Wednesday, January 15, 2014

လမ်းညွန်သင်ပြပေးသော ဆရာသမားများ၏ ပညာပါရမီနှင့် ကျွန်တော်



လမ်းညွန်သင်ပြပေးသော ဆရာသမားများ၏ ပညာပါရမီနှင့် ကျွန်တော်
ကျွန်တော်သည် ဝေဒနည်းပညာကို ၀ါသနာပါသူ(၁)ဦးဖြစ်ပါသည်။၁၉၉၅ခုနှစ်၊ပြည်မြို့တွင်၎င်း၊
၁၉၉၉ခုနှစ်၊တောင်ငူမြို့တွင်၎င်း၊၂၀၀၀ခုနှစ်ရန်ကုန်မြို့တွင်၎င်း၊၂၀၁၁ခုနှစ်တွင်နေပြည်တော်တွင်
ယနေ့ထိ ဟောခန်းဖွင့်ကာ ထီအကြံပြုခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
ငွေဝင်ကိန်းနှင့်ထီပေါက်ကိန်းမှာ ရောနှောနေသဖြင့် ပိုင်းခြား “သိ”အောင် လေ့လာသင်ကြားရန်
ဆရာမိုးတားမှ https://www.facebook.com/numan.motaa 
လမ်းညွန် သင်ပြပေးပါသည်။


ကျပ်သိန်းရာကျော်ပေါက်သူနှင့်တွေ့ဆုံကာ ထိုသူ၏ မွေးရက်၊မွေးလ၊ခုနှစ်သက္ကရာဇ် တို့ကို
စင်္ကပူရှိ ဆရာ့ထံ ပေးပို့ပြီး ထီပညာပိုင်းဆိုင်ရာ ဝေမျှပေးပါရန် အကူအညီ တောင်းခဲ့ပါသည်။
ဆရာအနေနှင့် အချိန်အခက်အခဲကြောင့် ဟောစာတမ်းရေးပေးခြင်း ကိစ္စများကို
မလွဲမရှောင်သာ ရပ်ဆိုင်းထားရသည့်ကြားမှ
(သိန်းရာချီပေါက်သူမြန်မာတစ်ဦး၏ဇာတာ)
ကို အချိန်ပေးပြီး လမ်းညွန် ဆောင်းပါး ရေးသား သင်ပြပေးခဲ့ပါသည်။
(၂၇၁) ကြိမ်(၁.၈.၂၀၁၁) ထီဖွင့်ပွဲတွင် ဘ ၉၈၉၀၁၂ ဖြင့် ကျပ်သိန်း(၁၀၀၀) ပေါက်သူ
ဒေါ်ခင်မာချို မင်းဘူးမြို့သို့ သွားရောက်ကာ မွေးနေ့မွေးရက် မွေးလ ခုနှစ်မွေးချိန်တို့ကို တွေ့ဆုံ
ဆွေးနွေး မေမြန်းပြီး ဆောင်းပါးရေးသားခွင့်ပါ တောင်းခဲ့ပါသည်။
ထီပေါက်သူမှခွင့်ပြုခဲ့သဖြင့် ဆရာ့ထံ လမ်းညွန်သင်ပြပေးပါရန် ထပ်မံအကူအညီ တောင်းခဲ့ပါသည်။
(သိန်း(၁၀၀၀)ဆုရှင်ဇာတာအားလေ့လာခြင်း)
ကို အချိန်ပေးပြီး လမ်းညွန်ဆောင်းပါး ရေးသားသင်ပြပေးခဲ့ပါသည်။
လမ်းညွန် သင်ပြပေးသော ဆရာဦးမိုးတားကို ဦးနှိမ်မာန်ချ ကန်တော့လိုက်ပါတယ်ဆရာ၊
ဆရာလမ်းညွန် သင်ပြပေးသဖြင့် ငွေဝင်ခြင်းနှင့် ထီပေါက်ခြင်းကို ပိုင်ခြား
“သိ”အောင် ဆက်လက်လေ့လာ သင်ယူသုတေသနပြုလုပ် လေ့လာ လျက်ရှိပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာရာတွင်

မွေးရက်၊မွေးလ၊ခုနှစ်မွေးချိန်တို့ကို ဇာတာဖွဲ့လိုက်သည်နှင့် နက္ခတ်စိုးမိုးဂဏန်းများကို
“သိ”အောင် ဆရာမိုးတားမွေးနေ့လက်ဆောင် အွန်လိုင်း ပညာဒါန ပေးသော
https://www.facebook.com/KoPaKhan ကိုအထူးပင် ကျေးဇူးတင်ပါကြောင်းကိုလည်း
မှတ်တမ်းတင် ရေးသားအပ်ပါသည်။
ထီပေါက်ဖို့ သူ့နေရာအလိုက် နက္ခတ်စိုးမိုးဂဏန်းများကို အလွယ်တကူ အချိန်တို အတွင်း
“သိ” ရခြင်းမှာလည်း ဆရာပခန်း(ခေတ္တ-ရုရှား) ကျေးဇူးကြောင့်ဖြစ်ပါသည်။
ထီပေါက်ဖို့ ဆိုသည်မှာ အက္ခရာ တူဖို့လည်း လိုပါသေးသည်။
 
ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော“စမ-အက္ခရာ”၊မွေးလကို စိုးမိုးသော “စမ-အက္ခရာ”၊
မွေးရက်ကို စိုးမိုးသော“စမ-အက္ခရာ”နှင့်မွေးနေ့ကို စိုးမိုးသော
“စမ-အက္ခရာ”စသည်ဖြင့်
“စမ-အက္ခရာ” များကို “ဝေဒ”နည်းပညာဖြင့် သင်ကြားပေးသော
ဒေါက်တာထူးလား (Astrology,India)09-49203575 https://www.facebook.com/htoo.lar.5
နှင့်အတွေးအခေါ် အယူအဆများနှင့် ထီဆုကြီးပေါက်နိုင်သည့် ဇာတာများကို သွင်သင် ပေးသော
ဆရာဦးဥာဏ်လင်း(တောင်ငူ-ကန်တော်ကြီး) တို့ကိုလည်း
အထူးပင် ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် ရေးသားအပ်ပါသည်။
ထီပေါက်ချင်သူ၏ ထီပေါက်မည့် “စမ-အက္ခရာ”ကို “သိ”သဖြင့် အကြံပြုပေးရာ အက္ခရာတူလျှင်
ထီပေါက်သည့်နည်းစနစ်နှင့် ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို လက်တွေ့ထီကံစမ်းသက်ရာ
 



အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ်ပိုင်ရှင်များ ထီပေါက်လျက်ရှိပါသည်။

ထီပေါက်ချင်သူ၏ ဇာတာမှ ပြောသော လဂ်စီးနက္ခတ် စိုးမိုးဂဏန်းကို (ပထမနေရာ)နှင့်
စန်းစီးနက္ခတ်စိုးမိုးဂဏန်းကို(တတိယနေရာ) သူ့နေရာအလိုက် လက်တွေ့ထီကံစမ်းသပ်ရာတွင်လည်း

အကျိုးပေးချိန်တန်သည့် ဇာတာရှင်များ ထီပေါက်လျက် ရှိပါသည်။
သင်ဆရာ မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် ယခုအခါတွင် ထီပေါက်ချင်သူများ အနေဖြင့်
အကျိုးပေးချိန်တန်သည့် ဇာတာရှင်များနှင့် 
ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ ထီပေါက်လျက်ရှိပါသည်။
ထီပေါက်ချင်သူ(၇)ရက်သားသမီးများကို မိမိလေ့လာသင်ယူဆည်းပူးထားသော“ဝေဒ”နည်းပညာဖြင့်
ထီအကြံပြုပေးရာ ထီပေါက်လျက် ရှိပါသည်။ ထီပေါက်သူများနည်းတူ ၀မ်းသာပိတိဖြစ်မိပါသည်။
ထီပေါက်ချင်သူများကို ထီအကြံပြုပေးရာ ထီပေါက်နေခြင်းမှာလည်း လမ်းညွန်သင်ပြပေးသော
ဆရာသမားတို့၏ ပညာပါရမီများကြောင့်သာ ဖြစ်ပါကြောင်း ၀န်ခံရေးသားအပ်ပါသည်။
ဆရာမိုးတား https://www.facebook.com/numan.motaa
ဆရာပခန်း https://www.facebook.com/KoPaKhan၊
ဆရာ ဒေါတ်တာထူးလား https://www.facebook.com/htoo.lar.5
တို့၏ ပညာပါရမီများကြောင့်သာ ဖြစ်ပါသည်။
ဗေဒင်ကို ၀ါသနာပါသော်လည်း ၀န်ထမ်းဖြစ်နေရာ ပညာသင်ရန်အကြောင်းမညီညွတ်သဖြင့်
အွန်လိုင်းနှင့် သင်ပြပေးသော ဆရာသမားများအားလုံးကို အထူးပင်ကျေးဇူးတင်ပါသည်။
သင်ဆရာ မြင်ဆရာ အားလုံး၏ တပည့်
ဆရာ ဘုန်းမြင့်(ပြည်မြို့)“ဝေဒ”  သုတေသီ-A.G.T.I-(Civil)
ph:09-6801883(14.1.2014)
တွင်လည်းလေ့လာနိုင်ပါသည်။

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်