Tuesday, March 4, 2014

ထီပေါက်ချင်သူကို အကြံပြုပေးခြင်း



Monday,March4,2014
ထီပေါက်ချင်သူကို အကြံပြုပေးခြင်း

မည်သည့်ဖြစ်ရပ်-ကောင်းသည့် ဖြစ်ရပ် ဖြစ်စေ၊ဆိုးသည့် ဖြစ်ရပ် ဖြစ်စေ၊ထင်ရှားသော ဖြစ်ရပ်များ
ဖြစ်ပေါ်ရခြင်း အားလုံးသည် မူလ ဇာတာတွင်မရှိဘဲ မည်သည့်အကြောင်းနှင့်မျှ ဖြစ်လာစရာ
အကြောင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော်-ဇာတာရှင်၏ အတိတ်ဘ၀ ကုသိုလ်ကံ၊အကုသိုလ်ကံ အကြောင်းတရား
ကြောင့်-ကောင်းကင်ရှိ ဂြိုလ်၊နက္ခတ် ဖွဲ့စည်းတည်ဆောက်မူတို့က-ဇာတာရှင်၏ မွေးဖွားချိန်တွင်
လွမ်းမိုးထားပြီးနောက်-မည်သည့် ဖြစ်ရပ်များ ဖြစ်လာနိင်စရာ ရှိသည်ကို မူလဇာတာတွင်
သတ်မှတ် ပုံဖေါ် ပေးလိုက်သောကြောင့် ဖြစ်ပါ၏။
ကျွန်တော်သည် ဝေဒနည်းပညာကို ၀ါသနာပါသူ(၁)ဦးဖြစ်ပါသည်။
၁၉၉၅ ခုနှစ် ပြည်မြို့တွင်၎င်း၊၁၉၉၉ ခုနှစ် တောင်ငူမြို့တွင်၎င်း၊၂၀၀၀ ခုနှစ်ရန်ကုန်မြို့တွင်၎င်း၊
၂၀၁၁ ခုနှစ်မှယနေ့ထိ နေပြည်တော်တွင်၎င်း ဗေဒင်ဟောခန်းဖွင့်ကာ ထီအကြံပြုခြင်း
လုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါသည်။
မိမိကိုယ်တိုင်သော်၎င်း၊ထီပေါက်ချင်သူများကိုသော်၎င်း ထီပေါက်အောင်အကြံပြုပေးနိုင်ရမည်
အကြံပြုမပေးနိင်သေးပါက မိမိလေ့လာသော“ဝေဒ”နည်းပညာလိုနေသေးလို့ဟု သဘောထားကာ
ဆက်လက်လေ့လာ သင်ယူပါသည်။
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သောကြောင့် မိသားစုဇာတာများထဲမှ ယခုကာလ
ထီပေါက်ဖို့ အားကောင်းသည့် ထီပေါက်မည့် သူကို ရွေးချယ်ပေးပါရန် တောင်းဆိုလာပါသည်။
ထီပေါက်ချင်သူ မိသားစုများထဲမှ ယခုကာလ ထီပေါက်ဖို့  အားကောင်းသူကို “ဝေဒ”နည်းပညာနှင့်
နက္ခတ် နည်းပညာ ဥပဒေသများနှင့် ရွေးချယ်ပေးရာတွင် အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ်
ပိုင်ရှင်များ ထီပေါက်ကြပါသည်။

မိသားစုဇာတာများထဲမှ ယခုကာလ ထီပေါက်ဖို့အားကောင်းသည့်သူကို ရွေးချယ်ခြင်း

မိသားစုဇာတာများထဲမှ ယခုကာလထီပေါက်ဖို့အားကောင်းသည့်သူကို ရွေးချယ်ပေးရာ
(၃၀၂)ကြိမ် ထီဖွင့်ပွဲတွင် ခ ၁၆၃၀၆၇ ဖြင့် (၁)သိန်းဆု ထီပေါက်ပြီ။

