Monday, December 24, 2012

“ထီ”



ထီ
ဗေဒင်ကို ၀ါသနာပါသူ ဖြစ်ပါသည်။ထီပေါက်ခြင်းကို စိတ်ဝင်စားပါသည်။ထီပေါက်သူများကိုဝေဒနည်းပညာဖြင့် သုတေသနပြုလုပ် လေ့လာနိင်ရန်နှင့်ကိုယ်တိုင်အတွေ့အကြုံရရှိစေဖို့
အကြောင်းညီညွတ်သဖြင့် ၁၉၉၅ ခုနှစ် ပြည်မြို့တွင် ဟောခန်းဖွင့်ကာ ထီအကြံပြုပေးခြင်းနှင့်အကျိုးဆောင်ပေးခြင်း လုပ်ငန်းတို့ကို
 ဆောင်ရွက်ခဲ့ပါသည်။
ထီပေါက်သူများကို လေ့လာသောအခါ ၄င်းကာလငွေအမြောက်အများဝင်ကိန်းရှိသူများသာ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
နက္ခတ်ပညာကို စိတ်ဝင်းစားခြင်း
(၁၂)ရာသီးဂြိုလ်ပိုင်များကို လေ့လာသောအခါ (စသာရွေကူအင်းဝသူစံဖြူတတင်းပေး)စသည်ဖြင့်
တွေ့ရှိရပါသည်။ရာသီစိုးမိုးဂဏန်းများကိုလေ့လာသောအခါ(၃၆၄၂၁၄၆၃၅၀၇၅)စသည်ဖြင့်သာ
တွေ့ရှိရပါသည်။(၈)နှင့်(၉)တို့မပါဝင်ပါ။
ထီဂဏန်းတွင် (၀)မှ(၉)အထိရှိသဖြင့် ရာသီစိုးမိုးဂဏန်းဖြင့် ပြည့်စုံမှုမရှိကြောင်းလေ့လာတွေ့ရှိ
ရပါသည်။
ရာသီပိုင်နက္ခတ် (၂၇)လုံးရှိပြီး၊နက္ခတ်စိုးမိုးဂဏန်းများ(ကိတ်သူ၏ချစ်ဆုံးရင်မှာနုန်းလိမ့်)
(၉.၆.၁.၂.၃.၈.၅.၇-၀.၄)ဖြစ်သဖြင့်သချာင်္နည်းစနစ်ဖြင့် ပြည့်စုံသောကြောင့် နက္ခတ်ပညာကို ဆက်လက်လေ့လာခဲ့ပါသည်။
ရှေ့ဂဏန်း(၃)လုံး အကွက်(၂၂၀)ကို ပိုင်းခြားတွေ့ရှိခြင်း
၂၀၀၀ခုနှစ်တွင် ရှေ့ဂဏန်း(၃)လုံး အကွက်(၉၀၀)ရှိသည့်အနက်မှ အကြိမ်စဉ်အားကောင်းသော
ရှေ့ဂဏန်း(၃)လုံး အကွက်(၂၂၀)ကို ပိုင်းခြား ရှာဖွေ သိရှိခဲ့ပါသည်။
၎င်းအကွက်(၂၂၀)ထဲမှ ထီဂဏန်းများကို အကြံပြုရွေးချယ် ပေးသောအခါ ထီပေါက်ကြပါသည်။
ပထမနေရာ ဂဏန်းများကို ပိုင်းခြားတွေ့ရှိခြင်း
၂၀၁၁ ခုနှစ်တွင် ထီဖွင့်ပွဲဇာတာများကို လေ့လာသောအခါ ထီဖွင့်ပွဲဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်တို့၏(၅)တန့်ရာသီတွင် ရှိသော
 နက္ခတ်စိုးမိုးဂဏန်းများသည် ပထမနေရာ စိုးမိုးဂဏန်းများ
ဖြစ်နေကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
ပထမနေရာ ဂဏန်းများကို ပိုင်းခြားတွေ့ရှိခြင်း
၂၀၁၂ခုနှစ်တွင် ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ထီကံစမ်းသူ ဇာတာစန်းလဂ်နှင့် တနင်္ဂနွေဂြိုလ်တို့၏(၅)တန့်ရာသီတွင် ရှိသော နက္ခတ်စိုးမိုးဂဏန်းများသည် ပထမနေရာ စိုးမိုးဂဏန်းများ
 ဖြစ်နေကြကြောင်းကို လေ့လာတွေ့ရှိရပါသည်။
၂၀၁၂ ခုနှစ်တွင် ထီပေါက်နိင်သည့်အကြိမ်ကို လေ့လာတွေ့ရှိခြင်း
၂၀၁၂ ခုနှစ်တွင် ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်၏(၅)တန့်ရာသီတွင် ရှိသော နက္ခတ်စိုးမိုးဂဏန်းများနှင့်ထီပေါက်သူ ဇာတာစန်း၊လဂ်နှင့်
တနင်္ဂနွေဂြိုလ်တို့၏(၅)တန့်ရာသီတွင် ရှိသော နက္ခတ်စိုးမိုးဂဏန်း
များ တူညီတိုက်ဆိုင်သည့်အကြိမ်တွင် ထီပေါက်နေကြကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
၂၀၁၂ခုနှစ်တွင်အကျိုးပေး “စမ-အက္ခရာ”ကို တွေ့ရှိခြင်း
ထီအက္ခရာ(၃၃)လုံးရှိသည့်အနက်မှ မိမိမွေးသက္ကရာဇ်၊မွေးလ၊မွေးရက်နှင့်မွေးနေ့တို့၏
အကျိုးပေးစမ-အက္ခရာ(၄)လုံးသည် ဇာတာရှင်အတွက် ထီဆုကြီးများ ပေါက်နိင်သည့်
အကျိုးပေး အက္ခရာများ ဖြစ်နေကြောင်းကို ထီဆုကြီးပေါက်ဖူးသူများ၏ ဇာတာများကို
လေ့လာသဖြင့် သိရှိရပါသည်။
လူကြီးမင်း ထီကံစမ်းမည်ဆိုပါက
၁။ယခုကာလငွေအမြောက်အများဝင်ကိန်းရှိသူဖြစ်နေသူများ
၂။ ယခုကာလထီပေါက်နိင်သည့်အကြိမ်နှင့် တူညီတိုက်ဆိုင်နေခြင်း
၃။ မိမိအကျိုးပေး ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်တို့၏(၅)တန့်ရာသီတွင်ရှိသော
   ပထမနေရာစိုးမိုးဂဏန်းများကို ကံစမ်းထားဖို့ အကြံပြုအပ်ပါသည်။
ဆရာ ဘုန်းမြင့်
ဝေဒ သုတေသီ-A.G.T.I(civil)
ဟောခန်း-အမှတ်(၃၅၂)၊အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက်၊
နေပြည်တော်။
Email:sayaphonemyint.npt@gmail.com ဖုန်း-၀၉-၆၈၀၁၈၈၃၊FAX:067-432224
http://www.sayaphone.webs.com တွင်လည်းလေ့လာနိင်ပါသည်။(24.12.2012)



No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်