Tuesday, May 21, 2013
မပြောပလောက်သော ငွေကြေးနဲ့ မိမိစကား အချိန်ပေးနားထောင် ဆွေးနွေးတာဆိုလို့“ဗေဒင်”ဆရာတစ်ယောက်ဘဲ ရှိပါသည်
”ဗေဒင်”
ဗေဒင်နှင့်ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ကြပါသည်။အချို့ဆိုလျှင် နားမခံချင်အောင်
ပြောတတ်ပါသည်။အပေါင်းအသင်းမိတ်ကောင်းဆွေကောင်းများနှင့်လည်း အမျိုးမျိုး
ဆွေးနွေးဖြစ်ပါသည်။၎င်းတို့နှင့်ဆွေးနွေးဖြစ်တိုင်း ဗဟုတုသ အတွေးအသစ်များ
ရပါသည်။
ဗေဒင်နှင့်ပတ်သက်ပြီးဆွေးနွေးဖြစ်တာလေး (၁)ခုအား ရေးသားအပ်ပါသည်။
ဗေဒင်ဆိုတာ လိမ်နေတာပါကွာ၊ဗေဒင်ဆရာကလူလိမ်၊ဗေဒင်မေးသူက အလိမ်ခံရအောင်
လာသူပါ။ အဲဒီကိစ္စကို မင်းဘယ်လို ရှင်းမလည်း စသည်ဖြင့် ၂၀၀၁ခုနှစ်က
ဘူးသီးတောင်တွင် တာဝန်ထမ်းဆောင်စဉ်က ဆွေးနွေးလာခြင်း ဖြစ်ပါသည်။
ကျွန်တော်သည် အင်ဂျင်နီယာ တစ်ဦးဖြစ်ပါသည်။ဗေဒင်ကို ၀ါသနာပါသဖြင့်
အကြောင်းညီညွတ်သည့် အချိန်အခါများတွင် ဗေဒင်ဟောခန်းဖွင့်ပြီး ထီနှင့်ပတ်သက်
ပြီး သုတေသနလုပ်နေသူ တစ်ဦးဖြစ်ပါသည်။
၁၉၉၅ ခုနှစ်တွင် ပြည်မြို့တွင်လည်းကောင်း၊၁၉၉၉ခုနှစ်တွင် တောင်ငူမြို့တွင်လည်း
ကောင်း ၂၀၀၀ခုနှစ်တွင် ရန်ကုန်မြို့၊တောင်ငူမြို့ နှင့်ပြည်မြို့တို့တွင် ထီနှင့်ပတ်သက်
ပြီး လက်တွေ့သုတေသနပြုလုပ်လိုသဖြင့် အကြောင်းညီညွတ်တိုင်း ဗေဒင်နှင့်ထီ
တွဲပြီးလုပ်ကိုင်ခဲ့ပါသည်။
၂၀၁၁ ခုနှစ်မှစပြီး နေပြည်တော်တွင်ယနေ့ထိဟောခန်းဖွင့်လျှက်ရှိပါသည်။
ဗေဒင်မေးလာလျှင် ဥာဏ်ပူဇော်ခ ဘယ်လောက်လဲ ဆိုသည်ကိုမေးလာတတ်ပါသည်။
ကျွန်တော်ကတော့ ၀ါသနာပါသဖြင့် အားသည့်အချိန်တွင် သုတေသနလက်တွေ့
ပြုလုပ်ခြင်းဖြစ်သဖြင့် ဥာက်ပူဇော်ခကို စေတနာကြေးသာ ဖြစ်ပါသည်။
“ဗေဒင်”နှင့်ပတ်သက်ပြီး မိမိတို့ သိလိုသည်များကို မေးရန်လည်း ပြောကြားပါသည်
စာရေးခြင်းသည် တိကျသဖြင့် မိမိသိလိုသည်အား စာရေးသားမေးရန်ဖြစ်ပါသည်။
မရှင်းလင်းသော မေးခွန်းများအား ပြန်လည်မေးရပါသည်။မေးခွန်းကို ကိုယ်နားလည်မှ
အဖြေကို ပြောပြနိင်မည်ဖြစ်သဖြင့် ဖြစ်ပါသည်။
