Monday, May 20, 2013
အန္တရာယ်ကင်း ယတြာ
အန္တရာယ်ကင်း ယတြာနှင့် ပတ်သက်နေသော (သဗ္ဗုဒ္ဓေ) ဂါထာတော်
(က)
သဗၺဳေဒၶ အဌ၀ီသဥ ၥ ဒါြဒသဥ ၥ သဟ ႆေက
ပဥ ၥ သတ သဟႆာနိ နမာမိ သိရသာမဟံ။
(ခ)
အပၸကာ ၀ါVဳကာ ဂဂၤါ အနႏၲာ နိဗၺဴတာ ဇိနာ
ေတသံ ဓမၼဥ ၥ သံဃဥ ၥ အာဒေရန နမာမဟံ၊
(ဂ)
နမကၠာရာ နဘာေ၀န ဟိတြာ သဗၺ ဥပဒၵေ၀
အေနကာ အႏၲရာယာပိ ဇိနသႏၲဳ အေသသေကာ။
မှတ်ချက်
တန်ခိုးကြီးဘုရားဟု ဆိုရာတွင် လူအများကြည်ညို လေးစားကိုးကွယ်သော
ဘုရားစေတီနှင့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုးကို ဆိုလိုပါသည်။
မိမိနယ်မြေဒေသအလိုက် ဘုရားပွဲဖြစ်သော ဘုရားစေတီသည်လည်း တန်ခိုးကြီးဘုရား
ထဲတွင် ပါဝင်ပြီးဖြစ်၏။
ယတြာယာ ပြုရာတွင်(တန်ခိုးကြီးဘုရား)တွင် ဆောင်ရွက်ရမည်ဟု ပြထားလျှင် တန်ခိုးကြီးဘုရားတွင်သာ ယတြာပြုရမည်ကို အထူးသတိပြုပါ။
(ဥပမာ)
ရန်ကုန်မြို့ ဧရိယာအတွင်းတွင် နေထိုင်သောပုဂ္ဂိုလ်များသည် ရွေတိဂုံစေတီတော်ကြီး
အထင်ကရ ရှိနေပါလျက် မိုးကောင်းဘုရားသည် မိမိအိမ်နှင့် နီးသောကြောင့် မိုးကောင်း
ဘုရားစေတီမှာ ယတြာပြုခြင်းသည် မသင့်တော် မသင့်လျော်ကန်ပါ။
ထိုအတူရွေတိဂုံစေတီတော်ကြီးသည် မြန်မာနိင်ငံတွင်သာမက ကမ္ဘာပေါ်မှာပင်
တန်ခိုးကြီးသော ဘုရားစေတီမှန်ကန်နေပါလျက် မိမိနှင့်နီးရာ မိမိအိမ်နှင့်နီးရာဖြစ်သော
ကျိုက္ကဆံ ဘုရားစေတီမှာ ယတြာပြု တာမျိုးသည် မသင့်တော် မလျော်ကန်ပါ။
ထိုနည်းတူစွာ မော်တော်ကားခ အကုန်သက်သာစေရန်အတွက်လည်းကောင်း
ရွေတိဂုံဘုရားကဝေးလွန်းနေသည် သွားရလာရ မလွယ်ကူဘူးဆိုပြီး လည်းကောင်း
အိမ်မှုကိစ္စကတစ်ဖက် ကလေးကျောင်းပို့ရတာကတစ်ဖက် ကျန်းမာရေးကလည်း
တစ်ဖက် စသည်ဖြင့် အကြောင်းအမျိုးမျိုး ဆင်ခြေဆင်လက် အမျိုးမျိုးပြောဆိုပြီး
ရွေတိဂုံဘုရားစေတီရှိနေပါလျက် ဆူးလေဘုရားမှာ လုပ်မိတာမျိုး၊ဗိုလ်တစ်ထောင်
ဘုရားမှာ လုပ်မိတာမျိုး မဖြစ်ပါစေနှင့်။
မန္တ လေးမြိုးမှာဆိုလျှင် မဟာမြတ်မုနိဘုရား၊မကွေးမြို့မှာဆိုလျှင် မြသလွန်စေတီ၊
ပြည်မြို့မှာဆိုလျှင် ရွေဆံတော်စေတီ၊ မော်လမြိုင်မြို့မှာဆိုလျှင် ကျိုက်သလ္လံစေတီ
စသည်စသည်ဖြင့် သူ့မြို့နှင့်သူ သူဒေသနှင့်သူ တန်ခိုးကြီးဘုရားသည်ရှိစမြဲ
သီတင်းသုံးနေစမြဲ ဖြစ်ပါသည်။
တန်ခိုးကြီးဘုရားစေတီတွင် ယတြာပြုလုပ်ရမည်ဟု ညွန်ပြပါလျှင် မိမိအရပ်၊မိမိမြို့
