Tuesday, March 18, 2014

ထီပေါက်မည့် တတိနေရာ ဂဏန်းများကို“နက္ခတ်”နည်းပညာဖြင့် အကြံပြုပေးခြင်း




Tuesday,March 18,2014
ထီပေါက်မည့် တတိနေရာ ဂဏန်းများကို“နက္ခတ်”နည်းပညာဖြင့် အကြံပြုပေးခြင်း


ကျွန်တော်သည် ဝေဒနည်းပညာကို ၀ါသနာပါသူ(၁)ဦးဖြစ်ပါသည်။
၁၉၉၅ ခုနှစ်မှစတင်ပြီး၊ထီအကြံပြုခြင်း လုပ်ငန်းကို အကြောင်းညီညွတ်သဖြင့် ပြည်မြို့တွင်
ဗေဒင်ဟောခန်းဖွင့်ကာ ဆောင်ရွက်ခဲ့ပါသည်။၁၉၉၉ ခုနှစ်တွင် တောင်ငူမြို့တွင်၎င်း၊
၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့တွင်၎င်း၊၂၀၁၁ခုနှစ်မှ ယနေ့ထိ နေပြည်တော်တွင်၎င်း ဗေဒင်
ဟောခန်းဖွင့်ကာ ထီအကြံပြုခြင်း လုပ်ငန်းကို ဆောင်ရွက်လျှက် ရှိပါသည်။
မိမိကိုယ်တိုင်သော်၎င်း၊ထီပေါက်ချင်သူများကိုသော်၎င်း ထီပေါက်အောင်အကြံပြုပေးနိုင်ရမည်
အကြံပြုမပေးနိင်သေးပါက မိမိလေ့လာသော“ဝေဒ”နည်းပညာလိုနေသေးလို့ဟု သဘောထားကာ
ဆက်လက်လေ့လာ သင်ယူပါသည်။
ဗေဒင်စိတ်ဝင်စားသူများ အောက်ပါ link တွင်လေ့လာနိုင်ပါသည်။
 ထီပေါက်မည့် တတိနေရာ ဂဏန်းများကို“နက္ခတ်”နည်းပညာဖြင့် ကြိုတင်“သိ”နိုင်ပါသည်။
ကျပ်သိန်း(၁၅၀၀)ပေါက်သူ(၂)ဦး၏ ဇာတာများကို သုတေသနပြုလုပ်တွေ့ရှိချက်အရ
တနင်္လာဂြိုလ် ရပ်တည်သောရာသီမှ(၉)တန့်၊အတိတ်ကံကို ကိုယ်စားပြုသည့် အတန့်(သို့မဟုတ်)
(၁၁)တန့် လာဘ်လာဘအိမ်ကို ကိုယ်စားပြုသည့် အတန့် ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများသည်
တတိယနေရာ ဂဏန်းများဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ထီပေါက်ချင်သူများ အကြံပြုပေးပါရန် ဆွေးနွေးလာသည့်အခါတွင် မူလဇာတာ တနင်္လာဂြိုလ်ရပ်တည်
သော ရာသီမှ(၉)တန့်(ကံကောင်းခြင်း၊သက်တောင့်သက်တာရရှိခြင်းကို ဖြစ်စေသည့်(၉)တန့်)
(သို့မဟုတ်)(၁၁)တန့်(လာဘ်လာဘအိမ်၊လာဘ်လာဘ ရရှိခြင်းကို ဖြစ်စေသည့်(၁၁)တန့်)
တွင် ရပ်တည်သော ရာသီပိုင်နက္ခတ်စိုးမိုးဂဏန်းများကို
တတိယနေရာ ထီကံစမ်းဖို့ အကြံပြုပေးလျက်ရှိပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုပေါက်သူ(၁)ဦးသည်
ဘာကြောင့်(၉)တန့်ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများနှင့်ပေါက်တာလည်း၊
(ကံကောင်းခြင်း၊သက်တောင့်သက်တာရရှိခြင်းကိုဖြစ်စေသည့်(၉)တန့်၊)
ကျပ်သိန်း(၁၅၀၀)ဆုပေါက်သူနောက်(၁)ဦးသည်
ဘာကြောင့်(၁၁)တန့် (လာဘ်လာဘ ရရှိခြင်းကို ဖြစ်စေသည့်(၁၁)တန့်၊)
ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများဖြင့် တတိယနေရာ ဂဏန်းများနှင့်
ပေါက်တာလည်းဆိုသည်ကို “ဝေဒ”နည်းပညာဖြင့်ပိုင်းခြား“သိ”အောင် လေ့လာရန် လမ်းညွန်ခဲ့ပါသည်။