ကောင်းကင်ဂြိုလ်(၉)လုံး ၊ရာသီ(၁၂)ခု၊အတန့်(၁၂)တန့်၊နက္ခတ်(၂၇)လုံးရှိသည့်
အနက်မှ လည်းကောင်းတို့ သိလိုသော မေးခွန်းများအား အကြောင်းအကျိုး
နည်းစနစ်ဖြင့် ရှင်းပြပါသည်။
“ယတြာ“
ယတြာနှင့်ပတ်သက်ပြီး ဆရာတော်ဘုန်းကြီးများထံတွင် သင်ယူထားသဖြင့်
ကာမာဝါစရ ကုသိုလ်ကောင်းမှု၏ စွမ်းအားသတ္တိကို လောကီအတတ်ပညာနှင့်
တွဲဖက်လျက် (၇)ရက်သားသမီးများ ကောင်းကျိုးချမ်းသာ မင်္ဂလာ သုခအဖြာဖြာနှင့်
ပြည့်စုံပါစေခြင်းအလိုဌာ အကုသိုလ်တရားကို ကုသိုလ်တရားဘက်သို့ ပြောင်းလဲခြင်း
ယတြာများကိုသာ ပေးပါသည်။
ငွေကြေးကုန်ကျမှုအနည်းငယ်ဖြင့် ကျင့်ကြံအားထုတ်ရသော ယတြာများသာဖြစ်ပါသည်။
ဗေဒင်နှင့်ပတ်သက်ပြီးဆွေးနွေးဖြစ်တာလေး (၁)ခုအား ရေးသားအပ်ပါသည်။
ဗေဒင်ဆိုတာ လိမ်နေတာပါကွာ၊ဗေဒင်ဆရာကလူလိမ်၊ဗေဒင်မေးသူက အလိမ်ခံရအောင်
လာသူပါ။ အဲဒီကိစ္စကို မင်းဘယ်လို ရှင်းမလည်း စသည်ဖြင့် ၂၀၁၁ခုနှစ်က
ဘူးသီးတောင်တွင် တာဝန်ထမ်းဆောင်စဉ်က ဆွေးနွေးလာခြင်း ဖြစ်ပါသည်။
၎င်းမေးခွန်းနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်အောင် ရှင်းပြရမည်ဖြစ်ပါသည်။
ဗေဒင်ဆိုတာ လိမ်နေတာပါ ဆိုသည့်ကိစ္စမှာ မဟုတ်ကြောင်း ဗေဒင်ပညာမှာ
အရင်ကထဲကဖြစ်ကြောင်း ယခုမှပေါ်လာသည့်ပညာမဟုတ်ကြောင်း
သိဒထ္ထမင်းသားအားဘုရားဧကန်ဖြစ်မည်ဟောသည်မှာ ဗေဒင်ပညာနှင့်ဖြစ်ကြောင်း
လိမ်သာမဟုတ်ကြောင်း ရှင်းပြရပါသည်။
ဗေဒင်ဆရာက လူလိမ်ဆိုသည့်ကိစ္စကိုလည်း နားလည်အောင်ရှင်းပြရပါသည်။
ဗေဒင်ပညာကို လူကဟောတော့ ရောထွေးနေသည့်ကိစ္စပါ။
လူလိမ်ဆိုသည်မှာ ပညာကိုဆိုလိုတာလား၊ငွေကြေးကိုဆိုလိုတာလား
စသည်ဖြင့် မွေးခွန်းအားမေးရပါသည်။
(၂)ခုစလုံးလို့ပြောပါသည်။
ဗေဒင်ဟောသူမှ ပညာမပြည့်စုံတော့ လိမ်သလိုဖြစ်သွားတာလည်းဖြစ်နိင်ပါသည်။
ထို့ကြောင့် ပညာပြည့်စုံအောင် သင်ဆရာမြင်ဆရာများထံတွင် အကြောင်းညီညွတ်တိုင်း
သင်ယူပါသည်။
“ပညာ”ပြည့်စုံဖို့လိုကြောင်း အတွေးသစ် ရလိုက်ပါသည်။
ငွေကြေးကိစ္စ စားရေး၊၀တ်ရေး၊နေရေး၊ကျန်းမာရေးအတွက် သီးခြားလုပ်ငန်းမရှိဘဲ
