Monday, January 16, 2012

astrojer

ကောင်းကင် ကောဇာ စနေဂြိုလ်မှ ပြောသောအသံ
ကောင်းကင်ပြင်တွင် ရှိသော ဂြိုလ် နက္ခတ်များသည် မြေပြင်တွင် ရှိသော
လူသားများ၏ အပေါ်တွင် နည်းမျိုးစုံဖြင့် လွမ်းမိုးလျက် ရှိပါသည်။
(၁၆.၁၁.၂၀၁၁)ရက်နေ့တွင် ကောင်းကင် စနေဂြိုလ်သည် ကန်ရာသီမှ
တူရာသီသို့ ပြောင်းရွေ့ပါသည်။
ကောင်းကင် ကြာသာပတေးဂြိုလ်၊ရာဟုဂြိုလ်၊စနေဂြိုလ်တို့ တစ်ရာ
သီမှ တစ်ရာသို့ ပြောင်းရွေ့တိုင်း ထူးခြားမူများ ရှိတတ်ပါသည်။
ကောင်းကင် ကြာသာပတေးဂြိုလ်သည် သာမန်အားဖြင့် တစ်ရာသီတွင်
(၁)နှစ် နေပါသည်။ ကောင်းကင် ရာဟုဂြိုလ်သည် သာမန်အားဖြင့်
တစ်ရာသီတွင်(၁)နှစ်နှင့်(၆)လ နေပါသည်။ ကောင်းကင် စနေဂြိုလ်သည်
တစ်ရာသီတွင် (၂)နှစ်ခွဲ နေပါသည်။
၎င်းကောင်းကင် ဂြိုလ်များ ပြောင်းရွေ့တိုင်း ကြာသာပတေးဂြိုလ်သည်
ကြာသာပတေးဂြိုလ်၏ ပရိယာယ်အား၎င်း၊ရာဟုဂြိုလ်သည် ရာဟုဂြိုလ်၏
ပရိယာယ်အား၎င်း၊စနေဂြိုလ်သည် စနေဂြိုလ်၏ ပရိယာယ်အား၎င်း၊အစွမ်း
ပြတတ် ကြပါသည်။
ကသစ်အိမ်၊ဥုစ်အိမ် ရာသီများကို ရောက်ရှိပါက ကောင်းသော အကြောင်း
 တရားများ ဖြစ်တတ်ပါသည်။
ကောင်းကင် ဂြိုလ်များနှင့် ဆက်စပ်လေ့လာနိုင်ရင် တင်ပြအပ်ပါသည်။


ကောင်းကင် စနေဂြိုလ်သည် (၁၆.၁၁.၂၀၁၁)ရက်နေ့တွင် တူရာသီ သို့ရောက် ရှိပါသည်။တူရာသီသည် စနေဂြိုလ် မှာ ဥုစ်အိမ်ဖြစ်ပါသည်။
စနေဂြိုလ် ပရိယာယ်များအား ခံစားကြရမည်ဖြစ်ပါသည်။
မြန်မာ့အောင်ဘာလေထီသည် စနေဂြိုလ် ဖြစ်ပါသည်၊ (၄.၁.၂၀၁၂)ရက်နေ့
တွင် ကြေးမုံ သတင်းစာ စာမျက်နှာ ၂ တွင် ဖေဖော်ဝါရီ (၁)ရက်တွင် ဖွင့်လှစ်မည့် ထီဖွင့်ပွဲမှစပြီး အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဖွင့်လှစ်
ပေးသွားမည် ဖြစ်ကြောင်း သတင်းအား ဖေါ်ပြထားပါသည်။
စနေဂြိုလ် တူရာသီ ဥုစ်အိမ်တွင် ရှိသဖြင့်၎င်း၊ ကြာသာပတေးဂြိုလ် ဓနဂြိုလ်
မှ (၇)တန့် အမြင်ဖြင့် အားအပြည့် မြင်သဖြင့်၎င်း၊တနင်္လာဂြိုလ်နှင့် ကြာ
သာပတေးဂြိုလ် ပူးယှဉ်နေသဖြင့် ငွေကြေးနှင့် ပတ်သက်သောကိစ္စများ
မင်းအစိုးရ ချီးမြှင့်သော အထူးဆုကြီးအား မြန်မာ့ အောင်ဘာလေ
ထီကံစမ်းသူများအနက်မှ တစ်ဦး ရရှိမည်ဖြစ်ပါသည်။
ကောင်းကင် စနေဂြိုလ် တူရာသီ ဥုစ်အိမ်သို့ ရောက်ရှိသဖြင့် ကောင်းကျိုး
များ မြန်မာ့ပြည်သူပြည်သားများ ခံစားကြရမည်ဖြစ်ပါသည်။
တူရာသီတွင် (၂)နှစ်နှင့်(၆)လ နေမည်ဖြစ်သဖြင့် စနေနံနှင့်ပတ်သက်သော
ပစ္စည်းများ၊အလုပ်အကိုင်များ၊လက်လုပ်လက်စားများ၊လူမျိုးခြားများ၊
မီးနှင့်ပတ်သက်သောလုပ်ငန်းများ ၊နိင်ငံခြားနှင့် ပတ်သက်သောလုပ်ငန်းများ
အကျိုးပေးမည့် ကာလဖြစ်ပါသည်။
(၇)ရက်သားသမီးများ၏ အကျိုးစီးပွား အလို့ဌာ မိမိလေ့လာ သင်ယူ
ဆည်းပူးထားသော ဝေဒနည်းပညာအား ရေးသားတင်ပြခြင်းသာ ဖြစ်ပါ
သည်။

အကြောင်းညီညွတ်ပါစေ
ဆရာဘုန်းမြင့်(ပြည်မြို့) ဝေဒသုတေသီ-A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက်
နေပြည်တော်။ Email;sayaphonemyint.npt@gmail.com http://www.sayaphone.webs.com/Phone;o67-432224၊09-6801883http://astrojer.multiply.com/photos/album/2/2 (14.1.2012)(၀၀း၂၀)



No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်