေဂြိုလ် ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၃)လုံးဖြင့်
ထီကံစမ်းဖို့ အကြံပြုအပ်ပါသည်။
ထိပ်စီး(၁)မှ(၉)အထိ ထိပ်စီး(၉)လုံးရှိသည့်အနက်မှ ထိပ်စီး(၃)ခု ဖြင့် ထီကံစမ်းရသဖြင့်
ငွေကြေးကုန်ကျမူ(၆၆.၆)% သက်သာပါသည်။
ထီပေါက်ဖို့ ပိုမိုအားကောင်းပါသည်။
တစ်လတစ်ခါ ထီကံစမ်းသူများအနေဖြင့်
ငွေကြေးတတ်နိုင်ပါက
၁။ အက္ခရာတူလျှင် ထီပေါက်သည့်စနစ်ဖြင့်

မိမိမွေးဖွား  ခုနှစ်သက္ကရာဇ် စိုးမိုး“စမ-အက္ခရာ”နှင့်
ထီလက်မှတ်(၁)စောင်=၃၀၀ိ/-
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်=၂၇၀၀၀ိ/-
၂။ မိမိ မွေးဖွားသည့်လ ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၃)လုံး ထိပ်စီးဖြင့်
မိမိမွေးဖွား  ခုနှစ်သက္ကရာဇ် စိုးမိုး“စမ-အက္ခရာ”နှင့်
ထီလက်မှတ်(၁)စောင်=၃၀၀ိ/-
ရှေ့ဂဏန်း(၃)လုံး အကွက်(၃၀)စောင်=၉၀၀၀ိ/-
၃။ မိမိ မွေးဖွားသည့်လ ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၃)လုံး ထိပ်စီးဖြင့်
မိမိမွေးဖွား  ခုနှစ်သက္ကရာဇ် စိုးမိုး“စမ-အက္ခရာ”နှင့်
ထီလက်မှတ်(၁)စောင်=၃၀၀ိ/-
ရှေ့ဂဏန်း(၃)လုံး အကွက်(၃)စောင်=၉၀၀ိ/-
ထီပေါက်မည့်သူ၏ လက်ထဲတွင် ထီလက်မှတ် ရှိထားဖို့သာ လိုပါသည်။

 
(၉.၁၂.၂၀၁၃)ရက်နေ့တွင် ထီ(၃)စောင်ကံစမ်းရာ သိန်းရာကျော်ပေါက်သူနှင့်
ဆွေးနွေးဖြစ်ပါသည်။
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်။
ဆရာဘုန်းမြင့်(ပြည်မြို့)ဝေဒသုတေသီ -A.G.T.I-(Civil)
Ph:09-6801883

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်