ဗေဒင်ဟောနေသူများလည်း စားဝတ်နေရေးကျန်းမာရေးနှင့်မိသားစုအတွက်
လိမ်တာလည်းဖြစ်နိင်ပါသည်။
စာရေး၊၀တ်ရေး၊နေရေးနှင့်ကျန်းမာရေးအတွက် သီးခြားဝင်ငွေ လုပ်ငန်းရှိပါက
လိမ်စရာအကြောင်းမရှိကြောင်းကို အတွေးသစ် ရလိုက်ပါသည်။
မိမိနောက်လုပ်မည်ဆိုလျင် စားရေး၊၀တ်ရေး၊နေရေးနဲ့ကျန်းမာရေးအတွက်
ပြည့်စုံလုံလောက်သောဝင်ငွေရှိသည့် လုပ်ငန်းတစ်ခုခုရှိမှ လုပ်ရမည်ဖြစ်ကြောင်းကို
အတွေးသစ် ရလိုက်ပါသည်။
ဗေဒင်မေးသူက အလိမ်ခံရအောင်လာသူမှာလည်း မဟုတ်ကြောင်း ရှင်းပြရပါသည်။
လည်ကောင်းတို့အနေဖြင့် ၀ါသနာပါလို့သော်လည်းကောင်း၊ကိစ္စတစ်ခုခု ရှိလို့သော်
လည်းကောင်း လာခြင်းဖြစ်ပါသည်။
ဘယ်လိုအကြောင်းနဲ့ဘဲလာလာပါ မှန်တာတစ်ခုတော့ရှိပါတယ်။
မပြောပလောက်သော ငွေကြေးနဲ့ မိမိစကားအချိန်ပေး စိတ်ဝင်တစား နားထောင် ဆွေးနွေးတာဆိုလို့ လောကမှာ
ဗေဒင်ဆရာတစ်ရောက်သာ ရှိပါတယ်လို့ ရှင်းပြလိုက်ပါသည်။ု
မွေးရက်မွေးလ ခုနှစ်မွေးချိန်မွေးဖွားရာဇာတိတို့မပြည့်စုံလျှင် ဇာတာဖွဲ့လို့မရ
ကြောင်းနှင့် မိမိတို့ သိလိုသည့်အတိတ်၊ပစ္စူပန်၊အနာဂတ်တို့ကို ကောင်းကင်
ဂြိုလ်၊နက္ခတ်တို့မှ ပြောသောအသံအား ပြန်လည်ပြောသော စနစ်ဖြင့် လည်းကောင်း
ထီကိုသုတေသနပြုလုပ် လေ့လာလျက်ရှိပါသည်။
ဆရာဘုန်းမြင့်
ဝေဒသုတေသီ
၀၉-၆၈၀၁၈၈၃
၂၂.၅.၂၀၁၃
Subscribe to:
Post Comments (Atom)
LinkWithin
!-မောင်လမင်းအောင်(သုတစွယ်စုံ)-http:>
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
“ ဗေဒင်ဆိုသည်မှာ ရသေ့ရှစ်သောင်း၊ ဆရာအပေါင်းတို့က တစ်ယောက်တစ်မျိုး ပြောဆိုထားသော စကားများဖြစ်သည်။ ” (၁၂)ရာသီလား၊ (၁၃)ရာသီလား? 12...
-
မသိခြင်း သိခြင်း ကြိုတင်သိခြင်း ကြိုတင်ပိုင်းခြားသိခြင်း တူခြင်းနှင့် ထီပေါက်ခြင်း ဖေ့ဘုတ်မိတ်ဆွေတစ်ဦးမှ မသိခြင်း သိခြင်း ကြိုတင်...
-
Sunday,March 15,2015 `စမ-အက္ခရာ´ဆိုတာ ဘာလဲ? ဖေ့ဘုတ်မိတ်ဆွေများမှ သိရှိလိုသဖြင့် `စမ-အက္ခရာ´ဆိုတာဘာလဲ? မကြာခဏ မေးလာပါသည်။ လည်း...