“ဝေဒ”နည်းပညာဖြင့် ထီပေါက်မည့် ကိုယ်ပိုင်“စမ-အက္ခရာ”ကို အကြံပြုပေးခြင်း

 “ဝေဒ”နည်းပညာနှင့် “စမ-အက္ခရာ”ကို သင်ကြားပေးသော ဆရာဒေါက်တာထူးလား
Ph.D(Astrology,India) ၏ ပညာပါရမီကြောင့်သာ ထီပေါက်မည့် “အက္ခရာ”ကို ကြိုတင်“သိ”
ရခြင်း ဖြစ်ပါသည်။
“ဝေဒ”နည်းပညာတွင်
မွေးဖွားသည့် ကောဇာသက္ကရာဇ်ကို စိုးမိုးသော ကိုယ်ပိုင် “စမ-အက္ခရာ”၊မွေးဖွားသည့် လကို စိုးမိုးသော
ကိုယ်ပိုင် “စမ-အက္ခရာ”၊မွေးဖွားသည့် ရက်ကို စိုးမိုးသော ကိုယ်ပိုင် “စမ-အက္ခရာ”၊နှင့်
မွေးဖွားသည့် နေ့ကို စိုးမိုးသော ကိုယ်ပိုင် “စမ-အက္ခရာ”၊ဟူ၍ ရှိပါသည်။
ထီပေါက်မည့် “စမ-အက္ခရာ”ကို ကြိုတင်“သိ”ရသဖြင့် “အက္ခရာ”တူလျှင် ထီပေါက်သည့်စနစ်ဖြစ်သော
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို  ထီပေါက်ချင်သူ မိတ်ကောင်းဆွေကောင်များနှင့်ကျွန်တော်
ဝေဒနည်းပညာဥပဒေသများနှင့်နက္ခတ်နည်းပညာဥပဒေသများကိုလက်တွေ့အသုံချကာ ထီကံစမ်းသပ်ရာတွင်အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ ထီပေါက်ကြပါသည်။
လက်တွေ့ထီပေါက်သူများမှာမိတ်ကောင်းဆွေကောင်းရှိခြင်း၏ အကျိုးကိုခံစားရသူများဖြစ်ပါသည်။
လက်တွေ့ ထီပေါက်သူများမှ အကျိုးစီးပွား ရှိခြင်းကို ကိုယ်တိုင်“သိ”ကြသောအခါ မှန်သည်မှန်သည်
ဟု ပြောနေသည့် နည်းစနစ်လည်း ဖြစ်ပါသည်။
ယခုကာငွေအမြောက်အများဝင်ကိန်းနှင့်ထီပေါက်ကိန်း“ဝေဒ”နည်းပညာဥပဒေသများ

တစ်နေ့ဟောခန်းသို့ ထီပေါက်ချင်သူ(၁)ဦးမှ ဗေဒင်ဟောခန်းသို့ရောက်လာကာ ထီပေါက်လိုကြောင်း
မိသားစုထဲမှ ထီပေါက်အား အကောင်းဆုံးသူနှင့်ရွေးချယ်ကံစမ်းလိုကြောင်းဆွေးနွေးလာပါသည်။
ဖခင်ဇာတာတွင်
ဓနုရာသီလဂ် ပိုင်ရှင်ဖြစ်နေပါသဖြင့်၎င်း၊
ကရကဋ်ရာသီတွင် တနင်္လာဂြိုလ် ရှိနေသဖြင့်၎င်း၊
ကရကဋ် ရာသီတွင် ကြာသာပတေးဂြိုလ် ရှိနေသဖြင့်၎င်း၊
သိဟ်ရာတွင် စနေဂြိုလ် ရှိနေသဖြင့်၎င်း
ယခုကာလ ထီပေါက်ကိန်းနှင့်တိုက်ဆိုင်ကြည့်သောအခါ အကြောင်းတရားများ(၁)ခုမှ
တိုက်ဆိုင်နေခြင်းမရှိပါ။
ဇနီးဇာတာတွင်
ကရကဋ် ရာသီလဂ်ပိုင်ရှင် ဖြစ်နေသဖြင့်၎င်း၊
ကရကဋ်ရာသီစန်း ပိုင်ရှင် ဖြစ်နေသဖြင့်၎င်း၊
မကာရ ရာသီတွင် ကြာသာပတေးဂြိုလ် ရှိနေသဖြင့်၎င်း၊
ဗြိဿရာသီတွင် စနေဂြိုလ်ရှိနေသဖြင့်၎င်း၊
ယခုကာလ ထီပေါက်ကိန်းနှင့်တိုက်ဆိုင်ကြည့်သောအခါ အကြောင်းတရား(၁)ခုမှ
တိုက်ဆိုင်နေခြင်း မရှိပါ။
သားလှရတနာဇာတာတွင်
ဗြိစ္ဆာရာသီလဂ်ပိုင်ရှင် ဖြစ်နေသဖြင့်၎င်း၊
မကာရ ရာသီတွင် တနင်္လာဂြိုလ် စန်း ရှိနေသဖြင့်၎င်း၊
ယခုကာလ ထီပေါက်ကိန်းနှင့်တိုက်ဆိုင်ကြည့်သောအခါ အကြောင်းတရား(၂)ခုတိုက်ဆိုင်နေပါသည်။
(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်းရှိနေပါသည်။
ထီပေါက်ကိန်းတွင်
(က) ထီပေါက်ကိန်းကို တိုက်ဆိုင်ကြည့်ခြင်း
ပထမအနေဖြင့် အားအကောင်းဆုံးမှာ လဂ် ဖြစ်ပါသည်။
ဒုတိယအနေဖြင့် အားအကောင်းဆုံးမှာ စန်းဖြစ်ပါသည်။
တတိယအနေဖြင့် အားအကောင်းဆုံးမှာ ကြာသာပတေးဂြိုလ်ဖြစ်ပါသည်။
စတုထ္ထအနေဖြင့် အားအကောင်းဆုံးမှာ စနေဂြိုလ်ဖြစ်ပါသည်။
အကြောင်းတရား(၂)ပါး တိုက်ဆိုင်သည့် ဇာတာ(၁)စောင်၊ကို တွေ့ရှိရပါသည်။
အားကောင်းသည့် ဇာတာရှင်ကို ရွေးချယ်ရာတွင် အကြောင်းတရား(၂)ပါး တိုက်ဆိုင်သည့်
ဇာတာကို ရွေးချယ် ပေးလိုက်ပါသည်။
ထို့ကြောင့် မောင်ခန့်သီဟအောင် ဇာတာကို ရွေးချယ်ပေးလိုက်ပါသည်။
ကောဇာ သက္ကရာဇ် ၁၃၆၉ ခုနှစ်သက္ကရာဇ်ကို စိုးမိုးသော“စမ-အက္ခရာ”(ထ)အက္ခရာ ကို ထီကံစမ်းဖို့
အသိပေး အကြံပြုလိုက်ပါသည်။
ထီလက်မှတ်(၁)စောင်=၃၀၀ိ/-
ထီလက်မှတ် ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်=၂၇၀၀၀ိ/-
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင် ထီကံစမ်းထားခြင်းသည် ပေါက်ဂဏန်းထီလက်မှတ်များကို
ထီကံစမ်းထားခြင်းဖြစ်ပါသည်။ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် “အက္ခရာ”တူလျှင်ထီပေါက်သည့်
နည်းစနစ်ဖြင့် ထီကံစမ်းထားခြင်းလည်း ဖြစ်ပါသည်။
လက်တွေ့အသုံးချ “နက္ခတ်”နည်းပညာ ဥပဒေသ ရာသီပိုင်“နက္ခတ်”စိုးမိုးဂဏန်းများ

