Tuesday, January 31, 2012

ထီ ကျပ် ၂၀၀ တန် ထီဖွင့်ပွဲ ၁.၂.၁၀၁၂ ရက်တွင် ကျင်းပမည်


ထီ ကျပ် ၂၀၀ တန် ထီဖွင့်ပွဲ ၁.၂.၁၀၁၂ ရက်တွင် ကျင်းပမည်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် (ဗုဒ္ဓဟူးနေ့)တွင်(၂၇၇)ကြိမ် ကျပ် ၂၀၀ တန် အောင်
ဘာလေ သိန်းဆု ဖွင့်ပွဲကို  အောင်ဘာလေ သိန်းဆုဌာနခွဲတည်ရှိရာ အမှတ် ၃၈၄မဟာ
ဗန္ဓုလ လမ်းနှင့် ၃၇ လမ်းထောင့် ကျော်ကတံတား မြို့နယ် ရန်ကုန်မြို့ရှိ ထီဖွင့်ပွဲခန်းမ
ဆောင်တွင် နံနက် ၈ နာရီမှ စတင်ပြီး ညနေ ၄ နာရီ အထိ တစ်ရက်တည်းဖြင့် အပြီး
ဖွင့်လှစ်မည်ဖြစ်သည်။
(၂၇၇)ကြိမ် ကျပ် ၂၀၀ တန် ထီဖွင့်ပွဲတွင် အက္ခရာ ၂၈ လုံး ထီစာအုပ်၂၂၉၀၉၀၄ အုပ်
ကိုထီထိုးသူများ ကံစမ်းနိုင်ရန် အတွက် ထုတ်ဝေ ရောင်းချခဲ့ရာ ကုန်စင်အောင်ရောင်းချ
ခဲ့ရသဖြင့် ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၂၇၄၉၀၈၄၈၀၀ တွင်ဆုမဲ
ပြည့်မှီသဖြင့် ကျပ် ၈၄၈၀၀ ကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူပြီး ကျန်ငွေ
 စုစုပေါင်း ၂၇၄၉၀၀၀၀၀၀ကို ဆုမဲများအဖြစ် ခွဲဝေပေးမည်ဖြစ်သည်။
ဆုကြီးတစ်ဆုချင်း စနစ်အရ ကျပ်သိန်း ၁၅၀၀ တစ်ဆု၊ကျပ်သိန်း ၁၀၀၀ တစ်ဆု
 ကျပ်သိန်း ၅၀၀ တစ်ဆုကျပ်သိန်း ၃၀၀ နှစ်ဆု ကျပ်သိန်း ၂၀၀ လေးဆု ကျပ်သိန်း
၁၀၀ မင်္ဂလာစုံတွဲဆု ၁၅ ယူနစ်၊ဖြည့်စွက်ဆု သုံးယူနစ်နှင့် အပိုဆု ၁၇၉ ဆုတို့ကို
တစ်ရက်တည်းဖြင့် ဖွင့်လှစ်ပေးမည်။
တန်ဖိုးအလိုက် ဆုမဲများမှာ ကျပ်သိန်း ၁၅၀၀ တစ်ဆု ကျပ်သိန်း ၁၀၀၀ တစ်ဆု
 ကျပ်သိန်း ၅၀၀ တစ်ဆု၊ကျပ်သိန်း ၃၀၀ နှစ်ဆု၊ကျပ်သိန်း ၂၀၀ လေးဆု၊ ကျပ်သိန်း
၁၀၀ ဆု ၁၅ ဆု၊ကျပ် ၁၀ သိန်း ၄၀၅ ဆု၊ကျပ် ၅ သိန်း ၃ ဆု၊ကျပ် ၃ သိန်း ၁၆၂ ဆု၊
ကျပ်နှစ်သိန်းဆု ၁၄၄၀ ဆု၊ကျပ် ၁ သိန်း ၁၄၁၅၉ ဆု၊အပါအ၀င် ဆုမဲပေါင်း ၁၆၁၃၉ ဆု ဖြစ်သည်။
ယခုနှစ် (၂၇၇) ကြိမ် ကျပ် ၂၀၀ တန် ထီပေါက်သည့် ကံထူးရှင်များအား ဆုငွေ
ထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစပြီး လက်ခံဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့်
 ဆုငွေများကို ကိုယ်တိုင်ဖြစ်စေ တရားဝင်ကိုယ်စားလှယ်လွဲစာဖြင့် ဖြစ်စေရန်ကုန်မြို့နှင့်
 မန္တလေးမြို့ ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ရုံးများတွင် လျောက်ထားတင်ပြ ထုတ်ယူ
နိုင်ကြောင်းကို ၂၉.၁.၂၀၁၂ရက်နေ့ မြန်မာ့အလင်းသတင်းစာ စာမှတ်နာ ၇ ကော်လံ
၂ တွင် သတင်းဖော်ပြထားပါသည်။
(ထီကတော့ပေါက်နေပါပြီ၊ဆုအသေးအကြီးကတော့ ကံတရားပါ။)
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်
ဆရာဘုန်းမြင့်(ပြည်မြို့) ဝေဒသုတေသီ-A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက်
နေပြည်တော်။
 Email;sayaphonemyint.npt@gmail.com
http://www.sayaphone.webs.com/Phone;o67-432224၊09-6801883

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်