-
Wednesday,February 04,2015 (၃၁၄) ကြိမ် မူလဇာတာ ဘယ်ရာသီစန်း ပိုင်ရှင်တွေ ထီပေါက်ဖို့ (%) ဘယ်လောက်လဲ`အသိပေး´အကြံပြုပေးခြင်း ထီဖွင့်...
-
· Saturday,March 07,2015 · ဘယ် `ဒသာ´မှာထီပေါက်မှာလဲ? · မကြာခဏမေးနေသည့် ဓနုလဂ်ပိုင်ရှင်များနှင့် · ...
-
· ဆရာဒေါက်တာထူးလား Ph.D(Astrojer-India)ထံ သင်ယူခြင်း · (ထီအက္ခရာ(က)မှ(ကဆ)အထိ၊ထီအက္ခရာ အလုံး(၄၀)ရှိသည့်အနက်၊ · ...
-
Thursday,March 19,2015 ယခုအကြိမ် မူလဇာတာ ဘယ်ရာသီ ဇာတာစန်း၊လဂ် ပိုင်ရှင်များ ထီပေါက်အားကောင်းမှာလဲ? ``ကောင်းကင် ဂြိုဟ် နက္ခတ်တို့...
-
LUCKY NUMBER ဝေဒနည်းပညာဖြင့် ရှေ့ပူးဂဏန်းများ ရွေးချယ်ခြင်း (မသိသူကျော်သွား၊သိသူဖေါ်စား) ထီဂဏန်းများအား LUCKY NUMBER ဖြင့် ရွေးချယ်ခြ...
-
Tuesday,February25,2014 ထီပေါက်မည့်“စမ-အက္ခရာ”နှင့် တတိယနေရာဂဏန်းများကို ထီပေါက်ချင်သူ မိတ်ကောင်းဆွေကောင်း ဂဏန်းမျာိးုးကျေးဇူးပင် ဖြစ...
တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ReplyDeleteမြတ်စွာဘုရားနဲ့ဖွားဘက်တော်တွေထဲက လူသားအနေနဲ့ အာနန္ဒာ ရှိတယ်၊ ကာဠုဒါယီ ရှိတယ်၊ ယသောဓရာ ရှိတယ်၊ ဆန္န ဆိုတဲ့ မြင်းတော်ခံအမတ် ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဗေဒင်ဆရာတွေအနေနဲ့ ဇာတာဖွဲ့ ကြည့်လိုက်မယ်ဆိုရင် တစ်နေ့ထဲ တစ်ချိန်ထဲ ဖွားတာဖြစ်လို့ ဇာတာခွင်တူနေပါမယ်။
ဇာတာခွင်တူရင် အဟောတွေလည်း တူနေပါမယ်။
ဇာတာခွင် တူနေတဲ့ အထဲမယ် သိဒ္ဓတ္ထမင်းသား တစ်ပါးသာလျှင် ဘုရားဖြစ်ပြီး ကျန်တာတွေ ဘုရား မဖြစ်ပါဘူး။ ဇာတာခွင် တူနေတယ်ဆိုရင် အကုန်လုံး ဘုရားဖြစ်ရမယ့်ကိန်းမဟုတ်လား။
(အဲဒါနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးနှစ်ပါး ဆွေးနွေးတာ ကြားဖူးတယ်။ ဆရာတော်ကြီးတစ်ပါး ကပြောတယ်။ ဘုရားနဲ့ ဖွားဘက်တော် တစ်နေ့ထဲ တစ်ချိန်ထဲဖွားလို့ ဇာတာခွင်တူတဲ့ ပုဂ္ဂိုလ်တွေထဲက ဘုရားအလောင်းသာလျှင် ဘုရားဖြစ်ပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေက ဘုရားမဖြစ်ဘူးတဲ့။ ဒီထဲမှာ ကဏ္ဍက မြင်းဆိုတဲ့ တိရစ္ဆာန် တစ်ကောင်လည်း ပါသေးတယ်လေ။ အဲဒီတော့ ဇာတာခွင် တူလျက်သားနဲ့ဘာ့ကြောင့် ဘုရားမဖြစ်တာတုန်း။
ဒါကြောင့် ဗေဒင်ဆိုတာ ယုံစရာမရှိဘူးလို့ မှတ်ပါ။
=================================
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒာ၏ ၀ိပ္ပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}