ဒေသတွင် တန်ခိုးအကြီးဆုံး အထင်ရှားဆုံး ရှေးဟောင်းသမိုင်းဝင် အကျဆုံး
အထိကရ အဖြစ်ဆုံးသော စေတီမျိုး ဘုရားမျိုးတို့ကို ရွေးချယ်သတ်မှတ်ကာ
ဆောင်ရွက်သင့်သည်ဟု မှတ်ကြပါလေ။
ထိုအန္တ ရာယ်ကင်းတွင် ပြဆိုထားပြီးဖြစ်သော ခုနှစ်ရက်သား/ခုနှစ်ရက်သမီး
အန္တ ရာယ်ကင်းယတြာကို အထူးလေ့လာပြီး မိမိကြိုက်နှစ်သက်သလို မိမိစိတ်တိုင်း
ကျယတြာကို ဆောင်ရွက်နိင်ပါသည်။
ဘေးရန်အန္တ ရာယ်မှန်သမျှ ကင်းဝေးပပျောက်စေရ၏။အသက် အန္တ ရာယ်ကို
ချောင်းမြောင်းလုပ်ကြံသောဘေး၊ဓား၊တုတ်တို့နှင့် ချောင်းမြောင်းလုပ်ကြံသောဘေး၊
သေနတ်၊အမြောက်၊ဗုံး၊လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ချောင်းမြောင်းလုပ်ကြံ
သောဘေး၊မလိုမုန်းထား၊ရန်ငြိုးဖွဲ့နေသောဘေး၊မိမိအားထောင်ကျအောင်၊ရုံးရောက်
အောင်၊အလုပ်ပြုတ်အောင်၊မကောင်းကြံစည်သောဘေး၊စီးပွားကျအောင်၊အလုပ်အကိုင်
မကောင်းအောင်၊ထွက်ငွေများပြားနေအောင်၊အရောင်းအ၀ယ် အလုပ်အကိုင် မကောင်း
အောင် အိမ်ဆူပူအောင် တစ်ဦးနှင်တစ်ဦး တစ်မိသားစုနှင့်တစ်မိသားစု စိတ်ဝမ်းကွဲပြား
အောင် မကောင်းကြံစည်လုပ်ဆောင်နေသော ဘေးရန်မှစပြီး ကင်းဝေးပပျောက်စေ
တော့၏။
ထိုပြင် လင်းတနား၊ဖွတ်တက်၊ဖွတ်ဝင်၊ဌက်ဆိုးထိုး၊အတိတ်ဆိုး၊နိမိတ်ဆိုး၊အမင်္ဂလာ
အသုဘကိစ္စမှစပြီး ကင်းဝေးပပျောက်စေရ၏၊ဘေးအမျိုးမျိုး ရန်အသွယ်သွယ်၊
အန္တ ရာယ်မှန်သမျှ၊ဘေးမှတ်သမျှ ပြေပျောက်စေရ၏၊ပျောက်ကင်းချမ်းသာစေရ၏၊
သို့သော် ရန်အန္တ ရာယ်မရှိဘဲ အတိုက်အခံမရှိဘဲ ရန်သူမျိုးငါးပါးမရှိပါဘဲလျက်
ထိုအန္တ ရာယ်ကင်း ယတြာကို ပြုလုပ်ပါက ကုသိုလ်ကောင်းမှုတို့ကို ဖြစ်စေရ၏။
သွားလေရာ၊လာလေရာ၊နေလေရာ၊ရောက်လေရာတို့တွင် ကောင်းစွာနေရ၏၊
ကောင်းစွာစားသောက်ရ၏၊ကောင်းစွာအိပ်စက်ရ၏၊ဘေးအမျိုးမျိုး၊ရန်အမျိုးမျိုး၊
အလိုအလျှောက် ကင်းဝေးပေးရကုန်၏၊အဆိပ်ရှိသော သတ္တ၀ါများ ကိုက်ခဲနှိပ်စက်သော
ဘေးမှစပြီး ရေဘေး၊ မီးဘေး၊မုန်တိုင်းဘေး၊သူခိုးဘေး၊ဓားပြဘေး၊အနုကြမ်းဘေးမှစပြီး
အလိုလို ကင်းဝေးပြီးသား ဖြစ်လေတော့၏။
ပြည်မြို့ ဝေပုလ္လာရာမ ဆရာတော်ကြီး၏ မဟာအတိသုခ ယတြာကျမ်းထဲမှ
(၇)ရက်သားသမီးအကျိုးစီးပွားအလို့ငှာ ကူးယူရေးသားအပ်ပါသည်။
စိတ်ဝင်စားသူများ
www.sayaphone.webs.com တွင်လေ့လာနိင်ပါသည်။
