Monday, December 17, 2012

ပွင့်လင်းမြင်သာသောစနစ်နှင့်ဖြစ်နိင်ချေနည်းစနစ်တို့ပေါင်းစပ်ပြီး ထီကံစမ်းခြင်းကို အကြံပြုပေးခြင်း

မြန်မာ့အောင်ဘာလေထီကို အကြံပြုပေးခြင်း
 ပွင့်လင်းမြင်သာသောစနစ်နှင့်ဖြစ်နိင်ချေနည်းစနစ်တို့ပေါင်းစပ်ပြီး ထီကံစမ်းခြင်းကို အကြံပြုပေးခြင်း
၁။ ထီဆုပေးသည့်စနစ်ကို “သိ”ဖို့လိုပါသည်။
၂။ ထီကို ဘယ်လိုကံစမ်းရင် ပေါက်မလည်း၊ဘာဆုကိုပေါက်ချင်တာလည်းစသည်ဖြင့်
“သိ”ဖို့လိုပါသည်။
၃။ မိမိကံစမ်းလိုသော ထီဂဏန်းများရအောင် ကြိုတင်အားထုတ်၊ပြုလုပ် မှာထားဖို့လိုပါသည်။
၎။ မိမိတတ်နိင်သည့်ငွေကြေးထည့်သွင်းစဉ်းစားဖို့လိုပါသည်။
၁။ ထီဆုပေးသည့်စနစ်ကို “သိ”ဖို့လိုပါသည်။
မြန်မာ့အောင်ဘာလေထီသည် ထိပ်စီး(၁)မှ(၉)အထိရှိပြီး အက္ခရာ(၃၃)လုံးနှင့် ဂဏန်း(၆)လုံးရှိပါသည်။
အက္ခရာနှင့် ဂဏန်း(၆)လုံး အစဉ်လိုက်တူပါက ထီပေါက်ပါသည်။
ထူးခြားသော ထီပေးသောစနစ်များ
သိန်း(၁၅၀၀)ဆုနှင့် သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တို့တွင်
အက္ခရာနှင့် ဂဏန်း(၆)လုံး အစဉ်လိုက်တူလျင် ထီပေါက်သည့်အပြင်
အခြား နည်းစနစ်များဖြင့်လည်း ဆုပေးလျက်ရှိပါသည်။
သိန်း(၁၅၀၀)ဆုတွင်
အက္ခရာနှင့် ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်တူပါက
အောင်ဘာလေ မိတ်သဟာပူးတွဲဆု(၅)သောင်းဆု ပေးပါသည်။
သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင်
အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံး အစဉ်လိုက်တူပါက (၁)သိန်းဆု
အက္ခရာနှင့် ရှေ့ဂဏန်း(၄)လုံး အစဉ်လိုက်တူပါက (၂)သိန်းဆု
အက္ခရာနှင့် ရှေ့ဂဏန်း(၅)လုံး အစဉ်လိုက်တူပါက (၃)သိန်းဆုနှင့်
အက္ခရာလွဲ ဂဏန်း(၆)လုံး အစဉ်လိုက်တူပါက (၁၀)သိန်းဆု
ပေးသောစနစ်များဖြင့် ထီဖွင့်လျက် ရှိကြောင်း ပထမဦးစွာ“သိ”ဖို့လိုပါသည်။
၂။ ထီကို ဘယ်လိုကံစမ်းရင် ပေါက်မလည်း၊ဘာဆုကိုပေါက်ချင်တာလည်းစသည်ဖြင့်
“သိ”ဖို့လိုပါသည်။
ထီပေါက်ဖို့ အလွယ်ဆုံးဆုမှာ သိန်း(၁၅၀၀)ဆုတွင် အက္ခရာနှင့် ရှေ့ဂဏန်း(၂)လုံး
အစဉ်လိုက်တူလျင် အောင်ဘာလေမိတ်သဟာပူးတွဲဆု (၅)သောင်းဆု ပေါက်ပါသည်။
အောင်ဘာလေမိတ်သဟာပူးတွဲဆုပေါက်ဖို့
အထူးမင်္ဂလာစုံတွဲ ကံစမ်းထားသူများအနေဖြင့် အက္ခရာ(က)မှ(အ)အထိ ကံစမ်းထားသဖြင့်“အက္ခရာ” မှာတူပြီး ဖြစ်ပါသည်။
ထီစီး(၁)မှ(၉)အထိ ထိပ်စီးစုံဖြင့် ဒုတိယဂဏန်း(၀)မှ(၉)အထိ
အထူးမင်္ဂလာစုံတွဲ(၉၀)တွဲ ထီကံစမ်းထားသူများအနေဖြင့်
အောင်ဘာလေ မိတ်သဟာ ပူးတွဲဆု ပေါက်နေပြီ ဖြစ်ပါသည်။
အက္ခရာနှင့် ရှေ့ဂဏန်း(၂)လုံးကို ငွေအားဖြင့် ထီကံစမ်းခြင်း ဖြစ်ပါသည်။
ထီပေါက်စဉ်တွင် ထွက်သောဆုအားလုံး အက္ခရာနှင့် ရှေ့ဂဏန်း(၂)လုံးတူသော
နည်းစနစ်ဖြစ်ပါသည်။
ကျန်ဂဏန်း(၄)လုံးမှာ ကံတိုက်ဖြစ်ပါသည်။
ငွေကြေးတတ်နိင်သူများအနေဖြင့် ကံစမ်းသင့်သော နည်းစနစ်ဖြစ်ပါသည်။
(ထီကတော့ပေါက်နေပါပြီ၊ဆုအသေးအကြီးကတော့ ကံတရားပါ။)
ဆရာ ဘုန်းမြင့်
ဝေဒ သုတေသီ-A.G.T.I(civil)
ဟောခန်း-အမှတ်(၃၅၂)၊အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက်၊
နေပြည်တော်။           
Email:sayaphonemyint.npt@gmail.com ဖုန်း-၀၉-၆၈၀၁၈၈၃၊FAX:067-432224
http://www.sayaphone.webs.com တွင်လည်းလေ့လာနိင်ပါသည်။(12.12.2012)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်