Monday, May 20, 2013

အန္တရာယ်ကင်း“ယတြာ”

အကုသိုလ်တရားကို ကုသိုလ်တရားဘက်သို့ ပြောင်းလဲခြင်းယတြာ တနင်္ဂနွေ သား/သမီးများအတွက် အန္တရာယ်ကင်း“ယတြာ” (၁) သကြားနှင့် ချိုအောင်ဖျော်သော မန်ကျည်းဖျော်ရည် (၉)ခွက် (၂) အာလူးကြော် (၆)ပွဲ (၃) စူပါကော်ဖီ (၆)ခွက် (၄) ထီးဖြူ (၆)လက် (၅) အောင်သပြေပန်း မိမိအသက်ထက်(၁)ခက် ပိုထည့်ပါ။ (၆) ဘယာကြော် (၉)ခု (၇) ဖယောင်းတိုင်မီး (၅)တိုင် တန်ခိုးကြီးသော ဘုရားစေတီ၏ တနင်္ဂနွေထောင့်မှနေပြီး နံနက်(၇)နာရီမှ နံနက်(၉)နာရီအတွင်း ဘုရားကပ်လှူပါ။ ထိုသို့ ကပ်လှူပူဇော်ရသော ကုသိုလ်ကောင်းမှုကြောင့် တပည့်တော် တနင်္ဂနွေသား/သမီး(နာမည်ထည့်) သည် အလုံးစုံသော ကျရောက်ဆဲ၊ကျရောလတံ္တ့ သော ဘေးရန်မှတ်သမျှ အန္တရာယ် မှတ်သမျှ၊ရန်သူငါးပါးမှတ်သမျှ လျင်မြန်စွာ ကင်းဝေး ပပျောက် ချုပ်ငြိမ်း ကြပါစေကုန်သတည်း၊ (၅)ခါဆိုပြီး ဆုတောင်းပါ။ ယကြာ မပြုလုပ်ခင် ရှေးဦးစွာ ပြုလုပ်ရမည့် အစီအစဉ်မှာ… (၁) ကိုယ်လက် သန့်စင်ပြီး ရေမိုးချိုးပါ၊သန့်ရှင်းသော အ၀တ်အထည်များကို ၀တ်ပါ၊ (၂) ဗုဒ္ဓ္ဓ္ဓ္ဓဘုရားရှင်ထံတွင်(၅)ပါးသီလခံယူဆောက်တည်ပါ။ (၃) တန်ခိုးကြီးဘုရားမှာ မိမိမွေးနံထောင့်မှစပြီး ယတြာပြု ကပ်လှူ ပူဇော် ဆုတောင်းပါ။ (၄) ထို့နောက် ထိုကပ်လှူ ပူဇော် ဆုတောင်းပြီးခဲ့သည့်နေရာမှာပင် တထိုင်တည်းနှင့် အပြီး(သမ္ဗုဒ္ဓေ္ဓ္ဓ္ဓ ဂါထာတော်ကြီး)အား(၁၀၈)ခေါက်ရအောင် မှန်မှန်ရွတ်ဖတ် သရဇ္ဈာယ်ပေးပါ။ (၁၀၈)ခေါက် ရွတ်ဖတ် သရဇ္ဈာယ်ပြီးတိုင်း အရေးကြီးသော ဆု(၁)ဆုကို တောင်းခဲ့ရပါမည်။ ၄င်းယတြာကို တနင်္ဂနွေသား၊သမီးတို့သည် အရေးမကြီးပါက အရေးမကြီးသေးဟု ယူဆပါက တစ်ပတ်တစ်ကြိမ် တနင်္ဂနွေနေ့ကိုသာ လုပ်ရပါမည်၊အရေးကြီးသည်ဟု ယူဆပါက တနင်္ဂနွေနေ့ (၁)ကြိမ်၊အင်္ဂါနေ့(၁)ကြိမ်၊ကြာသာပတေးနေ့(၁)ကြိမ် တစ်ပတ်လျှင်(၃)ကြိမ် လုပ်ရသည့်အတွက် ထိုယကြာကို (၃)ဆင့် ယတြာဟု ဆိုလိုရင်း ဖြစ်ပါသည်။ပြုလုပ်ရမည့်ထောင့်က မပြောင်းလဲဘူး။ ထိုသုံးဆင့် ယတြာအားလုံးတို့သည် တနင်္ဂနွေ ထောင့်ကချည်း လုပ်ပေးရမည်ကို အထူးသတိပြုပါလေ။ မှတ်ချက်။ ။အန္တ္တရာယ်ကင်းယတြာမျိုးကို ဆောင်ရွက်တော့မည်ဆိုတိုင်း ဆိုတိုင်း အထက်ပါယတြာပြုလုပ်ရမည့် အဆင့်ဖြစ်သော(၁)မှ(၄)အထိ ထိုအစီအစဉ်တိုင်းကို မမေ့ပါနှင့်။အဆင့်ကျော် အကွက်ကျော်လည်း မလုပ်မိပါစေနှင့်။သူ့အစီအစဉ်အတိုင်း (၁)မှ(၄)အထိ ဆောင်ရွက်ရမည်ကို အထူးသတိထားသည့်သည်ဟု ဆိုလိုပါသည်။ ကျန်သော (၇)ရက်သား၊သမီးတို့သည်လည်း ထိုနည်းအတိုင်း ဆောင်ရွက်ရမည်ဟု သိမှတ်ကြရ၏။ ထိုယတြာကို မိမိကိုယ်တိုင်လုပ်နိင်ပါက ပိုပြီးထိရောက်စွာ ကောင်းကျိုးပေး၏ မိမိကိုယ်တိုင် မလုပ်နိင်ပါက မိမိ၏မိခင်သည်လည်းကောင်းဓ မိမိ၏ဖခင်သည်လည်း ကောင်း၊မိမိ၏အစ်ကို၊အမသည်လည်းကောင်း၊မိမိ၏ဇနီးမယားသည်လည်းကောင်း မိမိ၏ကိုယ်စား တာဝန်ယူပြီး လုပ်ပေးနိင်ပါသည်။ သို့သော် ဆုတောင်းပုံ ကပ်လှူပူဇော်ပုံတို့ကို ကျွမ်းကျင်လိမ္မာဖို့ အထူးလိုအပ်ပါသည်။ ဗုဒ္ဓ္ဓ္ဓ္ဓဘာသာဝင်တိုင်း ဆုတောင်းတာ ၊ကပ်လှူတာ ၊ပူဇော်တာများကို ကျွမ်းကျင်သည် မဟုတ်၊ဖာသိဖာသာ မကျွမ်းကျင်သောပုဂ္ဂိုလ်၊မကပ်လှူတတ်၊ ဆုမတောင်းတတ်သော ပုဂ္ဂိုလ်များ မြောက်များစွာ ရှိနေကြပါသည်။ တန်ခိုးကြီးဘုရားစေတီဆိုသည်မှာ မိမိနေထိုင်ရာ မြို့ရွာဒေသတွင် လူအများပှုဇော် ကန်တော့နေသော ဘုရားစေတီမျိုး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုး ဘုရားပွဲ တော်ဖြစ်သော ဘုရားစေတီမျိုးကိုဆိုလိုပါသည်။ (အကြီးမားဆုံးသော ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုးကို သွားသင့်ပါလျှက် သွားရမည်မှန်းသိပါလျက် ခရီးဝေးလွင်းနေသဖြင့် ငွေကြေးကုန်ကျမှု ကားခကုန်မှာစိုးပြီး လိုက်ပို့မည့်သူမရှိသဖြင့် ကြုံရာကျရာ အနီးအနားက ဘုရားမှာဘဲ သွားပြီးယတြာလုပ်မည်ဆိုလျှင် လုံးဝမဖြစ်နိင်ပါ။ ယတြာပြုရာမှာ မထိရောက်နိင်ပါ။မအောင်မြင်နိင်ဘူးဟုဆိုလိုရင်းဖြစ်ပါသည်။ အထူးသတိပြုကြပါကုန်။) အန္တရာယ်ကင်း ယတြာနှင့် ပတ်သက်နေသော (သဗ္ဗုဒ္ဓေ) ဂါထာတော် (က) သဗ္ဗုဒ္ဓေ အဌ၀ီသဥ ၥ ဒါြဒသဥ ၥ သဟ ႆေက ပဥ ၥ သတ သဟႆာနိ နမာမိ သိရသာမဟံ။ (ခ) အပၸကာ ၀ါVဳကာ ဂဂၤါ အနႏၲာ နိဗၺဴတာ ဇိနာ ေတသံ ဓမၼဥ ၥ သံဃဥ ၥ အာဒေရန နမာမဟံ၊ (ဂ) နမကၠာရာ နဘာေ၀န ဟိတြာ သဗၺ ဥပဒၵေ၀ အေနကာ အႏၲရာယာပိ ဇိနသႏၲဳ အေသသေကာ။ မှတ်ချက် တန်ခိုးကြီးဘုရားဟု ဆိုရာတွင် လူအများကြည်ညို လေးစားကိုးကွယ်သော ဘုရားစေတီနှင့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုးကို ဆိုလိုပါသည်။ မိမိနယ်မြေဒေသအလိုက် ဘုရားပွဲဖြစ်သော ဘုရားစေတီသည်လည်း တန်ခိုးကြီးဘုရား ထဲတွင် ပါဝင်ပြီးဖြစ်၏။ ယတြာယာ ပြုရာတွင်(တန်ခိုးကြီးဘုရား)တွင် ဆောင်ရွက်ရမည်ဟု ပြထားလျှင် တန်ခိုးကြီးဘုရားတွင်သာ ယတြာပြုရမည်ကို အထူးသတိပြုပါ။ (ဥပမာ) ရန်ကုန်မြို့ ဧရိယာအတွင်းတွင် နေထိုင်သောပုဂ္ဂိုလ်များသည် ရွေတိဂုံစေတီတော်ကြီး အထင်ကရ ရှိနေပါလျက် မိုးကောင်းဘုရားသည် မိမိအိမ်နှင့် နီးသောကြောင့် မိုးကောင်း ဘုရားစေတီမှာ ယတြာပြုခြင်းသည် မသင့်တော် မသင့်လျော်ကန်ပါ။ ထိုအတူရွေတိဂုံစေတီတော်ကြီးသည် မြန်မာနိင်ငံတွင်သာမက ကမ္ဘာပေါ်မှာပင် တန်ခိုးကြီးသော ဘုရားစေတီမှန်ကန်နေပါလျက် မိမိနှင့်နီးရာ မိမိအိမ်နှင့်နီးရာဖြစ်သော ကျိုက္ကဆံ ဘုရားစေတီမှာ ယတြာပြု တာမျိုးသည် မသင့်တော် မလျော်ကန်ပါ။ ထိုနည်းတူစွာ မော်တော်ကားခ အကုန်သက်သာစေရန်အတွက်လည်းကောင်း ရွေတိဂုံဘုရားကဝေးလွန်းနေသည် သွားရလာရ မလွယ်ကူဘူးဆိုပြီး လည်းကောင်း အိမ်မှုကိစ္စကတစ်ဖက် ကလေးကျောင်းပို့ရတာကတစ်ဖက် ကျန်းမာရေးကလည်း တစ်ဖက် စသည်ဖြင့် အကြောင်းအမျိုးမျိုး ဆင်ခြေဆင်လက် အမျိုးမျိုးပြောဆိုပြီး ရွေတိဂုံဘုရားစေတီရှိနေပါလျက် ဆူးလေဘုရားမှာ လုပ်မိတာမျိုး၊ဗိုလ်တစ်ထောင် ဘုရားမှာ လုပ်မိတာမျိုး မဖြစ်ပါစေနှင့်။ မန္တ လေးမြိုးမှာဆိုလျှင် မဟာမြတ်မုနိဘုရား၊မကွေးမြို့မှာဆိုလျှင် မြသလွန်စေတီ၊ ပြည်မြို့မှာဆိုလျှင် ရွေဆံတော်စေတီ၊ မော်လမြိုင်မြို့မှာဆိုလျှင် ကျိုက်သလ္လံစေတီ စသည်စသည်ဖြင့် သူ့မြို့နှင့်သူ သူဒေသနှင့်သူ တန်ခိုးကြီးဘုရားသည်ရှိစမြဲ သီတင်းသုံးနေစမြဲ ဖြစ်ပါသည်။ တန်ခိုးကြီးဘုရားစေတီတွင် ယတြာပြုလုပ်ရမည်ဟု ညွန်ပြပါလျှင် မိမိအရပ်၊မိမိမြို့ ဒေသတွင် တန်ခိုးအကြီးဆုံး အထင်ရှားဆုံး ရှေးဟောင်းသမိုင်းဝင် အကျဆုံး အထိကရ အဖြစ်ဆုံးသော စေတီမျိုး ဘုရားမျိုးတို့ကို ရွေးချယ်သတ်မှတ်ကာ ဆောင်ရွက်သင့်သည်ဟု မှတ်ကြပါလေ။ ထိုအန္တ ရာယ်ကင်းတွင် ပြဆိုထားပြီးဖြစ်သော ခုနှစ်ရက်သား/ခုနှစ်ရက်သမီး အန္တ ရာယ်ကင်းယတြာကို အထူးလေ့လာပြီး မိမိကြိုက်နှစ်သက်သလို မိမိစိတ်တိုင်း ကျယတြာကို ဆောင်ရွက်နိင်ပါသည်။ ဘေးရန်အန္တ ရာယ်မှန်သမျှ ကင်းဝေးပပျောက်စေရ၏။အသက် အန္တ ရာယ်ကို