“တတိယ”နေရာ ဂဏန်းများကို အကြံပြုပေးခြင်း
ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် ရှေ့ဂဏန်း(၂)လုံးတူ အကွက်(၉၀)စောင်ကို
ထီိကံစမ်းထားသဖြင့် တတိယနေရာ ဂဏန်းများတူလျှင် ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
တနင်္လာဂြိုလ် ရပ်တည်သော ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည် တတိယနေရာ ဂဏန်းများ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
တနင်္လာဂြိုလ်သည် မကာရ ရာသီတွင် ရှိနေပါသဖြင့် ရာသီပိုင်နက္ခတ် စိုးမိုးဂဏန်းများဖြစ်သော
(၁.၂.၃)ဂဏန်းများကို တတိယနေရာ ထီကံစမ်းဖို့ အကြံပြုပေးလိုက်ပါသည်။
ဇာတာရှင်သည်(၃၀၂)ကြိမ် ၁၃၆၉ ခုနှစ်တွင် မွေးဖွားသူ မောင်ခန့်သီဟအောင် ၀၉-၄၇၁၂၉၁၀၁ သည် တ ၆၅၁၂၃၉ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
အကျိုးပေးချိန်တန်သည့် ခုနှစ်သက္ကရာဇ် ပိုင်ရှင်များ ထီပေါက်ခြင်းဖြစ်ပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက “ဝေဒ”နည်းပညာ ဥပဒေသများ နှင့် “နက္ခတ်” နည်းပညာများ
မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
“ဝေဒ”နည်းပညာဖြင့် ထီပေါက်ချင်သူကို ထီအကြံပြုပေးရာ ထီပေါက်သဖြင့် ဇာတာရှင်မိသားစု
နည်းတူ ၀မ်းသာပီတိ ဖြစ်မိကာ မှတ်တမ်းတင် ရေးသားအပ်ပါသည်။
ပူးပေါင်းပါဝင် ကံစမ်းခြင်းဖြင့် သင်လည်း ထီပေါက်နိုင်ပါသည်။
“ဝေဒ”နည်းပညာဖြင့် သင်ထီပေါက်မည့် ကိုယ်ပိုင် “စမ-အက္ခရာ”ကို ကြိုတင်“သိ”နိုင်ပါပြီ။
“နက္ခတ်”နည်းပညာဖြင့် သင်ထီပေါက်မည့် “တတိယ”နေရာ ဂဏန်းကို ကြိုတင်“သိ”နိုင်ပါပြီ။
သင်နှင့်သင်မိသားစု အကျိုးစီးပွားအတွက် ပူးပေါင်းပါဝင် လက်တွေ့ထီကံစမ်းသပ်ဖို့ဖိတ်ခေါ်ပါသည်။
သင်ဆရာမြင်ဆရာ အားလုံး၏ တပည့်
ဆရာ ဘုန်းမြင့်(ဝေဒသုတေသီ)A.G.T.I-(CIVIL)
Ph:09-6801883(၄.၃.၂၀၁၄)(၂၀း၃၄)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်