Monday, November 19, 2012

ထီကို ဘယ်လိုကံစမ်းရင် ပေါက်မလည်း အကြံပြုပေးခြင်း


ထီကိုဘယ်လိုကံစမ်းရင်ပေါက်မလည်း အကြံပြုပေးခြင်း

ငွေအမြောက်အများဝင်ကိန်းလည်း ရှိတယ်
ထီပေါက်နိင်သည့်အကြိမ်နှင့်လည်း တိုက်ဆိုင်နေတယ်
အင်တာနက် အထူးမင်္ဂလာစုံတွဲ (၉၀)တွဲလည်း ကံစမ်းတယ်
ထီလည်းမပေါက်ပါ။
မဲ(၁၀)လိပ်ထဲမှ(၁)လိပ်ကို(၉)ကြိမ်ထီကံစမ်းခြင်း ဖြစ်ပါသည်။
ဘာလို့ထီမပေါက်တာလည်း သိချင်သဖြင့် ထီကံစမ်းသည့် နည်းစနစ်ကို လေ့လာဖြစ်ပါသည်။
အင်တာနက် အထူးမင်္ဂလာစုံတွဲ ကံစမ်းခြင်းမှာ သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင်
ထီပေါက်ဖို့ စဉ်းစားရာတွင် မဲ(၁၀)လိပ်ထဲမှ(၁)လိပ်ကို(၉)ကြိမ် နှိုက်သည့် စနစ်ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
တတိယ ဂဏန်း(၁)လုံးတူလျင် ထီပေါက်သည့် နည်းစနစ်ဖြစ်ပါသည်။
သို့သော် ဖြစ်နိုင်ချေနှင့် တွက်လျင် မဲ(၂)လိပ်ထဲမှ (၁)လိပ်နှိုက်သလောက် အားမကောင်းသဖြင့် ထီမပေါက်ခြင်း ဖြစ်နေကြောင်းကို လက်တွေ့တွေ့ရှိရပါသည်။
ထို့ကြောင်း ထီကံစမ်းမည်ဆိုလျင် ငွေကြေးတတ်နိင်သူများ အနေဖြင့်
မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သည့် နည်းစနစ်ကို ကံစမ်းသင့်ပါကြောင်း
အကြံပြုရေးသားအပ်ပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်း(၃)လုံး ထိပ်စီးဖြင့် အထူးမင်္ဂလာစုံတွဲ (၃၀)တွဲကို ကံစမ်းခြင်း
(၂၈၆)ကြိမ်တွင် (၁.၂.၃)ထိပ် စန်းတနင်္လာဂြိုလ်၏(၅)တန့်ရာသီ စိုးမိုးဂဏန်းများ
သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် (ဍ-၁၅၂၄၇၂)(ဟ-၂၀၁၁၀၇)(ဂ-၂၇၉၉၀၂)နှင့်
(ဎ-၃၈၀၈၂၀)စသည်တို့ ထွက်ပါသည်။
နက္ခတ်စိုးမိုးဂဏန်း (၃)ခု(၁.၂.၃)ထိပ်စီးဖြင့် အထူးမင်္ဂလာစုံတွဲ(၃၀)တွဲကို
ဦးဇော်မိုးလွင် ပြည်အား ကံစမ်းဖို့ အကြံပြု ရွေးချယ်ပေးခဲ့ပါသည်။
(၂၈၆)ကြိမ်တွင် ဦးဇော်မိုးလွင် ထီမပေါက်ပါ။
ငွေအမြောက်အများဝင်ကိန်း ရှိပါသည်။
ထီပေါက်နိုင်သည့် အကြိမ်နှင့်လည်း တိုက်ဆိုင်နေပါသည်။
ပထမနေရာ နက္ခတ်စိုးမိုးဂဏန်းများလည်း ထိပ်စီးထွက်ပါသည်။
သို့သော် ထီကံစမ်းသည့် နည်းစနစ်လွဲနေသဖြင့် ထီမပေါက်ခြင်း ဖြစ်နေကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
၎င်းနည်းတူ နောက်တစ်ဦးကိုလည်း အကြံပြုပေးခဲ့ပါသည်။
(၂၈၆)ကြိမ် ထီဖွင့်ပွဲ လဂ်စီးနက္ခတ် ပထမနေရာ စိုးမိုးဂဏန်း(၄.၅.၇)ဖြစ်ပါသည်။
ဦးမျိုးကျော်လတ် ရမည်းသင်းမှ ဖြစ်ပါသည်။
(၄.၅.၇)ထိပ်စီး(၃)ခုဖြင့် အထူးမင်္ဂလာစုံတွဲ(၃၀)တွဲဖြစ်ပါသည်။
(၂၈၆)ကြိမ်တွင် (၄.၅.၇)ထိပ် လဂ်၏(၅)တန့်ရာသီ စိုးမိုးဂဏန်းများ
သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် (ခ-၄၅၇၁၀၅)(င-၄၉၅၅၆၅)(ထ-၅၇၁၉၉၃)နှင့်