ချောင်းမြောင်းလုပ်ကြံသောဘေး၊ဓား၊တုတ်တို့နှင့် ချောင်းမြောင်းလုပ်ကြံသောဘေး၊ သေနတ်၊အမြောက်၊ဗုံး၊လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ချောင်းမြောင်းလုပ်ကြံ သောဘေး၊မလိုမုန်းထား၊ရန်ငြိုးဖွဲ့နေသောဘေး၊မိမိအားထောင်ကျအောင်၊ရုံးရောက် အောင်၊အလုပ်ပြုတ်အောင်၊မကောင်းကြံစည်သောဘေး၊စီးပွားကျအောင်၊အလုပ်အကိုင် မကောင်းအောင်၊ထွက်ငွေများပြားနေအောင်၊အရောင်းအ၀ယ် အလုပ်အကိုင် မကောင်း အောင် အိမ်ဆူပူအောင် တစ်ဦးနှင်တစ်ဦး တစ်မိသားစုနှင့်တစ်မိသားစု စိတ်ဝမ်းကွဲပြား အောင် မကောင်းကြံစည်လုပ်ဆောင်နေသော ဘေးရန်မှစပြီး ကင်းဝေးပပျောက်စေ တော့၏။ ထိုပြင် လင်းတနား၊ဖွတ်တက်၊ဖွတ်ဝင်၊ဌက်ဆိုးထိုး၊အတိတ်ဆိုး၊နိမိတ်ဆိုး၊အမင်္ဂလာ အသုဘကိစ္စမှစပြီး ကင်းဝေးပပျောက်စေရ၏၊ဘေးအမျိုးမျိုး ရန်အသွယ်သွယ်၊ အန္တ ရာယ်မှန်သမျှ၊ဘေးမှတ်သမျှ ပြေပျောက်စေရ၏၊ပျောက်ကင်းချမ်းသာစေရ၏၊ သို့သော် ရန်အန္တ ရာယ်မရှိဘဲ အတိုက်အခံမရှိဘဲ ရန်သူမျိုးငါးပါးမရှိပါဘဲလျက် ထိုအန္တ ရာယ်ကင်း ယတြာကို ပြုလုပ်ပါက ကုသိုလ်ကောင်းမှုတို့ကို ဖြစ်စေရ၏။ သွားလေရာ၊လာလေရာ၊နေလေရာ၊ရောက်လေရာတို့တွင် ကောင်းစွာနေရ၏၊ ကောင်းစွာစားသောက်ရ၏၊ကောင်းစွာအိပ်စက်ရ၏၊ဘေးအမျိုးမျိုး၊ရန်အမျိုးမျိုး၊ အလိုအလျှောက် ကင်းဝေးပေးရကုန်၏၊အဆိပ်ရှိသော သတ္တ၀ါများ ကိုက်ခဲနှိပ်စက်သော ဘေးမှစပြီး ရေဘေး၊ မီးဘေး၊မုန်တိုင်းဘေး၊သူခိုးဘေး၊ဓားပြဘေး၊အနုကြမ်းဘေးမှစပြီး အလိုလို ကင်းဝေးပြီးသား ဖြစ်လေတော့၏။ ပြည်မြို့ ဝေပုလ္လာရာမ ဆရာတော်ကြီး၏ မဟာအတိသုခ ယတြာကျမ်းထဲမှ (၇)ရက်သားသမီးအကျိုးစီးပွားအလို့ငှာ ကူးယူရေးသားအပ်ပါသည်။ စိတ်ဝင်စားသူများ www.sayaphone.webs.com တွင်လေ့လာနိင်ပါသည်။ http://yadayar.blogspot.com/ အကုသိုလ်တရားကို ကုသိုလ်တရားဘက်သို့ ပြောင်းလဲခြင်းယတြာ တွင်လေ့လာနိင်ပါသည်။ http://sayaphone-astrojer.blogspot.com/ ကောင်းကင်“ဂြိုလ်၊နက္ခတ်”တို့မှပြောသောအသံများ တွင်လေ့လာနိင်ပါသည်။ http://sayaphonemyint.blogspot.com/ “နက္ခတ်”ပညာကိုလက်တွေ့အသုံးချခြင်း တွင်လည်းလေ့လာနိင်ပါသည်။ အကြောင်းညီညွတ်ပါစေ ဆရာဘုန်းမြင့်(ပြည်မြို့) ၀၉-၆၈၀၁၈၈၃ (၂၁း၅း၂၀၁၃)၀၂း၀၀

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်