http://yadayar.blogspot.com/
အကုသိုလ်တရားကို ကုသိုလ်တရားဘက်သို့ ပြောင်းလဲခြင်းယတြာ
တွင်လေ့လာနိင်ပါသည်။
http://sayaphone-astrojer.blogspot.com/
ကောင်းကင်“ဂြိုလ်၊နက္ခတ်”တို့မှပြောသောအသံများ
တွင်လေ့လာနိင်ပါသည်။
http://sayaphonemyint.blogspot.com/
“နက္ခတ်”ပညာကိုလက်တွေ့အသုံးချခြင်း
တွင်လည်းလေ့လာနိင်ပါသည်။
အကြောင်းညီညွတ်ပါစေ
ဆရာဘုန်းမြင့်(ပြည်မြို့)
၀၉-၆၈၀၁၈၈၃
(၂၁း၅း၂၀၁၃)၀၂း၀၀
Subscribe to:
Post Comments (Atom)
LinkWithin
!-မောင်လမင်းအောင်(သုတစွယ်စုံ)-http:>
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
“ ဗေဒင်ဆိုသည်မှာ ရသေ့ရှစ်သောင်း၊ ဆရာအပေါင်းတို့က တစ်ယောက်တစ်မျိုး ပြောဆိုထားသော စကားများဖြစ်သည်။ ” (၁၂)ရာသီလား၊ (၁၃)ရာသီလား? 12...
-
မသိခြင်း သိခြင်း ကြိုတင်သိခြင်း ကြိုတင်ပိုင်းခြားသိခြင်း တူခြင်းနှင့် ထီပေါက်ခြင်း ဖေ့ဘုတ်မိတ်ဆွေတစ်ဦးမှ မသိခြင်း သိခြင်း ကြိုတင်...
-
Sunday,March 15,2015 `စမ-အက္ခရာ´ဆိုတာ ဘာလဲ? ဖေ့ဘုတ်မိတ်ဆွေများမှ သိရှိလိုသဖြင့် `စမ-အက္ခရာ´ဆိုတာဘာလဲ? မကြာခဏ မေးလာပါသည်။ လည်း...
-
Wednesday,February 04,2015 (၃၁၄) ကြိမ် မူလဇာတာ ဘယ်ရာသီစန်း ပိုင်ရှင်တွေ ထီပေါက်ဖို့ (%) ဘယ်လောက်လဲ`အသိပေး´အကြံပြုပေးခြင်း ထီဖွင့်...
-
· Saturday,March 07,2015 · ဘယ် `ဒသာ´မှာထီပေါက်မှာလဲ? · မကြာခဏမေးနေသည့် ဓနုလဂ်ပိုင်ရှင်များနှင့် · ...
-
· ဆရာဒေါက်တာထူးလား Ph.D(Astrojer-India)ထံ သင်ယူခြင်း · (ထီအက္ခရာ(က)မှ(ကဆ)အထိ၊ထီအက္ခရာ အလုံး(၄၀)ရှိသည့်အနက်၊ · ...
-
Thursday,March 19,2015 ယခုအကြိမ် မူလဇာတာ ဘယ်ရာသီ ဇာတာစန်း၊လဂ် ပိုင်ရှင်များ ထီပေါက်အားကောင်းမှာလဲ? ``ကောင်းကင် ဂြိုဟ် နက္ခတ်တို့...
-
LUCKY NUMBER ဝေဒနည်းပညာဖြင့် ရှေ့ပူးဂဏန်းများ ရွေးချယ်ခြင်း (မသိသူကျော်သွား၊သိသူဖေါ်စား) ထီဂဏန်းများအား LUCKY NUMBER ဖြင့် ရွေးချယ်ခြ...
-
Tuesday,February25,2014 ထီပေါက်မည့်“စမ-အက္ခရာ”နှင့် တတိယနေရာဂဏန်းများကို ထီပေါက်ချင်သူ မိတ်ကောင်းဆွေကောင်း ဂဏန်းမျာိးုးကျေးဇူးပင် ဖြစ...
တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

No comments:
Post a Comment