(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင် ဦးဌေးနိုင်ဦး (ရေနီ)နှင့်ဦးဥာဏ်ဟိန်းတို့(၂)ဦး
ကံစမ်းခြင်းမှ က ၆၁၀၂၄၆ ဖြင့် ကျပ်သိန်း(၁၅၀၀)ဆုကြီး ပေါက်ပါသည်။
ဦးဌေးနိုင်ဦး(ရေနီ)သည် သိဟ်ရာသီလဂ် ပိုင်ရှင်ဖြစ်ပါသည်။
တနင်္လာဂြိုလ်စန်းသည် ကန်ရာသီတွင် ရှိပါသည်။
ကန်ရာသီမှ(၁၁)တန့်သည် ကရကဋ် ရာသီဖြစ်ပါသည်။
ကရကဋ် ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများသည်(၄.၅.၇.၀)ဂဏန်းများဖြစ်ပါသည်။
ဇာတာရှင်သည် က ၆၁၀၂၄၆ ဖြင့်ထီပေါက်သဖြင့် တတိယနေရာဂဏန်းများမှာ(၄.၅.၇.၀)ဂဏန်းများ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ကန်ရာသီမှ(၇)တန့်သည် မိန်ရာသီဖြစ်ပြီး၊မိန်ရာသီပိုင်နက္ခတ် စိုးမိုးဂဏန်းများမှာလည်း
(၄.၅.၇.၀)ဂဏန်းများ ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(ပူးပေါင်းဆောင်ရွက်ခြင်း၊မိတ်ကောင်းဆွေကောင်းများနှင့်ပေါင်းသင်ခြင်း)ကိုဖြစ်စေသည့်(၇)တန့်
ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည်လည်း(၄.၅.၇.၀)ဖြစ်သဖြင့် ဇာတာရှင်သည်(၂)ဦးပေါင်းစပ်ပြီး
ထီကံစမ်းရာ ထီပေါက်ခြင်းဖြစ်ပါသည်။
ပေါင်းစပ်ထီကံစမ်းသူများ မူလဇာတာ တနင်္လာဂြိုလ်ရှိသော ရာသီမှ(၁၁)တန့်တွင်ရှိသည့် ရာသီပိုင်
နက္ခတ်စိုးမိုးဂဏန်းများသည် တတိယနေရာ ဂဏန်းများဖြစ်နေကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
(၂၉၆)ကြိမ်(၁.၉.၂၀၁၃)ထီဖွင့်ပွဲတွင် ဒေါ်စန္ဒာအေး ပျော်ဘွယ်မြို့သည် ဇ ၁၄၂၉၉၇ ဖြင့် ကျပ်သိန်း
(၁၅၀၀)ဆုကြီး ထီပေါက်ပါသည်။
ဒေါ်စန္ဒာအေး(ပျော်ဘွယ်)သည် ဗြိဿ ရာသီလဂ် ပိုင်ရှင်ဖြစ်ပါသည်။
တနင်္လာဂြိုလ်သည် ဗြိဿ ရာသီစန်း ပိုင်ရှင်ဖြစ်ပါသည်။
မူလတနင်္လာဂြိုလ်၏(၉)တန့် (ကံကောင်းခြင်း၊သက်တောင့်သက်သာရရှိခြင်းကို ဖြစ်စေသည့်(၉)တန့်)
သည် မကာရ ရာသီဖြစ်ပါသည်။
မကာရ ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများဖြစ်သည့်(၁.၂.၃)ဂဏန်းများဖြစ်ပါသည်။
ဇာတာရှင်သည် ဇ ၁၄၂၉၉၇ ဖြင့်  ထီပေါက်သဖြင့် တတိယနေရာ ဂဏန်းများမှာ(၁.၂.၃)ဂဏန်းများ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(၁)ဦးတည်းထီကံစမ်းသူများ မူလဇာတာ တနင်္လာဂြိုလ်ရှိသော ရာသီမှ(၉)တန့်တွင်ရှိသည့် ရာသီပိုင်
နက္ခတ်စိုးမိုးဂဏန်းများသည် တတိယနေရာ ဂဏန်းများဖြစ်နေကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
ထီကံစမ်းသူများအနေဖြင့် မိမိ၏ ဇာတာကိုကြည့်ပြီး ထီပေါက်မည့် တတိယနေရာ ဂဏန်းများကို
“သိ”ရှိ ထီကံစမ်းနိုင်ရန် အသိပေးရေးသားအပ်ပါသည်။
အခြား ကျပ်သိန်း(၁၀၀)ပေါက်သူများသည်လည်း ၄င်းတို့ မူလဇာတာ တနင်္လာဂြိုလ် ရှိသော ရာသီမှ
(၉)တန့်တွင် ရှိသည့် ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည် တတိယနေရာ ဂဏန်းများဖြစ်နေကြ
ကြောင်းကို လေ့လာတွေ့ရှိရပါသည်။
အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ ထီပေါက်လျှက် ရှိပါသည်။
ပူးပေါင်းပါဝင် ထီကံစမ်းသပ်ခြင်းဖြင့် လူကြီးမင်းလည်း ထီပေါက်နိုင်ပါသည်။
သင်ဆရာမြင်ဆရာများ၏တပည့်
ဆရာဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civil)Ph:09-6801883
At 22:30 PM
Labeis: ထီပေါက်မည့် တတိနေရာ ဂဏန်းများကို“နက္ခတ်”နည်းပညာဖြင့် အကြံပြုပေးခြင်း





No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်