(ဒ-၇၄၇၂၆၁)စသည်တို့ ထွက်ပါသည်။
နက္ခတ်စိုးမိုးဂဏန်း (၃)ခု(၄.၅.၇)ထိပ်စီးဖြင့် အထူးမင်္ဂလာစုံတွဲ(၃၀)တွဲကို
ဦးမျိုးကျော်လတ် ရမည်းသင်းအား ကံစမ်းဖို့ အကြံပြု ရွေးချယ်ပေးခဲ့ပါသည်။
(၂၈၆)ကြိမ်တွင် ဦးမျိုးကျော်လတ် ထီမပေါက်ပါ။
၎င်းတို့(၂)ဦး ထီမပေါက်ခြင်းနှင့်ပတ်သက်ပြီး သုတေသနပြုလုပ်လေ့လာဖြစ်ပါသည်။
၁။ ယခုကာလငွေအမြောက်အများ ၀င်ကိန်းရှိသူများ ဖြစ်နေခြင်း
၂။ ထီပေါက်နိုင်သည့် အကြိမ်နှင့်လည်း တိုက်ဆိုင်နေခြင်း
၃။ ပထမနေရာ နက္ခတ်စိုးမိုးဂဏန်းများကိုလည်း ကံစမ်းထားခြင်း
၎။ ထီကံစမ်းသည့် နည်းစံနစ် လွဲနေခြင်း
စသည့် အကြောင်းတရား(၄)ပါးတွင် (၃)ပါးပြည့်စုံသော်လည်း ထီကံစမ်းသည့် နည်းစနစ် လွဲနေသဖြင့် ထီမပေါက်ခြင်း ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ထီပေါက်နိုင်သည့် နည်းစနစ်ကို အကြံပြုပေးခြင်း
၁။ ယခုကာလ ငွေအမြောက်အများဝင်ကိန်း ရှိသူဖြစ်နေခြင်း
၂။ ထီပေါက်နိုင်သည့် အကြိမ်နှင့်လည်း တူညီတိုက်ဆိုင်နေပါက
မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သည့် နည်းစနစ်ကို ကံစမ်းဖို့ အကြံပြုအပ်ပါသည်။
မဲ(၁၀)လိပ်ထဲမှ (၁)လိပ်နှိုက်သည့် နည်းစနစ်ထက် မဲ(၂)လိပ်ထဲမှ (၁)လိပ်နှိုက်သည့်
နည်းစနစ်က ထီပေါက်ဖို့ ပိုမို ဖြစ်နိုင်ချေ ရှိနေပါသဖြင့် ပွင့်လင်းမြင်သာသော စနစ်နှင့်
ဖြစ်နိုင်ချေ နည်းစနစ်တို့ပေါင်းစပ်ပြီး `ဝေဒ´နည်းပညာကို အသုံးချတတ်ဖို့ အကြံပြု ရေးသားအပ်ပါသည်။
မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သည့် စနစ်
ထိပ်စီး (၁)ခုတွင် ရှေ့ဂဏန်း(၃)လုံးကို စဉ်းစားပါက အကွက်(၁၀၀)ရှိပါသည်။
၎င်း ရှေ့ဂဏန်း(၃)လုံး အကွက်(၁၀၀)ထဲမှရှေ့ဂဏန်း(၃)လုံး အကွက်(၅၀)စောင် 
အထူးမင်္ဂလာစုံတွဲ (၅၀)တွဲ ထီကံစမ်းခြင်း ဖြစ်ပါသည်။
မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သည့် စနစ်ဖြစ်သဖြင့် ထီပေါက်ဖို့ ဖြစ်နိုင်ချေ
ပိုမိုများပါသည်။
၁။  ယခုကာလ ငွေအမြောက်အများ ၀င်ကိန်းရှိသူများ ဖြစ်နေလျင်၎င်း
၂။ ယခုအကြိမ် ထီပေါက်နိင်သည့် အကြိမ်နှင့် တူညီတိုက်ဆိုင်နေပါက
ငွေကြေးတတ်နိင်သူများအနေဖြင့် မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သည့်စနစ်ကို
ကံစမ်းဖို့ အကြံပြုရေးသားအပ်ပါသည်။

ဆရာ ဘုန်းမြင့်
ဝေဒသုတေသီ-A.G.T.I.(civil)
ဟောခန်း=အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့် သပြေကုန်းရပ်ကွတ်
နေပြည်တော်။ FAX:067-414434, ph:09-420727866,09-6801883
Email:sayaphonemyint.npt@gmail.com
www.sayaphone.webs.com တွင်လည်း လေ့လာနိုင်ပါသည်။



No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်